Skip to main content
ကုိယ္တစ္ပုိင္းေဖာ္ မာဆတ္မယ္ေတြနဲ႕ လိင္၀န္ေဆာင္မႈေတြပါေပးေနတဲ့ spa ဆုိင္ရွင္ ဇနီးေမာင္ႏွံကုိ ေထာင္ခ် 
Ads Block

ကုိယ္တစ္ပုိင္းေဖာ္ မာဆတ္မယ္ေတြနဲ႕ လိင္၀န္ေဆာင္မႈေတြပါေပးေနတဲ့ spa ဆုိင္ရွင္ ဇနီးေမာင္ႏွံကုိ ေထာင္ခ် 

 

စင္ကာပူႏုိင္ငံ Little India ရပ္ကြက္ရွိ ဟုိတယ္တစ္ခုမွာ ဇနီးေမာင္ႏွစ္ဦးဟာ spa ဆုိင္ဖြင့္ထားၿပီး ကုိယ္တစ္ပုိင္းေဖာ္ မာဆတ္မယ္ေတြသုံးကာ ႏွိပ္နယ္၀န္ေဆာင္မႈေပးျခင္း၊ ကာမဆႏၵျဖည့္ဆည္းႏုိင္တဲ့ ၀န္ေဆာင္မႈေတြေပးျခင္းတုိ ့ လုပ္ေဆာင္ခဲ့ၾကပါတယ္။ 
ႏွိပ္နယ္၀န္ေဆာင္မႈေပးတဲ့ လုပ္ငန္းကုိ လုိင္စင္မရွိဘဲ ဖြင့္လွစ္လုပ္ကုိင္မႈနဲ႕ အသက္ ၅၆  ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္သူ ခ်ဴကြန္ယင္းကုိ အဂၤါေန ့မွာ ေထာင္ ႏွစ္ပတ္ ျပစ္ဒဏ္ခ်ခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူ အြန္ဟန္ဆန္း(၆၂ ႏွစ္) ကုိ္ေတာ့ အလားတူျပစ္မႈနဲ႕ပဲ ေထာင္ ၁၀ ပတ္အထိခ်ခဲ့ပါတယ္။ အြန္ဟာ ၂၀၁၆ ခုႏွစ္ကလည္း မာဆတ္လုပ္ငန္းဖြင့္လွစ္လုပ္ကုိင္ျခင္း အက္ဥပေဒအရ ျပစ္ဒဏ္က်ဴးလြန္ထားခဲ့ဖူးသူျဖစ္တာေၾကာင့္ ၄င္းကုိ ေထာင္ဒဏ္ပုိခ်ခဲ့တာျဖစ္ပါတယ္။ 
တရားရုံး ၾကားနာမႈအရ အြန္ဟာ အမွတ္ ၁၈၁ ကစ္ခ်န္နာလမ္းေပၚက Parkroyal ဟုိတယ္ ေျခာက္လႊာမွာ ဖြင့္ထားတဲ့ Monte Spa ရဲ႕ ပုိင္ရွင္ျဖစ္ပါတယ္။ သူဟာ ဇနီးျဖစ္သူနဲ႕အတူ ယင္းဆုိင္ကုိ အတူ လုပ္ကုိင္ေနတာျဖစ္ၿပီး ဇနီးျဖစ္သူကေတာ့ ေငြရွင္းတာေတြ၊ စာရင္းေတြ၊ သယ္ယူပုိ ့ေဆာင္မႈ၊ ငွားရမ္းမႈေတြမွာ ကူညီလုပ္ေဆာင္သူျဖစ္ပါတယ္။ 
ကပ္စတန္မာတစ္ဦးရဲ႕ ေျပာျပခ်က္အရ သူ ဒီဆုိင္ကုိ မၾကာခဏဆုိသလုိ လာေရာက္ေလ့ရွိေၾကာင္း၊ ပုိင္ရွင္ ခ်ဴက သူ႕ကုိ ႀကိဳဆုိၿပီး အမ်ဳိးသမီး သုံးဦးပုံကုိ ျပကာ ႀကိဳက္ရာေရြးေစေၾကာင္း ေျပာဆုိပါတယ္။ ကုိယ္ခႏၶာ ႏွိပ္နယ္မႈအတြက္ မိနစ္ ၄၀ ကုိ စင္ကာပူေဒၚလာ ၄၀ ေပးရေၾကာင္း၊ မာဆတ္မယ္ကုိ သူမေဘာင္းဘီတုိကုိ ခၽြတ္ၿပီး အတြင္းခံနဲ႕ သူ႕ေပၚတက္ ႏွိပ္နယ္ေပးတာျဖစ္ေၾကာင္း ရဲေတြကုိ ေျပာျပခဲ့ပါတယ္။ 
ယခင္က ယင္း မာဆတ္ဆုိင္ဟာ ကပ္စတန္မာေတြကုိ လက္နဲ႕ကာမဆႏၵေျဖေဖ်ာက္ေပးျခင္း၊ အေပၚပုိင္းဗလာက်င္း မာဆတ္မယ္ေတြနဲ႕ ၀န္ေဆာင္မႈေပးျခင္းေတြလည္း လုပ္ခဲ့ၿပီး ယင္း ၀န္ေဆာင္မႈေတြအတြက္ ေဒၚလာ ၈၀ နဲ႕ ၁၀၀ ၾကား ယူခဲ့ေၾကာင္း သိရပါတယ္။ 
ရဲတပ္ဖြဲ႕က စစ္ေဆးရွာေဖြခဲ့ရာမွာ spa ရဲ႕ ၀န္ထမ္းအခန္းရွိ ေသတၱတစ္လုံးထဲကေန ကြန္ဒုံးေတြလည္း သိမ္းဆည္းရမိခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

စင်ကာပူနိုင်ငံ Little India ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ ဇနီးမောင်နှစ်ဦးဟာ spa ဆိုင်ဖွင့်ထားပြီး ကိုယ်တစ်ပိုင်းဖော် မာဆတ်မယ်တွေသုံးကာ နှိပ်နယ်ဝန်ဆောင်မှုပေးခြင်း၊ ကာမဆန္ဒဖြည့်ဆည်းနိုင်တဲ့ ဝန်ဆောင်မှုတွေပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပါတယ်။ 
နှိပ်နယ်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို လိုင်စင်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်မှုနဲ့ အသက် ၅၆  နှစ်အရွယ် အမျိုးသမီးဖြစ်သူ ချူကွန်ယင်းကို အင်္ဂါနေ့မှာ ထောင် နှစ်ပတ် ပြစ်ဒဏ်ချခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အွန်ဟန်ဆန်း(၆၂ နှစ်) ကိုတော့ အလားတူပြစ်မှုနဲ့ပဲ ထောင် ၁၀ ပတ်အထိချခဲ့ပါတယ်။ အွန်ဟာ ၂၀၁၆ ခုနှစ်ကလည်း မာဆတ်လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်ခြင်း အက်ဥပဒေအရ ပြစ်ဒဏ်ကျူးလွန်ထားခဲ့ဖူးသူဖြစ်တာကြောင့် ၎င်းကို ထောင်ဒဏ်ပိုချခဲ့တာဖြစ်ပါတယ်။ 
တရားရုံး ကြားနာမှုအရ အွန်ဟာ အမှတ် ၁၈၁ ကစ်ချန်နာလမ်းပေါ်က Parkroyal ဟိုတယ် ခြောက်လွှာမှာ ဖွင့်ထားတဲ့ Monte Spa ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့အတူ ယင်းဆိုင်ကို အတူ လုပ်ကိုင်နေတာဖြစ်ပြီး ဇနီးဖြစ်သူကတော့ ငွေရှင်းတာတွေ၊ စာရင်းတွေ၊ သယ်ယူပို့ဆောင်မှု၊ ငှားရမ်းမှုတွေမှာ ကူညီလုပ်ဆောင်သူဖြစ်ပါတယ်။ 
ကပ်စတန်မာတစ်ဦးရဲ့ ပြောပြချက်အရ သူ ဒီဆိုင်ကို မကြာခဏဆိုသလို လာရောက်လေ့ရှိကြောင်း၊ ပိုင်ရှင် ချူက သူ့ကို ကြိုဆိုပြီး အမျိုးသမီး သုံးဦးပုံကို ပြကာ ကြိုက်ရာရွေးစေကြောင်း ပြောဆိုပါတယ်။ ကိုယ်ခန္ဓာ နှိပ်နယ်မှုအတွက် မိနစ် ၄၀ ကို စင်ကာပူဒေါ်လာ ၄၀ ပေးရကြောင်း၊ မာဆတ်မယ်ကို သူမဘောင်းဘီတိုကို ချွတ်ပြီး အတွင်းခံနဲ့ သူ့ပေါ်တက် နှိပ်နယ်ပေးတာဖြစ်ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။ 
ယခင်က ယင်း မာဆတ်ဆိုင်ဟာ ကပ်စတန်မာတွေကို လက်နဲ့ကာမဆန္ဒဖြေဖျောက်ပေးခြင်း၊ အပေါ်ပိုင်းဗလာကျင်း မာဆတ်မယ်တွေနဲ့ ဝန်ဆောင်မှုပေးခြင်းတွေလည်း လုပ်ခဲ့ပြီး ယင်း ဝန်ဆောင်မှုတွေအတွက် ဒေါ်လာ ၈၀ နဲ့ ၁၀၀ ကြား ယူခဲ့ကြောင်း သိရပါတယ်။ 
ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာမှာ spa ရဲ့ ဝန်ထမ်းအခန်းရှိ သေတ္တတစ်လုံးထဲကနေ ကွန်ဒုံးတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။