Skip to main content
ၿငိမ္းခ်မ္းေရးရရွိၿပီးပါက တိုင္းရင္းသားမ်ားအတြက္သင့္ေတာ္သည့္အလုပ္အကိုင္မ်ားရရွိေရး လုပ္ေဆာင္မည္
Ads Block

ၿငိမ္းခ်မ္းေရးရရွိၿပီးပါက တိုင္းရင္းသားမ်ားအတြက္သင့္ေတာ္သည့္အလုပ္အကိုင္မ်ားရရွိေရး လုပ္ေဆာင္မည္

 

ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ၀င္ေရာက္ကူညီၿပီး ၿငိမ္းခ်မ္းေရးရရွိၿပီးပါကလည္း တိုင္းရင္းသားမ်ားအတြက္သင့္ေတာ္သည့္အလုပ္အကိုင္မ်ားရရွိေရး ျမန္မာႏုိင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM)မွ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ 
ရန္ကုန္ၿမိဳ႕၊ Grand Mercury Hotel တြင္ ႏုိ၀င္ဘာလ (၂၉)ရက္ကက်င္းပသည့္ ျမန္မာႏုိင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM)၏ ဒုတိယအႀကိမ္ေျမာက္ညီလာခံတြင္ အထက္ပါအတိုင္းေျပာျခင္း ျဖစ္သည္။
“ကၽြန္ေတာ္တိ္ု႔ CTUM ဟာ လူတိုင္းအတြက္ လူမႈဖူလံုေရးနဲ႔လူမႈကာကြယ္ေစာင့္ေရွာက္ေရးအတြက္ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးနဲ႔က်န္းမာေရး၊ အထူးသျဖင့္ လုပ္ငန္းခြင္အတြင္းအလုပ္ရွင္၊ အလုပ္သမားဆက္ဆံေရး၊ တည္ေဆာက္ျခင္းစတာေတြကိုျမွင့္တင့္ႏုိင္ဖို႔ အလုပ္ေတြပိုမိုလုပ္ရဦးမွာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ကအမ်ိဳးသားအဆင့္ေတြ႕ဆံုေဆာင္ရြက္မႈကိုလုပ္ေဆာင္ခဲ့ၿပီး ဒီအလုပ္ေတြကိုလုပ္တဲ့အခါ ပိုၿပီးအားရွိလာမယ္လို႕ထင္ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔အေနနဲ႔တစ္ႏုိင္ငံလံုးၿငိမ္းခ်မ္းေရးရရွိေအာင္ လုပ္ေဆာင္တဲ့ေနရာမွာပါ၀င္ကူညီမွာျဖစ္သလို ၿငိမ္းခ်မ္းေရးရၿပီးကာလမွာလည္း တိုင္းရင္းသားေတြ သင့္ေတာ္တဲ့အလုပ္အကိုင္မ်ားရရွိေရးကို လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။”ဟု ျမန္မာႏုိင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွဥကၠ႒ ဦးေမာင္ေမာင္ကေျပာသည္။
ျမန္မာႏုိင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM)သည္ အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားအၾကား ျဖစ္ပြားေနေသာျပႆနာမ်ားကို ၾကား၀င္ေျဖရွင္းေပးေနေသာ အစိုးရမဟုတ္သည့္အဖြဲ႕အစည္းျဖစ္သည္။
ျမန္မာႏုိင္ငံတြင္ အလုပ္သမားဦးေရ(၂၂)သန္းရွိၿပီး လူဦးေရ၏ ၄၈ ရာခိုင္ႏႈန္းသည္ လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ လုပ္ကိုင္ေနၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်ကူညီပြီး ငြိမ်းချမ်းရေးရရှိပြီးပါကလည်း တိုင်းရင်းသားများအတွက်သင့်တော်သည့်အလုပ်အကိုင်များရရှိရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်မြို့၊ Grand Mercury Hotel တွင် နိုဝင်ဘာလ (၂၉)ရက်ကကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် အထက်ပါအတိုင်းပြောခြင်း ဖြစ်သည်။
“ကျွန်တော်တို့ CTUM ဟာ လူတိုင်းအတွက် လူမှုဖူလုံရေးနဲ့လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေး၊ အထူးသဖြင့် လုပ်ငန်းခွင်အတွင်းအလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး၊ တည်ဆောက်ခြင်းစတာတွေကိုမြှင့်တင့်နိုင်ဖို့ အလုပ်တွေပိုမိုလုပ်ရဦးမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကအမျိုးသားအဆင့်တွေ့ဆုံဆောင်ရွက်မှုကိုလုပ်ဆောင်ခဲ့ပြီး ဒီအလုပ်တွေကိုလုပ်တဲ့အခါ ပိုပြီးအားရှိလာမယ်လို့ထင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်တဲ့နေရာမှာပါဝင်ကူညီမှာဖြစ်သလို ငြိမ်းချမ်းရေးရပြီးကာလမှာလည်း တိုင်းရင်းသားတွေ သင့်တော်တဲ့အလုပ်အကိုင်များရရှိရေးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှဥက္ကဋ္ဌ ဦးမောင်မောင်ကပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)သည် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပွားနေသောပြဿနာများကို ကြားဝင်ဖြေရှင်းပေးနေသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဦးရေ(၂၂)သန်းရှိပြီး လူဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။