Skip to main content
အုပ္စုဖြဲ႕ မုဒိမ္းက်င့္မႈျဖင့္ ေကေပါ့ပ္ အႏုပညာရွင္ႏွစ္ဦးကုိ ေထာင္ဒဏ္ခ်မွတ္လုိက္ၿပီ 
Ads Block

အုပ္စုဖြဲ႕ မုဒိမ္းက်င့္မႈျဖင့္ ေကေပါ့ပ္ အႏုပညာရွင္ႏွစ္ဦးကုိ ေထာင္ဒဏ္ခ်မွတ္လုိက္ၿပီ 

 

ေတာင္ကုိရီးယားႏုိင္ငံမွာ ေကေပါ့ပ္ အႏုပညာရွင္ေတြ ပါ၀င္တဲ့ အရႈပ္ေတာ္ပုံတစ္ခု ေပါက္ၾကားခဲ့အၿပီး တစ္ႏွစ္အၾကာမွာ အမ်ဳိးသားအႏုပညာရွင္ႏွစ္ဦးျဖစ္တဲ့ ဂ်န္ဂၽြန္းယန္းနဲ႕ ခၽြဳိင္ဂၽြန္ဟြန္းတုိ ့ကုိ လိင္ပုိင္းဆုိင္ရာ ျပစ္မႈေတြနဲ႕ ျပစ္ဒဏ္ခ်မွတ္လုိက္ၿပီျဖစ္ပါတယ္။ 
ဒီေန ့(ႏုိ၀င္ဘာ ၂၉) မွာ ဆုိးလ္ၿမိဳ႕ရွိ တရားရုံးတစ္ခုက ဂ်န္ကုိ ေထာင္ဒဏ္ ၆ ႏွစ္၊ ခၽြဳိင္ကုိေတာ့ ေထာင္ဒဏ္ ၅ ႏွစ္ အသီးသီး ခ်မွတ္ခဲ့ပါတယ္။ 
၄င္းတုိ ့ႏွစ္ဦးဟာ လိင္ပုိင္းဆုိင္ရာ က်ဴးလြန္မႈေျမာက္တဲ့ အသိပညာေပးသင္တန္းကုိ နာရီ ၈၀ တက္ေရာက္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကေလးသူငယ္ေတြ၊ ဆယ္ေက်ာ္သက္ေတြနဲ႕ လက္တြဲေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္းေတြနဲ႕ လုပ္ငန္းေဆာင္ရြက္ခြင့္ ၅ ႏွစ္ ပိတ္ပင္ခံရမွာလည္းျဖစ္ပါတယ္။ 
၄င္းတုိ ့ႏွစ္ဦးဟာ ၂၀၁၆  ခုႏွစ္ ဇန္န၀ါရီလက အမ်ဳိးသမီးတစ္ဦးကုိ အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခဲ့မႈ စြဲခ်က္ေတြနဲ႕ ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။ ေတးေရး-ေတးဆုိျဖစ္တဲ့ ဂ်န္ဟာ သူနဲ႕ အျခား အမ်ဳိးသမီးေတြ ဆက္ဆံခဲ့မႈကုိ ဗီဒီယုိရုိက္ၿပီး အမ်ဳိးသမီးေတြရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ chartroom မွတဆင့္ အျခား အႏုပညာရွင္ေတြကုိ မွ်ေ၀ေပးပုိ ့မႈေတြလုပ္ခဲ့ပါတယ္။ ယင္း chartroom မွာ BigBang အဖြဲ႕၀င္ေဟာင္း ဆန္ဂရီလည္း ပါ၀င္ေနတယ္လုိ ့ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ 
၂၀၁၆  ခုႏွစ္က ယင္းအမႈျဖစ္စဥ္မွာ ပါ၀င္ခဲ့တဲ့ အမ်ဳိးသမီးက သူမဟာ အမ်ဳိးသားအခ်ဳိ႕နဲ႕ အရက္ေသာက္စားခဲ့ၿပီးေနာက္ သတိလစ္သြားခဲ့ေၾကာင္း ယခုႏွစ္ အေစာပုိင္းမွာ ထုတ္ေဖာ္ဖြင့္ခ်ခဲ့တာျဖစ္ပါတယ္။ သူ သတိရလာခ်ိန္ ကုိယ္လုံးတီးျဖစ္ေနၿပီး သူမေနာက္မွာရွိေနတဲ့ ဂၽြန္ဟြန္းက ရယ္ေမာေနခဲ့ေၾကာင္း၊နဲ႕ ဘာေတြျဖစ္ခဲ့တာလည္းလုိ ့ သူမက ေမးခဲ့ေၾကာင္း ဆုိပါတယ္။ သူတုိ ့က ရယ္ေမာရင္း မင္းဘာမွ သတိမရဘူးလားလုိ ့ ျပန္ေမးခဲ့ၾကေၾကာင္း သိရပါတယ္။ 
ဂ်န္က ေျပာဆုိရာမွာ သူမဟာ အရက္အမူးလြန္ေနခဲ့တာျဖစ္ၿပီး လိင္ကိစၥဟာ အားလုံးသေဘာတူလုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္လုိ ့ ထြက္ဆုိခဲ့ပါတယ္။ ခၽြဳိင္ကေတာ့ ျဖစ္ခဲ့တာေတြကုိ သူ မမွတ္မိေတာ့ေၾကာင္းနဲ႕ သူ႕အေနနဲ႕ အမ်ဳိးသမီးနဲ႕ လိင္ဆက္ဆံခဲ့ျခင္းမရွိေၾကာင္း ေခ်ပ ေျပာဆုိခဲ့ပါတယ္။ ဆက္ဆံေနစဥ္အတြင္း ဗီဒီယုိ မွတ္တမ္းတင္ခဲ့တာကုိ အမ်ဳိးသမီးက ျငင္းဆန္ျခင္းမလုပ္ခဲ့ဘူးလုိ ့လည္း ဂ်န္က ေျပာဆုိခဲ့ပါတယ္။ 
ေကေပါ့ပ္ အရႈပ္ေတာ္ပုံမွာ ပါ၀င္ဖြယ္ရွိတဲ့ အႏုပညာရွင္ေတြနဲ႕ ပတ္သက္ၿပီး ေရာ္ရမ္းမွန္းဆေျပာဆုိမႈေတြထြက္ခဲ့ကာ နာမည္ေက်ာ္ အမ်ဳိးသား ဂီတအဖြဲ႕ EXO နဲ႕ အမ်ဳိးသမီးအဖြဲ႕ Twice တုိ ့အေပၚ စြပ္စြဲတာေတြလည္းရွိခဲ့ပါတယ္။ ယင္းအတြက္ေၾကာင့္ ၄င္းတုိ ့အေပၚ မဟုတ္တမ္းတရားေျပာဆုိသူေတြကုိ တရားစြဲသြားမယ္လုိ ့ ယင္း အဖြဲ႕ေတြက ၿခိမ္းေျခာက္ခဲ့ၾကပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : The Straits Times 

Unicode Version

 

တောင်ကိုရီးယားနိုင်ငံမှာ ကေပေါ့ပ် အနုပညာရှင်တွေ ပါဝင်တဲ့ အရှုပ်တော်ပုံတစ်ခု ပေါက်ကြားခဲ့အပြီး တစ်နှစ်အကြာမှာ အမျိုးသားအနုပညာရှင်နှစ်ဦးဖြစ်တဲ့ ဂျန်ဂျွန်းယန်းနဲ့ ချွိုင်ဂျွန်ဟွန်းတို့ကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ 
ဒီနေ့(နိုဝင်ဘာ ၂၉) မှာ ဆိုးလ်မြို့ရှိ တရားရုံးတစ်ခုက ဂျန်ကို ထောင်ဒဏ် ၆ နှစ်၊ ချွိုင်ကိုတော့ ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။ 
၎င်းတို့နှစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမြောက်တဲ့ အသိပညာပေးသင်တန်းကို နာရီ ၈၀ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းဆောင်ရွက်ခွင့် ၅ နှစ် ပိတ်ပင်ခံရမှာလည်းဖြစ်ပါတယ်။ 
၎င်းတို့နှစ်ဦးဟာ ၂၀၁၆  ခုနှစ် ဇန်နဝါရီလက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့မှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ တေးရေး-တေးဆိုဖြစ်တဲ့ ဂျန်ဟာ သူနဲ့ အခြား အမျိုးသမီးတွေ ဆက်ဆံခဲ့မှုကို ဗီဒီယိုရိုက်ပြီး အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်မရှိဘဲ chartroom မှတဆင့် အခြား အနုပညာရှင်တွေကို မျှဝေပေးပို့မှုတွေလုပ်ခဲ့ပါတယ်။ ယင်း chartroom မှာ BigBang အဖွဲ့ဝင်ဟောင်း ဆန်ဂရီလည်း ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 
၂၀၁၆  ခုနှစ်က ယင်းအမှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးက သူမဟာ အမျိုးသားအချို့နဲ့ အရက်သောက်စားခဲ့ပြီးနောက် သတိလစ်သွားခဲ့ကြောင်း ယခုနှစ် အစောပိုင်းမှာ ထုတ်ဖော်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ သူ သတိရလာချိန် ကိုယ်လုံးတီးဖြစ်နေပြီး သူမနောက်မှာရှိနေတဲ့ ဂျွန်ဟွန်းက ရယ်မောနေခဲ့ကြောင်း၊နဲ့ ဘာတွေဖြစ်ခဲ့တာလည်းလို့ သူမက မေးခဲ့ကြောင်း ဆိုပါတယ်။ သူတို့က ရယ်မောရင်း မင်းဘာမှ သတိမရဘူးလားလို့ ပြန်မေးခဲ့ကြကြောင်း သိရပါတယ်။ 
ဂျန်က ပြောဆိုရာမှာ သူမဟာ အရက်အမူးလွန်နေခဲ့တာဖြစ်ပြီး လိင်ကိစ္စဟာ အားလုံးသဘောတူလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ချွိုင်ကတော့ ဖြစ်ခဲ့တာတွေကို သူ မမှတ်မိတော့ကြောင်းနဲ့ သူ့အနေနဲ့ အမျိုးသမီးနဲ့ လိင်ဆက်ဆံခဲ့ခြင်းမရှိကြောင်း ချေပ ပြောဆိုခဲ့ပါတယ်။ ဆက်ဆံနေစဉ်အတွင်း ဗီဒီယို မှတ်တမ်းတင်ခဲ့တာကို အမျိုးသမီးက ငြင်းဆန်ခြင်းမလုပ်ခဲ့ဘူးလို့လည်း ဂျန်က ပြောဆိုခဲ့ပါတယ်။ 
ကေပေါ့ပ် အရှုပ်တော်ပုံမှာ ပါဝင်ဖွယ်ရှိတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ရော်ရမ်းမှန်းဆပြောဆိုမှုတွေထွက်ခဲ့ကာ နာမည်ကျော် အမျိုးသား ဂီတအဖွဲ့ EXO နဲ့ အမျိုးသမီးအဖွဲ့ Twice တို့အပေါ် စွပ်စွဲတာတွေလည်းရှိခဲ့ပါတယ်။ ယင်းအတွက်ကြောင့် ၎င်းတို့အပေါ် မဟုတ်တမ်းတရားပြောဆိုသူတွေကို တရားစွဲသွားမယ်လို့ ယင်း အဖွဲ့တွေက ခြိမ်းခြောက်ခဲ့ကြပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : The Straits Times 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။