Skip to main content
၂၀၀၃ ခုႏွစ္ကျဖစ္ခဲ့တဲ့ လူသတ္မႈကုိ ဖုံးကြယ္ထားခဲ့မႈျဖင့္ တရုတ္ ဌာနဆုိင္ရာ အရာရွိ ၁၉ ဦးကုိ ျပစ္ဒဏ္ေပး 
Ads Block

၂၀၀၃ ခုႏွစ္ကျဖစ္ခဲ့တဲ့ လူသတ္မႈကုိ ဖုံးကြယ္ထားခဲ့မႈျဖင့္ တရုတ္ ဌာနဆုိင္ရာ အရာရွိ ၁၉ ဦးကုိ ျပစ္ဒဏ္ေပး 

 

လြန္ခဲ့တဲ့ ၁၆ ႏွစ္ခန္ ့က အသတ္ခံရၿပီး စာသင္ေက်ာင္း ကစားကြင္းတစ္ခုမွာ ျမွဳပ္ႏွံခံခဲ့ရသူရဲ႕ အေလာင္းကုိ ျပန္လည္ေတြ႕ရွိခဲ့အၿပီးမွာ ယင္း လူသတ္မႈကုိ ဖုံးကြယ္ထိန္ခ်န္ခဲ့ၾကတဲ့ တရုတ္ ဌာနဆုိင္ရာ အရာရွိ ၁၉ ဦးကုိ ျပစ္ဒဏ္ေတြ စီရင္ခဲ့ေၾကာင္း ႏုိင္ငံပုိင္မီဒီယာက ဗုဒၶဟူးေန ့မွာ ထုတ္ျပန္ခဲ့ပါတယ္။ 
၂၀၀၃ ခုႏွစ္က အလယ္ပုိင္း ဟူနန္ျပည္နယ္ ဟြာဟူၿမိဳ႕က အလယ္တန္းေက်ာင္းတစ္ေက်ာင္းမွာ ကစားကြင္းတည္ေဆာက္ေရးလုပ္ငန္းကုိ ေသဆုံးသူ တန္ရွီပင္းက ႀကီးၾကပ္တာ၀န္ယူခဲ့တာျဖစ္ပါတယ္။ ယင္း အလုပ္လုပ္ေနစဥ္မွာ တန္ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လအတြင္းက ကစားကြင္းေျမေအာက္ကေန တန္ရဲ႕ အေလာင္းကုိ ျပန္ေဖာ္ေတြ႕ခ်ိန္မွာ အမႈေပၚလာခဲ့တာျဖစ္ပါတယ္။ 
အခင္းျဖစ္ရပ္ကုိ ထိန္ခ်န္မႈနဲ႕ စြပ္စြဲခံရတဲ့ ဌာနဆုိင္ရာ ၀န္ထမ္းေတြထဲမွာ ရဲေတြ၊ ေဒသဆုိင္ရာ ကြန္ျမဴနစ္ပါတီ ေကာ္မတီ အဖြဲ႕၀င္ေတြ၊ အစုိးရအရာရွိေတြနဲ႕ ေက်ာင္း၀န္ထမ္းေတြ ပါ၀င္ခဲ့ပါတယ္။ ဒါ့အျပင္ သံသယရွိ အမ်ဳိးသားႏွစ္ဦးကုိေတာ့ လူသတ္မႈနဲ႕ တရားစြဲဆုိထားခဲ့ပါတယ္။ 
ယင္းတုိ ့ထဲက တူေရွာင္ပင္းဆုိသူဟာ ေက်ာင္းရဲ႕ ကစားကြင္းေဆာက္လုပ္ဖုိ ့ ကန္ထရုိက္ရခဲ့သူျဖစ္ေၾကာင္း ဆင္ဟြာက ေဖာ္ျပပါတယ္။ ကစားကြင္း စီမံကိန္းရဲ႕ တည္ေဆာက္ေရးဆုိင္ရာ အရည္အေသြးပုိင္းကုိ ႀကီးၾကပ္ရသူျဖစ္တဲ့ တန္နဲ႕ တူတုိ ့အၾကား မေက်လည္မႈေတြျဖစ္ခဲ့တယ္လုိ ့ သတင္းက ဆုိပါတယ္။ တူဟာ ဖခင္ျဖစ္သူကုိ လက္ေဆာင္နဲ႕ ေငြသားေတြ ေပးခဲ့ဖူးေၾကာင္း ဒါေပမဲ့ ဖခင္က ေက်ာင္း စာရင္းကုိင္၀န္ထမ္းထံ ယင္းဟာေတြ လႊဲေပးခဲ့ေၾကာင္း ေသဆုံးသူ တန္ရဲ႕ သမီးျဖစ္သူက ေပက်င္းသတင္းဌာနကုိ ေျပာဆုိခဲ့ပါတယ္။ တန္ဟာ ေဆာက္လုပ္ေရး အရည္အေသြးပုိင္နဲ႕ ပတ္သက္ၿပီး အရမ္းစည္းၾကပ္လြန္းေၾကာင္းနဲ႕ တန္ကုိ သူ သတ္ပစ္ခ်င္ေၾကာင္း တူက ေဆာက္လုပ္ေရး ၀န္ထမ္းေတြကုိ ေျပာဆုိခဲ့ဖူးတယ္လုိ ့လည္း ေပက်င္းသတင္းဌာနက ေဖာ္ျပပါတယ္။ 
စုံစမ္းစစ္ေဆးမႈအတြင္း ေတြ႕ရွိခဲ့မႈအရ တူနဲ႕ အျခား အမ်ဳိးသားတစ္ဦးတုိ ့ဟာ ၂၀၀၃ ခုႏွစ္ ဇန္န၀ါရီလမွာ တန္ကုိ သတ္ပစ္ခဲ့ၾကၿပီး ကစားကြင္းေအာက္ ျမွဳပ္ထားခဲ့ၾကတယ္လုိ ့ သိရပါတယ္။ တန္ေပ်ာက္သြားၿပီး ေနာက္တစ္ေန ့မွာ ေက်ာင္းရဲ႕ ေက်ာင္းအုပ္ျဖစ္ၿပီး တူရဲ႕ ဦးေလးျဖစ္တဲ့ ဟြမ္ပင္းဆြန္ဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ေျမထုိးစက္တစ္စီးကုိ ညႊန္ၾကားစီမံေနတာ ေတြ႕ခဲ့ရပါတယ္။ 
တန္ရဲ႕ မိသားစုက ၄င္း ေပ်ာက္ရွိေနေၾကာင္းနဲ႕ သတ္ၿပီး အေလာင္းကုိ ကစားကြင္းေအာက္ ျမွဳပ္ထားတာျဖစ္ႏုိင္ေၾကာင္း ရဲကုိ အေၾကာင္းၾကား အသိေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း ရဲတပ္ဖြဲ႕က အမႈကုိ စုံစမ္းစစ္ေဆးမႈလုပ္ဖုိ ့ အႀကိမ္ႀကိမ္ ပ်က္ကြက္ခဲ့ပါတယ္။ 
အရာရွိ ၁၉ ဦးဟာ တာ၀န္၀တၱရား ပ်က္ကြက္ျခင္း၊ စည္းကမ္းပုိင္းနဲ႕ ဥပေဒ ခ်ဳိးေဖာက္ျခင္း စတာေတြနဲ႕ ျပစ္မႈထင္ရွားခဲ့ေၾကာင္း ဆင္ဟြာက ေဖာ္ျပပါတယ္။ ရဲ အရာရွိ ေျခာက္ဦး၊ ေက်င္းအုပ္ ဟြမ္တုိ ့အပါအ၀င္ ယင္းတုိ ့ထဲက ၁၀ ဦးကေတာ့ ျပစ္မႈဆုိင္ရာတရားရုံးရဲ႕ စီရင္ခ်က္ကုိ ေစာင့္ဆုိင္းေနရပါတယ္။ အျခား ၉ ဦးကေတာ့ ရာထူးျဖဳတ္ခံရျခင္း၊ စည္းကမ္းပုိင္းဆုိင္ရာ အေရးယူခံရျခင္းေတြ ရင္ဆုိင္ခဲ့ရပါတယ္။ 
တူရဲ႕ ဘက္ေတာ္သား ျပစ္မႈက်ဴးလြန္သူ စုစုေပါင္း ၁၃ ဦး အုပ္စုကုိလည္း ဖမ္းဆီးခဲ့ကာ တရားမ၀င္ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ၊ ရန္လုိတုိက္ခုိက္မႈ၊ အတင္းအက်ပ္ခုိင္းေစမႈေတြအပါအ၀င္ ျပစ္မႈေတြနဲ႕ တရားစြဲဆုိထားခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version 

 

လွန်ခဲ့တဲ့ ၁၆ နှစ်ခန့်က အသတ်ခံရပြီး စာသင်ကျောင်း ကစားကွင်းတစ်ခုမှာ မြှုပ်နှံခံခဲ့ရသူရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့အပြီးမှာ ယင်း လူသတ်မှုကို ဖုံးကွယ်ထိန်ချန်ခဲ့ကြတဲ့ တရုတ် ဌာနဆိုင်ရာ အရာရှိ ၁၉ ဦးကို ပြစ်ဒဏ်တွေ စီရင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 
၂၀၀၃ ခုနှစ်က အလယ်ပိုင်း ဟူနန်ပြည်နယ် ဟွာဟူမြို့က အလယ်တန်းကျောင်းတစ်ကျောင်းမှာ ကစားကွင်းတည်ဆောက်ရေးလုပ်ငန်းကို သေဆုံးသူ တန်ရှီပင်းက ကြီးကြပ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ယင်း အလုပ်လုပ်နေစဉ်မှာ တန် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကစားကွင်းမြေအောက်ကနေ တန်ရဲ့ အလောင်းကို ပြန်ဖော်တွေ့ချိန်မှာ အမှုပေါ်လာခဲ့တာဖြစ်ပါတယ်။ 
အခင်းဖြစ်ရပ်ကို ထိန်ချန်မှုနဲ့ စွပ်စွဲခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ရဲတွေ၊ ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီ ကော်မတီ အဖွဲ့ဝင်တွေ၊ အစိုးရအရာရှိတွေနဲ့ ကျောင်းဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သံသယရှိ အမျိုးသားနှစ်ဦးကိုတော့ လူသတ်မှုနဲ့ တရားစွဲဆိုထားခဲ့ပါတယ်။ 
ယင်းတို့ထဲက တူရှောင်ပင်းဆိုသူဟာ ကျောင်းရဲ့ ကစားကွင်းဆောက်လုပ်ဖို့ ကန်ထရိုက်ရခဲ့သူဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြပါတယ်။ ကစားကွင်း စီမံကိန်းရဲ့ တည်ဆောက်ရေးဆိုင်ရာ အရည်အသွေးပိုင်းကို ကြီးကြပ်ရသူဖြစ်တဲ့ တန်နဲ့ တူတို့အကြား မကျေလည်မှုတွေဖြစ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ တူဟာ ဖခင်ဖြစ်သူကို လက်ဆောင်နဲ့ ငွေသားတွေ ပေးခဲ့ဖူးကြောင်း ဒါပေမဲ့ ဖခင်က ကျောင်း စာရင်းကိုင်ဝန်ထမ်းထံ ယင်းဟာတွေ လွှဲပေးခဲ့ကြောင်း သေဆုံးသူ တန်ရဲ့ သမီးဖြစ်သူက ပေကျင်းသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ တန်ဟာ ဆောက်လုပ်ရေး အရည်အသွေးပိုင်နဲ့ ပတ်သက်ပြီး အရမ်းစည်းကြပ်လွန်းကြောင်းနဲ့ တန်ကို သူ သတ်ပစ်ချင်ကြောင်း တူက ဆောက်လုပ်ရေး ဝန်ထမ်းတွေကို ပြောဆိုခဲ့ဖူးတယ်လို့လည်း ပေကျင်းသတင်းဌာနက ဖော်ပြပါတယ်။ 
စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့မှုအရ တူနဲ့ အခြား အမျိုးသားတစ်ဦးတို့ဟာ ၂၀၀၃ ခုနှစ် ဇန်နဝါရီလမှာ တန်ကို သတ်ပစ်ခဲ့ကြပြီး ကစားကွင်းအောက် မြှုပ်ထားခဲ့ကြတယ်လို့ သိရပါတယ်။ တန်ပျောက်သွားပြီး နောက်တစ်နေ့မှာ ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်ပြီး တူရဲ့ ဦးလေးဖြစ်တဲ့ ဟွမ်ပင်းဆွန်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေထိုးစက်တစ်စီးကို ညွှန်ကြားစီမံနေတာ တွေ့ခဲ့ရပါတယ်။ 
တန်ရဲ့ မိသားစုက ၎င်း ပျောက်ရှိနေကြောင်းနဲ့ သတ်ပြီး အလောင်းကို ကစားကွင်းအောက် မြှုပ်ထားတာဖြစ်နိုင်ကြောင်း ရဲကို အကြောင်းကြား အသိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရဲတပ်ဖွဲ့က အမှုကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ 
အရာရှိ ၁၉ ဦးဟာ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း၊ စည်းကမ်းပိုင်းနဲ့ ဥပဒေ ချိုးဖောက်ခြင်း စတာတွေနဲ့ ပြစ်မှုထင်ရှားခဲ့ကြောင်း ဆင်ဟွာက ဖော်ပြပါတယ်။ ရဲ အရာရှိ ခြောက်ဦး၊ ကျေင်းအုပ် ဟွမ်တို့အပါအဝင် ယင်းတို့ထဲက ၁၀ ဦးကတော့ ပြစ်မှုဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ကို စောင့်ဆိုင်းနေရပါတယ်။ အခြား ၉ ဦးကတော့ ရာထူးဖြုတ်ခံရခြင်း၊ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရခြင်းတွေ ရင်ဆိုင်ခဲ့ရပါတယ်။ 
တူရဲ့ ဘက်တော်သား ပြစ်မှုကျူးလွန်သူ စုစုပေါင်း ၁၃ ဦး အုပ်စုကိုလည်း ဖမ်းဆီးခဲ့ကာ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ ရန်လိုတိုက်ခိုက်မှု၊ အတင်းအကျပ်ခိုင်းစေမှုတွေအပါအဝင် ပြစ်မှုတွေနဲ့ တရားစွဲဆိုထားခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။