Skip to main content
NCA လက္မွတ္မထိုးရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား လက္မွတ္ေရးထိုးရန္ အထူးလိုအပ္ေနဟု ဆို 
Ads Block

NCA လက္မွတ္မထိုးရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား လက္မွတ္ေရးထိုးရန္ အထူးလိုအပ္ေနဟု ဆို 

 

NCA လက္မွတ္မေရးထိုးရေသးေသာတိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔မ်ား လက္မွတ္ေရးထိုးရန္ အထူးလိုအပ္ေနေၾကာင္း ျပည္သူ႔လႊတ္ေတာ္၊ တိုင္းရင္းသားေရးရာႏွင့္ျပည္တြင္းျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီမွအတြင္းေရးမွဴး ဦးအင္ထုံးခါးေနာ္ဆမ္က တိုက္တြန္းလိုက္သည္။ 
ႏိုဝင္ဘာလ ၂၉ ရက္ကက်င္းပသည့္ ျပည္သူ႕လႊတ္ေတာ္အစည္းအေဝးတြင္ တိုင္းရင္းသားေရးရာနွင့္  ျပည္တြင္းျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေကာ္မတီ၏ႏွစ္ပတ္လည္အစီရင္ခံစာအားဖတ္ၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
“လက္မွတ္ထိုးထားတဲ့ အဖဲြ႕ ၁၀ ဖဲြ႕ရိွပါတယ္။ က်န္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွလည္း ဆက္လက္ လက္မွတ္ေရးထိုးႀကရန္အထူးလိုအပ္လ်က္ရွိပါတယ္”ဟု  ျပည္သူ႔လႊတ္ေတာ္၊ တိုင္းရင္းသားေရးရာႏွင့္ ျပည္တြင္းျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေကာ္မတီမွအတြင္းေရးမွဴး ဦးအင္ထုံးခါးေနာ္ဆမ္က ေျပာသည္။
အစီရင္ခံစာႏွင့္ပတ္သက္ၿပီး ေဆြးေႏြးလိုေသာလႊတ္ေတာ္ကုိယ္စားလွယ္မ်ားအေနျဖင့္ ဒီဇင္ဘာလ ၂ ရက္ ေနာက္ဆုံးထား၍ ျပည္သူ႔လႊတ္ေတာ္ရုံးညႊန္ႀကားေရးမွဴးခ်ဳပ္ထံအမည္စာရင္းေပးသြင္းရန္ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။
လက္ရိွတြင္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ ၁၀ ဖဲြ႔ရိွကာ က်န္တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ အပစ္ရပ္လက္မွတ္ ေရးထိုးႏိုင္ရန္ အစိုးရႏွင့္တပ္မေတာ္တို႔က ႀကိဳးပမ္းေနေၾကာင္း သိရသည္။

- အံ့ညီညီ- ေနျပည္ေတာ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

NCA လက်မှတ်မရေးထိုးရသေးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးရန် အထူးလိုအပ်နေကြောင်း ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီမှအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်က တိုက်တွန်းလိုက်သည်။ 
နိုဝင်ဘာလ ၂၉ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့်  ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာအားဖတ်ကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
“လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလည်း ဆက်လက် လက်မှတ်ရေးထိုးကြရန်အထူးလိုအပ်လျက်ရှိပါတယ်”ဟု  ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။
အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒီဇင်ဘာလ ၂ ရက် နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံအမည်စာရင်းပေးသွင်းရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိကာ ကျန်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ရန် အစိုးရနှင့်တပ်မတော်တို့က ကြိုးပမ်းနေကြောင်း သိရသည်။

- အံ့ညီညီ- နေပြည်တော် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။