Skip to main content
ေဆးေကာင္စီသည္ ၀င္ေငြရွာသည့္ေကာင္စီမဟုတ္ဟု က်န္းမာေရး/အားကစား၀န္ႀကီး ေျပာ 
Ads Block

ေဆးေကာင္စီသည္ ၀င္ေငြရွာသည့္ေကာင္စီမဟုတ္ဟု က်န္းမာေရး/အားကစား၀န္ႀကီး ေျပာ 

 

ေဆးေကာင္စီသည္ ၀င္ေငြရွာသည့္ေကာင္စီမဟုတ္သျဖင့္ ၀င္ေငြရွာရန္မလုိအပ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာၾကားလုိက္သည္။
ႏုိ၀င္ဘာလ ၂၉ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၄ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ႏုိင္ငံျခားသားဆရာ၀န္ဆုိရင္ အေမရိကန္ႏုိင္ငံသား၊ ၿဗိတိန္ႏုိင္ငံသားဆုိရင္ တစ္လကုိ ၆ သိန္းယူပါတယ္။ ဒီကိစၥကုိလည္း ကြ်န္ေတာ္ေဆးေကာင္စီဥကၠ႒နဲ႔ေဆြးေႏြးၿပီးပါၿပီ။ ဒါကုိ ကြ်န္ေတာ္လုံး၀ေလွ်ာ့ပါမယ္။ ဘာေၾကာင့္လဲ။ ေဆးေကာင္စီသည္ ၀င္ေငြရွာတဲ့ေကာင္စီမဟုတ္ပါဘူး။ ဆရာ၀န္ေတြရဲ႕စည္းကမ္း၊ က်င့္၀တ္နဲ႔ အားလုံးကုိထိန္းသိမ္းတဲ့ေကာင္စီျဖစ္တဲ့အတြက္ ၀င္ေငြရွာစရာမလုိပါဘူး။အဲဒီအတြက္ ဒီ ၆ သိန္းကုိလည္း ၅၀ ရာခုိင္ႏႈန္း(သုိ႔မဟုတ္)ဒီမွာေတာ့ အတိအက်ေျပာလုိ႔မရဘူး။ သုိ႔ေသာ္ ကြ်န္ေတာ္တုိ႔ အမ်ားႀကီးေလွ်ာ့ဖုိ႔ စဥ္းစားထားၿပိးပါၿပီ။ ထုိ႔အျပင္ ႏုိင္ငံျခားသားအျဖစ္ခံယူထားေသာ ျမန္မာျပည္ကုိျပန္လာတဲ့ အထူးကုဆရာ၀န္ေတြကုိ တစ္လကုိ ၃ သိန္းယူပါတယ္။ဒါကိုလည္း ကြ်န္ေတာ္တုိ႔ေလွ်ာ့ဖုိ႔ျပင္ထားၿပီးပါၿပီ။ ဒါကုိလည္းအျမန္ဆုံးေလွ်ာ့မယ့္အျပင္ အခုျဖစ္ေနတာကလာတာနဲ႔တစ္ခါတည္း ၃ လစာယူထားလုိက္တယ္။ ဆရာ၀န္က ၁ လနဲ႔လာလည္းယူထားလုိက္တယ္။ တစ္ရက္နဲ႔လည္းယူထားလုိက္တယ္။ ဒါက တကယ့္တကယ္ေတာ့ သိပ္ၿပီးေတာ့မေကာင္းဘူး။ ဆုိလုိတာကအနည္းဆုံး ၁ လစာေတာ့ယူပါမယ္” ဟု က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။
ေျမာက္ဥကၠလာပမဲဆႏၵနယ္မွျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာသန္း၀င္း ေမးျမန္းေသာ “ျမန္မာႏုိင္ငံတြင္ P.R ရရွိၿပီးသူ၊ မူလ ျမန္မာႏုိင္ငံဖြားဆရာ၀န္ႀကီးမ်ားႏွင့္ပတ္သက္၍ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈမ်ားကုိ တျခားႏုိင္ငံမ်ားကဲ့သုိ႔ေျဖေလွ်ာ့ေပးရန္အစီအစဥ္ရွိ၊မရွိေမးခြန္းအေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏုိင္ငံသုိ႔လာေရာက္သည့္ ေဆးဘက္ဆုိင္ရာဆရာ၀န္ႀကီးမ်ားအေနျဖင့္ ျမန္မာႏုိင္ငံေဆးေကာင္စီတြင္ ဥပေဒအရမွတ္ပုံတင္ရၿပီး သတ္မွတ္ေငြေၾကးမ်ားကုိေပးသြင္းရေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဆေးကောင်စီသည် ဝင်ငွေရှာသည့်ကောင်စီမဟုတ်သဖြင့် ဝင်ငွေရှာရန်မလိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။
နိုဝင်ဘာလ ၂၉ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံခြားသားဆရာဝန်ဆိုရင် အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသားဆိုရင် တစ်လကို ၆ သိန်းယူပါတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်ဆေးကောင်စီဥက္ကဋ္ဌနဲ့ဆွေးနွေးပြီးပါပြီ။ ဒါကို ကျွန်တော်လုံးဝလျှော့ပါမယ်။ ဘာကြောင့်လဲ။ ဆေးကောင်စီသည် ဝင်ငွေရှာတဲ့ကောင်စီမဟုတ်ပါဘူး။ ဆရာဝန်တွေရဲ့စည်းကမ်း၊ ကျင့်ဝတ်နဲ့ အားလုံးကိုထိန်းသိမ်းတဲ့ကောင်စီဖြစ်တဲ့အတွက် ဝင်ငွေရှာစရာမလိုပါဘူး။အဲဒီအတွက် ဒီ ၆ သိန်းကိုလည်း ၅၀ ရာခိုင်နှုန်း(သို့မဟုတ်)ဒီမှာတော့ အတိအကျပြောလို့မရဘူး။ သို့သော် ကျွန်တော်တို့ အများကြီးလျှော့ဖို့ စဉ်းစားထားပြိးပါပြီ။ ထို့အပြင် နိုင်ငံခြားသားအဖြစ်ခံယူထားသော မြန်မာပြည်ကိုပြန်လာတဲ့ အထူးကုဆရာဝန်တွေကို တစ်လကို ၃ သိန်းယူပါတယ်။ဒါကိုလည်း ကျွန်တော်တို့လျှော့ဖို့ပြင်ထားပြီးပါပြီ။ ဒါကိုလည်းအမြန်ဆုံးလျှော့မယ့်အပြင် အခုဖြစ်နေတာကလာတာနဲ့တစ်ခါတည်း ၃ လစာယူထားလိုက်တယ်။ ဆရာဝန်က ၁ လနဲ့လာလည်းယူထားလိုက်တယ်။ တစ်ရက်နဲ့လည်းယူထားလိုက်တယ်။ ဒါက တကယ့်တကယ်တော့ သိပ်ပြီးတော့မကောင်းဘူး။ ဆိုလိုတာကအနည်းဆုံး ၁ လစာတော့ယူပါမယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။
မြောက်ဥက္ကလာပမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း မေးမြန်းသော “မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ၊ မူလ မြန်မာနိုင်ငံဖွားဆရာဝန်ကြီးများနှင့်ပတ်သက်၍ ကန့်သတ်ချုပ်ချယ်မှုများကို တခြားနိုင်ငံများကဲ့သို့ဖြေလျှော့ပေးရန်အစီအစဉ်ရှိ၊မရှိမေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့လာရောက်သည့် ဆေးဘက်ဆိုင်ရာဆရာဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီတွင် ဥပဒေအရမှတ်ပုံတင်ရပြီး သတ်မှတ်ငွေကြေးများကိုပေးသွင်းရကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။