Skip to main content
ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ စားသံုးရန္မသင့္သည့္မုန္႔မ်ားေရာင္းခ်ျခင္းကို ဒုတိယအႀကိမ္ေတြ႔ရွိပါက ေရာင္းခ်ခြင့္ပိတ္သိမ္းမည္ 
Ads Block

ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ စားသံုးရန္မသင့္သည့္မုန္႔မ်ားေရာင္းခ်ျခင္းကို ဒုတိယအႀကိမ္ေတြ႔ရွိပါက ေရာင္းခ်ခြင့္ပိတ္သိမ္းမည္ 

 

ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ စားသံုးရန္မသင့္သည့္မုန္႔မ်ားကိုေရာင္းခ်ျခင္းေတြ႔ရွိပါက ပထမအႀကိမ္တြင္သတိေပးျခင္း၊ ခံဝန္လက္မွတ္ေရးထိုးခိုင္းၿပီး ဒုတိယအႀကိမ္တြင္ ေရာင္းခ်ခြင့္ ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခု ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္မွစတင္ကာ စီမံခ်က္ျဖင့္ အေျခခံပညာစာသင္ေက်ာင္းမ်ားတြင္ စားသံုးရန္မသင့္သည့္ အသင့္စားမုန္႔ထုပ္မ်ားကို ေရာင္းခ်ခြင့္မျပဳေတာ့ေၾကာင္း သိရသည္။
“တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ ဒီစီမံခ်က္ကို ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။ အေျခခံပညာဦးစီးဌာနနဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္တာျဖစ္ပါတယ္။ FDA ကလည္း ကြ်န္ေတာ္တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေျပာပါတယ္။ ဒီမုန္႔ေတြက အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ထိုင္းနဲ႔တရုတ္က အမ်ားဆံုးဝင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီနယ္စပ္ဂိတ္ေတြမွာစစ္ေဆးဖို႔အတြက္ လာမယ့္ဒီဇင္ဘာလမွာ ျမဝတီနယ္စပ္ဂိတ္မွာ စစ္ေဆးဂိတ္တစ္ခု ဖြင့္မယ္။ ၂၀၂၀ က်မွ မူဆယ္ဘက္မွာ ဖြင့္မယ္”ဟု ျမန္မာႏိုင္ငံစားသံုးသူကာကြယ္ေရးအသင္းမွဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂံုၿမိဳ႕နယ္ရွိ စာသင္ေက်ာင္း ၂ ေက်ာင္းတြင္ စတင္စစ္ေဆးေနၿပီျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံတြင္ အေျခခံပညာစာသင္ေက်ာင္းေပါင္း ၇၀၀၀၀ ေက်ာ္ရွိၿပီးေက်ာင္းသားဦးေရ ၉ ဒႆမ ၇ သန္း ရွိေၾကာင္း သိရသည္။

-  စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သည့်မုန့်များကိုရောင်းချခြင်းတွေ့ရှိပါက ပထမအကြိမ်တွင်သတိပေးခြင်း၊ ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ဒုတိယအကြိမ်တွင် ရောင်းချခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှစတင်ကာ စီမံချက်ဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် စားသုံးရန်မသင့်သည့် အသင့်စားမုန့်ထုပ်များကို ရောင်းချခွင့်မပြုတော့ကြောင်း သိရသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီစီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ FDA ကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။ ဒီမုန့်တွေက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနဲ့တရုတ်က အများဆုံးဝင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနယ်စပ်ဂိတ်တွေမှာစစ်ဆေးဖို့အတွက် လာမယ့်ဒီဇင်ဘာလမှာ မြဝတီနယ်စပ်ဂိတ်မှာ စစ်ဆေးဂိတ်တစ်ခု ဖွင့်မယ်။ ၂၀၂၀ ကျမှ မူဆယ်ဘက်မှာ ဖွင့်မယ်”ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၇၀၀၀၀ ကျော်ရှိပြီးကျောင်းသားဦးရေ ၉ ဒဿမ ၇ သန်း ရှိကြောင်း သိရသည်။

-  စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။