Skip to main content
ျမန္မာဘက္က တုိက္ပြဲေတြေၾကာင့္ ထုိင္းက ဘုရားသုံးဆူ နယ္စပ္ဂိတ္ကုိ ပိတ္ထားဟုဆုိ 
Ads Block

ျမန္မာဘက္က တုိက္ပြဲေတြေၾကာင့္ ထုိင္းက ဘုရားသုံးဆူ နယ္စပ္ဂိတ္ကုိ ပိတ္ထားဟုဆုိ 

 

ျမန္မာဘက္ျခမ္းမွာ တပ္မေတာ္နဲ႕ မြန္လက္နက္ကုိင္တပ္အၾကား တုိက္ပြဲေတြ ဆက္ျဖစ္ေနတာေၾကာင့္ ထုိင္းဘက္ကုိ ကၽြံမ၀င္လာေစေရးအတြက္ ေသာၾကာေန ့က ဆန္ခလညဘူရီခရုိင္ရွိ နယ္စပ္မွာ ထုိင္းစစ္သားေတြ လုံၿခဳံေရးယူထားေၾကာင္း၊ ဒါေပမဲ့လည္း ေရႊ႕ေျပာင္းလုပ္သားေတြကုိေတာ့ ၀င္ခြင့္ျပဳထားေၾကာင္း ဒီေန ့(ႏုိ၀င္ဘာ ၂၉) ဘန္ေကာက္ပုိ ့စ္ သတင္းမွာ ေဖာ္ျပပါတယ္။ 
ဗုဒၶဟူးေန ့က နယ္စပ္အနီးမွာ တပ္မေတာ္နဲ႕ မြန္လက္နက္ကုိင္ေတြ ထိေတြ႕တုိက္ပြဲေတြ စျဖစ္ခဲ့ၿပီးေနာက္မွာ ဘုရားသုံးဆူ နယ္စပ္ဂိတ္၀န္းက်င္မွာ Surasi Task Force မွ တပ္စိတ္ေတြ ခ်ထားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ထုိင္း ခရီးသြားေတြကုိ နယ္စပ္ျဖတ္ခြင့္ ပိတ္ပင္ထားကာ ေဒသဆုိင္ရာ ေစ်းဆုိင္ေတြနဲ႕ ခရီးသြားဆုိင္ရာဌာနေတြကုိလည္း ပိတ္ထားတယ္လုိ ့ ဆုိပါတယ္။ လုံၿခဳံေရးစခန္းေတြနား မသြားေရာက္ၾကဖုိ ့လည္း ခရီးသြားေတြကုိ အႀကံျပဳထားေၾကာင္း သိရပါတယ္။ 
အလုပ္အတြက္ သြားလာၾကတဲ့ ျမန္မာႏုိင္ငံသားေတြကုိ လမ္းေၾကာင္းတစ္ခုတည္းကသာ ထုိင္းစစ္သားေတြက ျဖတ္သန္းခြင့္ေပးထားၿပီး နယ္စပ္ကုန္သြယ္မႈအတြက္ ပုံမွန္ျဖတ္သန္းမႈေတြနဲ႕ ယာဥ္ေတြသြားလာတဲ့ လမ္းေၾကာင္းကုိေတာ့ ပိတ္ထားဆဲျဖစ္ေၾကာင္း သိရပါတယ္။ 
တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ မြန္ေက်းရြာႏွစ္ရြာမွ ေဒသခံ ၁၀၀၀ ခန္ ့ကုိ ဆန္ခလာဘူရီခရုိင္ ေနာင္လုၿမိဳ႕ေဒသမွာ ခုိလႈံခြင့္ေပးထားတယ္လုိ ့ ဆုိပါတယ္။ ယင္း စစ္ေျပးဒုကၡသည္ေတြကုိ ေဒသဆုိင္ရာ တာ၀န္ရွိသူေတြ၊ ၾကက္ေျခနီနဲ႕ က်န္းမာေရး အဖြဲ႕အစည္းေတြက ေစာင့္ေရွာက္မႈေပးေနေၾကာင္း သိရပါတယ္။ 
 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) -

Unicode Version

 

မြန်မာဘက်ခြမ်းမှာ တပ်မတော်နဲ့ မွန်လက်နက်ကိုင်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ထိုင်းဘက်ကို ကျွံမဝင်လာစေရေးအတွက် သောကြာနေ့က ဆန်ခလညဘူရီခရိုင်ရှိ နယ်စပ်မှာ ထိုင်းစစ်သားတွေ လုံခြုံရေးယူထားကြောင်း၊ ဒါပေမဲ့လည်း ရွှေ့ပြောင်းလုပ်သားတွေကိုတော့ ဝင်ခွင့်ပြုထားကြောင်း ဒီနေ့(နိုဝင်ဘာ ၂၉) ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ 
ဗုဒ္ဓဟူးနေ့က နယ်စပ်အနီးမှာ တပ်မတော်နဲ့ မွန်လက်နက်ကိုင်တွေ ထိတွေ့တိုက်ပွဲတွေ စဖြစ်ခဲ့ပြီးနောက်မှာ ဘုရားသုံးဆူ နယ်စပ်ဂိတ်ဝန်းကျင်မှာ Surasi Task Force မှ တပ်စိတ်တွေ ချထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ထိုင်း ခရီးသွားတွေကို နယ်စပ်ဖြတ်ခွင့် ပိတ်ပင်ထားကာ ဒေသဆိုင်ရာ ဈေးဆိုင်တွေနဲ့ ခရီးသွားဆိုင်ရာဌာနတွေကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ လုံခြုံရေးစခန်းတွေနား မသွားရောက်ကြဖို့လည်း ခရီးသွားတွေကို အကြံပြုထားကြောင်း သိရပါတယ်။ 
အလုပ်အတွက် သွားလာကြတဲ့ မြန်မာနိုင်ငံသားတွေကို လမ်းကြောင်းတစ်ခုတည်းကသာ ထိုင်းစစ်သားတွေက ဖြတ်သန်းခွင့်ပေးထားပြီး နယ်စပ်ကုန်သွယ်မှုအတွက် ပုံမှန်ဖြတ်သန်းမှုတွေနဲ့ ယာဉ်တွေသွားလာတဲ့ လမ်းကြောင်းကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။ 
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မွန်ကျေးရွာနှစ်ရွာမှ ဒေသခံ ၁၀၀၀ ခန့်ကို ဆန်ခလာဘူရီခရိုင် နောင်လုမြို့ဒေသမှာ ခိုလှုံခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ယင်း စစ်ပြေးဒုက္ခသည်တွေကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ ကြက်ခြေနီနဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေက စောင့်ရှောက်မှုပေးနေကြောင်း သိရပါတယ်။ 
 

-ကိုလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။