Skip to main content
ဖီဖာ အဆင့္ သတ္မွတ္ခ်က္မွာ ျမန္မာ အမ်ဳိးသားေဘာလုံးအသင္း ၁၁ ဆင့္ ခုန္တက္ခဲ့ကာ ထုိင္း အသင္း ၄ ဆင့္ ျပဳတ္က် 
Ads Block

ဖီဖာ အဆင့္ သတ္မွတ္ခ်က္မွာ ျမန္မာ အမ်ဳိးသားေဘာလုံးအသင္း ၁၁ ဆင့္ ခုန္တက္ခဲ့ကာ ထုိင္း အသင္း ၄ ဆင့္ ျပဳတ္က် 

 

ကမာၻ႕ေဘာလုံးအဖြဲ႕ခ်ဳပ္-ဖီဖာက ႏုိင္၀င္ဘာလအတြက္ ေနာက္ဆုံး ထုတ္ျပန္လုိက္တဲ့ ကမာၻ႕အဆင့္သတ္မွတ္ခ်က္မွာ ျမန္မာလက္ေရြးစင္အသင္းက ၁၁ ဆင့္အထိ ခုန္တက္ခဲ့ကာ အဆင့္ ၁၃၆ ေနရာ ေရာက္ရွိခဲ့ေၾကာင္း Fox Sports သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။ 
ကမာၻ႕အဆင့္ သတ္မွတ္ခ်က္မွာ အေျပာင္းအလဲ ႀကီးႀကီးမား မရွိႏုိင္ဘူးလုိ ့ ေမွ်ာ္လင့္ထားတဲ့ အတုိင္းပဲ ထြက္လာခဲ့ၿပီး ဘယ္ဂ်ီယံ လက္ေရြးစင္အသင္းဟာ ၿပီးခဲ့တဲ့ လကလုိပဲ ထိပ္ဆုံး အဆင့္ ၁ ေနရာမွာရွိခဲ့ပါတယ္။ ဒါေပမဲ့ အာဆီယံႏုိင္ငံ အသင္ေတြမွာေတာ့ အတက္အက် ရွိခဲ့တာေတြ႕ရပါတယ္။ 
၂၀၂၂ ကမာၻ႕ဖလား ေျခစစ္ပြဲေတြမွာ ရလဒ္ေကာင္းခဲ့ၾကၿပီး လက္ရွိမွာလည္း အုပ္စု(G) ရဲ႕ ထိပ္ဆုံးႏွစ္ေနရာမွာ ေရာက္ရွိေနၾကတဲ့ မေလးရွားနဲ႕ ဗီယက္နမ္အသင္းေတြဟာ အသစ္ ထုတ္ျပန္လုိက္တဲ့ အဆင့္သတ္မွတ္ခ်က္မွာ အေျခအေနေကာင္းခဲ့ပါတယ္။ ထုိင္းကေတာ့ ကံမေကာင္းခဲ့ဘဲ ယင္းအုပ္စုရဲ႕ တတိယေနရာမွာပဲ ရွိေနခဲ့ၿပီး ယခုအခါ အသင္းရဲ႕ အဆင့္သတ္မွတ္ခ်က္ဟာလည္း ၄ ဆင့္ က်သြားခဲ့ကာ အဆင့္ ၁၁၃ မွာရပ္တည္ခဲ့ပါတယ္။ သူတုိ ့ရဲ႕ ခါးသီးၿပိဳင္ဘက္ ဗီယက္နမ္ကေတာ့ ၃ ဆင့္ခုန္တက္ကာ ကမာၻ႔အဆင့္ ၉၄ ေနရာကုိ ေရာက္ရွိခဲ့ပါတယ္။ 
အာဆီယံေဒသတြင္းမွာ အႀကီးဆုံး အဆင့္ခုန္တက္မႈအျဖစ္ ျမန္မာက ၁၁ ဆင့္အထိ ခုန္တက္သြားကာ ၿပီးခဲ့တဲ့လ အဆင့္ ၁၄၇ ကေန ယခု ၁၃၆ ေနရာေရာက္ခဲ့ပါတယ္။ မေလးရွားကလည္း ၄ ဆင့္ခုန္တက္ခဲ့ၿပီး အဆင့္ ၁၅၄ မွာရွိခဲ့ကာ အင္ဒုိနီးရွားအသင္းကေတာ့ ႏွစ္ဆင့္ျပဳတ္က်ကာ ၁၇၃ ေနရာမွာရွိခဲ့ပါတယ္။ 
ကမာၻ႕အဆင့္ ၁၀ အတြင္း အသင္ေတြရဲ႕ အေျပာင္းအလဲ အနည္းငယ္သာရွိခဲ့ၿပီး ခရုိေအးရွားအသင္းက တစ္ဆင့္တက္ကာ အဆင့္ ၆ မွာ ရပ္တည္ၿပီး ေပၚတူဂီက အဆင့္ ၇ အျဖစ္ တစ္ဆင့္ က်သြားခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံး ထုတ္ျပန္ခ်က္မွာ အီတလီအသင္းဟာ ႏွစ္ဆင့္ခုန္တက္ၿပီး အဆင့္ ၁၂ ေနရာေရာက္လာကာ ထိပ္ဆုံး ၁၀ သင္းကုိ ဖိအားေပးလာခဲ့တာေတြ႕ရပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Fox Sports 

Unicode Version 

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်-ဖီဖာက နိုင်ဝင်ဘာလအတွက် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာလက်ရွေးစင်အသင်းက ၁၁ ဆင့်အထိ ခုန်တက်ခဲ့ကာ အဆင့် ၁၃၆ နေရာ ရောက်ရှိခဲ့ကြောင်း Fox Sports သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။ 
ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အပြောင်းအလဲ ကြီးကြီးမား မရှိနိုင်ဘူးလို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ ထွက်လာခဲ့ပြီး ဘယ်ဂျီယံ လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ လကလိုပဲ ထိပ်ဆုံး အဆင့် ၁ နေရာမှာရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံ အသင်တွေမှာတော့ အတက်အကျ ရှိခဲ့တာတွေ့ရပါတယ်။ 
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းခဲ့ကြပြီး လက်ရှိမှာလည်း အုပ်စု(G) ရဲ့ ထိပ်ဆုံးနှစ်နေရာမှာ ရောက်ရှိနေကြတဲ့ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေဟာ အသစ် ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ အခြေအနေကောင်းခဲ့ပါတယ်။ ထိုင်းကတော့ ကံမကောင်းခဲ့ဘဲ ယင်းအုပ်စုရဲ့ တတိယနေရာမှာပဲ ရှိနေခဲ့ပြီး ယခုအခါ အသင်းရဲ့ အဆင့်သတ်မှတ်ချက်ဟာလည်း ၄ ဆင့် ကျသွားခဲ့ကာ အဆင့် ၁၁၃ မှာရပ်တည်ခဲ့ပါတယ်။ သူတို့ရဲ့ ခါးသီးပြိုင်ဘက် ဗီယက်နမ်ကတော့ ၃ ဆင့်ခုန်တက်ကာ ကမ္ဘာ့အဆင့် ၉၄ နေရာကို ရောက်ရှိခဲ့ပါတယ်။ 
အာဆီယံဒေသတွင်းမှာ အကြီးဆုံး အဆင့်ခုန်တက်မှုအဖြစ် မြန်မာက ၁၁ ဆင့်အထိ ခုန်တက်သွားကာ ပြီးခဲ့တဲ့လ အဆင့် ၁၄၇ ကနေ ယခု ၁၃၆ နေရာရောက်ခဲ့ပါတယ်။ မလေးရှားကလည်း ၄ ဆင့်ခုန်တက်ခဲ့ပြီး အဆင့် ၁၅၄ မှာရှိခဲ့ကာ အင်ဒိုနီးရှားအသင်းကတော့ နှစ်ဆင့်ပြုတ်ကျကာ ၁၇၃ နေရာမှာရှိခဲ့ပါတယ်။ 
ကမ္ဘာ့အဆင့် ၁၀ အတွင်း အသင်တွေရဲ့ အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ပြီး ခရိုအေးရှားအသင်းက တစ်ဆင့်တက်ကာ အဆင့် ၆ မှာ ရပ်တည်ပြီး ပေါ်တူဂီက အဆင့် ၇ အဖြစ် တစ်ဆင့် ကျသွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ထုတ်ပြန်ချက်မှာ အီတလီအသင်းဟာ နှစ်ဆင့်ခုန်တက်ပြီး အဆင့် ၁၂ နေရာရောက်လာကာ ထိပ်ဆုံး ၁၀ သင်းကို ဖိအားပေးလာခဲ့တာတွေ့ရပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Fox Sports 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။