Skip to main content
ျမန္မာႏုိင္ငံ၏လက္ရွိပကတိအတိုင္း ကမၻာကသိရွိေစရန္လုပ္ေဆာင္မည္ဟု ႏုိင္ငံျခားေရး၀န္ႀကီးဌာန ထုတ္ျပန္
Ads Block

ျမန္မာႏုိင္ငံ၏လက္ရွိပကတိအတိုင္း ကမၻာကသိရွိေစရန္လုပ္ေဆာင္မည္ဟု ႏုိင္ငံျခားေရး၀န္ႀကီးဌာန ထုတ္ျပန္

 

ႏုိင္ငံတကာတရားရုံး(ICJ)တြင္ ရင္ဆိုင္ရမည့္အေျခအေနကို မည္သည့္ႏုိင္ငံ၊ မည္သည့္ဘာသာကိုမွ ထိပါးျခင္းမျပဳဘဲ ျမန္မာႏုိင္ငံကလက္ရွိပကတိအေျခအေနအတိုင္းကမၻာကသိရွိေစရန္ လုပ္ေဆာင္မည္ဟု ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ႏုိ၀င္ဘာလ(၂၈)ရက္ကထုတ္ျပန္လိုက္သည္။

ျမန္မာႏုိင္ငံ၏လက္ရွိပကတိအတိုင္း ကမၻာကသိရွိေစရန္လုပ္ေဆာင္မည္ဟု ႏုိင္ငံျခားေရး၀န္ႀကီးဌာန ထုတ္ျပန္


ႏုိင္ငံေတာ္၏အတ္ိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိ္ုင္ ဦၤးေဆာင္ေျဖရွင္းမည့္အေျခအေနကို တစ္ႏုိင္ငံလံုးကေထာက္ခံသျဖင့္၀မ္းသာမိပါေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ယင္းကိစၥသည္ ႏုိင္ငံေရးကိစၥ၊ ႏုိင္ငံ၏အက်ိဳးစီးပြားကိုကာကြယ္ရမည့္ အေျခအေနျဖစ္ၿပီး၊ “အေရးႀကီးၿပီေသြးစည္းၾကစို႔”ဟူသည့္ ေဆာင္ပုဒ္အတိုင္း ျပည္သူလူထုတစ္ရပ္လံုး၏ အင္အားက ႏုိင္ငံေတာ္အတြက္အားျဖစ္သည္ဟုလည္းပါရွိသည္။
ႏုိင္ငံေတာ္အစိုးရအေနျဖင့္ မည့္သည့္ႏုိင္ငံ၊မည္သည့္လူမ်ိ္ဳးကိုျဖစ္ေစ၊ မည္သည့္ဘာသာကိုျဖစ္ေစ၊ မည္သည့္လူအစုကိုျဖစ္ေစ၊ တိုက္ရုိက္ေသာ္လည္းေကာင္း၊ သြယ္၀ိုက္ေသာ္လည္းေကာင္း ထိခိုက္နစ္နာေစျခင္း၊ တိ္ုက္ခိုက္ျခင္းမ်ားအလ်ဥ္းမျပဳဘဲလက္ရွိပကတိအတိ္ုင္းကိုကမၻာကသိေစရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။
ICJ ႏုိင္ငံတကာတရားရုံးတြင္ အစၥလာမ္မစ္ပူးေပါင္းေဆာင္ေရးအဖြဲ႕ OICကိုယ္စားဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကိုတရားစြဲဆိုထားၿပီး၊ အဆိုပါအမႈကို ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ေျဖရွင္းမည္ျဖစ္သည္။
ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ဦးေဆာင္ေျဖရွင္းမႈကိုတစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ေထာက္ခံပြဲမ်ားလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏုိင္ငံသည္ ၁၉၉၅ ခုႏွစ္တြင္ “လူမ်ိဳးျပဳန္းတီမႈကိုတာဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏုိင္ငံေပါင္းစံု သေဘာတူစာခ်ဳပ္တြင္လက္မွတ္ေရးထိုးခဲ့ေသာေၾကာင့္ ယခုတရားစြဲဆိုမႈကိုရင္ဆိုင္ေျဖရွင္းရျခင္းျဖစ္သည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

နိုင်ငံတကာတရားရုံး(ICJ)တွင် ရင်ဆိုင်ရမည့်အခြေအနေကို မည်သည့်နိုင်ငံ၊ မည်သည့်ဘာသာကိုမှ ထိပါးခြင်းမပြုဘဲ မြန်မာနိုင်ငံကလက်ရှိပကတိအခြေအနေအတိုင်းကမ္ဘာကသိရှိစေရန် လုပ်ဆောင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၂၈)ရက်ကထုတ်ပြန်လိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦၤးဆောင်ဖြေရှင်းမည့်အခြေအနေကို တစ်နိုင်ငံလုံးကထောက်ခံသဖြင့်ဝမ်းသာမိပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းကိစ္စသည် နိုင်ငံရေးကိစ္စ၊ နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရမည့် အခြေအနေဖြစ်ပြီး၊ “အရေးကြီးပြီသွေးစည်းကြစို့”ဟူသည့် ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ အင်အားက နိုင်ငံတော်အတွက်အားဖြစ်သည်ဟုလည်းပါရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မည့်သည့်နိုင်ငံ၊မည်သည့်လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုကိုဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်းများအလျဉ်းမပြုဘဲလက်ရှိပကတိအတိုင်းကိုကမ္ဘာကသိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ICJ နိုင်ငံတကာတရားရုံးတွင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရေးအဖွဲ့ OICကိုယ်စားဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုတရားစွဲဆိုထားပြီး၊ အဆိုပါအမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမည်ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဦးဆောင်ဖြေရှင်းမှုကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ခံပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် “လူမျိုးပြုန်းတီမှုကိုတာဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံ သဘောတူစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သောကြောင့် ယခုတရားစွဲဆိုမှုကိုရင်ဆိုင်ဖြေရှင်းရခြင်းဖြစ်သည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။