Skip to main content
ဘုန္းႀကီး၀တ္ျဖင့္ လူသတ္၊ အေလာင္းေဖ်ာက္ဖ်က္ခဲ့သူကို ဖမ္းဆီးရမိ
Ads Block

ဘုန္းႀကီး၀တ္ျဖင့္ လူသတ္၊ အေလာင္းေဖ်ာက္ဖ်က္ခဲ့သူကို ဖမ္းဆီးရမိ

 

လူသတ္၊ အေလာင္းေဖ်ာက္ဖ်က္ကာ မိသားစု၀င္မ်ားထံေငြေၾကးေတာင္းခံခဲ့သည့္ ဘုန္းႀကီး၀တ္ပုဂၢိဳလ္ႏွင့္ အေပါင္းအပါကိုဖမ္းဆီးရမိမႈ ရွမ္းျပည္နယ္၊ တန္႔ယန္းၿမိဳ႕၌ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ့၊ ေစ်းကြက္(၁)ရပ္ကြက္ေန ဦးခိုင္ေဇာ္ဝင္း၊ (၃၈)ႏွစ္သည္ ဇနီးသည္ေဒၚေအာင္ေဌးညႊန္႔၊ (၃၈)ႏွစ္ႏွင့္အတူ ႏို၀င္ဘာလ ၁၈ ရက္၌ေနအိမ္တြင္ရွိေနစဥ္ ညေန ၃ နာရီခန္႔တြင္ ၎တို႔ႏွင့္လြန္ခဲ့ေသာတစ္လခန္႔ကရင္းႏွီးခင္မင္သည့္ဘုန္းႀကီး ဥဴးဝိသုဒၶလကၤာရ(ခ)ေခမာသီရိ(ခ) ဖိုးခြား၊ (၃၇)ႏွစ္ဆိုသူက ဖုန္းျဖင့္ဆက္သြယ္ကာ တရုတ္ႏိုင္ငံသို႔ အလည္သြားရန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
“ဘုန္းႀကီးကိုယ္တိုင္က တရုတ္ျပည္ကိုအလည္သြားမယ္ဆိုၿပီးဖုန္းဆက္ေခၚတဲ့အတြက္ ဦးခိုင္ေဇာ္၀င္းကလည္း ခ်က္ခ်င္းပဲကားငွားၿပီးေတာ့ ဘုန္းႀကီးဆီကိုထြက္သြားတယ္။အဲဒီလိုနဲ႔ ၄ ရက္ေလာက္အၾကာ(ႏို၀င္ဘာလ ၂၂ ရက္)မွာ အဲဒီဘုန္းႀကီးက ေငြသိန္း ၃၅၀ က်ပ္မပို႔ေပးရင္နင့္ခင္ပြန္းကိုသတ္ပစ္မယ္ဆိုၿပီးေတာ့ ဦးခိုင္ေဇာ္ဝင္းရဲ႕ဇနီးသည္ ေဒၚေအာင္ေဌးညႊန္႔ထံကိုဖုန္းဆက္သြယ္ခဲ့တယ္” ဟု တန္႔ယန္းၿမိဳ႕နယ္ရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။
ထို႔္ေၾကာင့္ ရဲတပ္ဖြဲ႔ကလိုက္လံဖမ္းဆီးရာယင္းေန႔(ႏို၀င္ဘာလ ၂၂)ညတြင္ပင္ ျပစ္မႈက်ဴးလြန္သူ ဥဴးဝိသုဒၶလကၤာရ(ခ)ေခမာသီရိ (ခ) ဖိုးခြား၊ (၃၇)ႏွစ္ႏွင့္ ကားဆရာဦးဟန္သိန္းတို႔ကုိ ဟိုပန္ၿမိဳ႕၊ ေတာင္တန္းသာသနာျပဳေက်ာင္းတိုက္၌ ဖမ္းဆီးႏုိင္ခဲ့သည္။
စစ္ေဆးခ်က္အရဥဴးဝိသုဒၶလကၤာရ (ခ) ေခမာသီရိ (ခ) ဖိုးခြားႏွင့္ ကားဆရာဦးဟန္သိန္းတို႔သည္ ဦးခိုင္ေဇာ္ဝင္း၊ (၃၈)ႏွစ္အား တရုတ္ႏိုင္ငံသို႔အလည္သြားရန္ေခၚေဆာင္ၿပီးေနာက္ ႏို၀င္ဘာလ ၁၉ ရက္တြင္ ပန္ဆန္း/မိုင္းၿမိဳ့ရွိမိတ္ေဆြမ်ားထံအရင္သြားေရာက္ရန္ ကားျဖင့္ ၃ ဦးသားထြက္ခြာလာခဲ့ၿပီး တန္႔ယန္းၿမိဳ႕ရွိဟိုတယ္တစ္ခု၌တည္းခိုခဲ့ၾကေၾကာင္း ရဲမွတ္တမ္းအရသိရသည္။
ယင္းတည္းခိုခန္း၌ ဦးခိုင္ေဇာ္ဝင္းမွာေခါင္းကိုက္ေနသည့္အတြက္ေၾကာင့္ ဘုန္းႀကီးကေဆးထိုးေပးလိုက္ရာ ပါးစပ္မွအျမွဳပ္မ်ားထြက္ၿပီး ဦးခိုင္ေဇာ္၀င္းမွာေသဆံုးသြားခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေလာင္းကိုကားဆရာဦးသိန္းဟန္ႏွင့္အတူကားေနာက္ခန္း၌တင္ေဆာင္ၿပီး ပန္ဆန္းၿမိဳ႕သို႔ ထြက္လာခဲ့ရာ ႏိုဝင္ဘာလ ၂၀ ရက္၊ နံနက္တြင္ပန္ဆန္ၿမိဳ႕နယ္၊ မက္မန္းဆိုင္သို႔မေရာက္မီ ေရအားလၽွပ္စစ္တံတားအလြန္ (၃) မိုင္ခန္႔အကြာေတာင္ပတ္လမ္းေဘး၌ ဦးခိုင္ေဇာ္ဝင္း၏အေလာင္းကို စြန္႔ပစ္ခဲ့ၿပီးေနာက္ လာရာလမ္းအတိုင္းတန္႔ယန္းၿမိဳ႕သို႔ ျပန္လာခဲ့ၾကျခင္းျဖစ္ေၾကာင္းစစ္ေဆးသိရွိရသည္။
“အဓိကတရားခံကေတာ့ ဘုန္းႀကီးေပါ့ဗ်ာ။ကားဆရာကေတာ့ သူခိုင္းတဲ့အတိုင္းဘုန္းႀကီးကိုေၾကာက္လို႔ လိုက္လုပ္ရတာေပါ့။ဒီျပစ္မႈက်ဴးလြန္တဲ့ဥဴးဝိသုဒၶလကၤာရဘုန္းႀကီးက ၁၉ ႏွစ္သားကတည္းက ဘုန္းႀကီး၀တ္ခဲ့တာလို႔ သူကိုယ္တိုင္ေျပာတယ္။မွတ္တမ္းလည္းရွိတယ္။ ေသဆံုးသူဦးခိုင္ေဇာ္ဝင္းကို ေဆးမွားထိုးေပးလိုက္လို႔ေသသြားတဲ့သေဘာပဲ။ၿပီးေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းက ၎တို႔ကို ဖမ္းထားတာေၾကာင့္ ေငြသိန္း ၃၅၀ နဲ႔လာေရြးေပးပါဆိုၿပီးေတာ့ ေသဆံုးသူရဲ႕ဇနီးထံကိုဖုန္းဆက္တာပါလို႔ သူတို႔(ျပစ္မႈက်ဴးလြန္သူ)ထြက္ဆိုခ်က္အရသိရတာပါ” ဟုတန္႔ယန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္တစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ထို႔ေၾကာင့္ ဥဴးဝိသုဒၶလကၤာရ (ခ) ေခမာသီရိ (ခ) ဖိုးခြား၊ (၃၇)ႏွစ္ကိုဟိုပန္ၿမိဳ႕၊ ေတာင္တန္းသာသနာျပဳ ေက်ာင္းတိုက္တြင္ သက္ေသမ်ားေရွ႕၌လူ၀တ္လဲေစၿပီးေနာက္ ပါ၀င္ပတ္သက္သူ ကားဆရာဦးဟန္သိန္းတို႔ကို တန္႔ယန္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ-  ၃၀၂/ ၃၈၇/၂၀၁/၁၁၄တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version

 

လူသတ်၊ အလောင်းဖျောက်ဖျက်ကာ မိသားစုဝင်များထံငွေကြေးတောင်းခံခဲ့သည့် ဘုန်းကြီးဝတ်ပုဂ္ဂိုလ်နှင့် အပေါင်းအပါကိုဖမ်းဆီးရမိမှု ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်(၁)ရပ်ကွက်နေ ဦးခိုင်ဇော်ဝင်း၊ (၃၈)နှစ်သည် ဇနီးသည်ဒေါ်အောင်ဌေးညွှန့်၊ (၃၈)နှစ်နှင့်အတူ နိုဝင်ဘာလ ၁၈ ရက်၌နေအိမ်တွင်ရှိနေစဉ် ညနေ ၃ နာရီခန့်တွင် ၎င်းတို့နှင့်လွန်ခဲ့သောတစ်လခန့်ကရင်းနှီးခင်မင်သည့်ဘုန်းကြီး ဥူးဝိသုဒ္ဓလင်္ကာရ(ခ)ခေမာသီရိ(ခ) ဖိုးခွား၊ (၃၇)နှစ်ဆိုသူက ဖုန်းဖြင့်ဆက်သွယ်ကာ တရုတ်နိုင်ငံသို့ အလည်သွားရန်ပြောဆိုခဲ့ကြောင်း သိရသည်။
“ဘုန်းကြီးကိုယ်တိုင်က တရုတ်ပြည်ကိုအလည်သွားမယ်ဆိုပြီးဖုန်းဆက်ခေါ်တဲ့အတွက် ဦးခိုင်ဇော်ဝင်းကလည်း ချက်ချင်းပဲကားငှားပြီးတော့ ဘုန်းကြီးဆီကိုထွက်သွားတယ်။အဲဒီလိုနဲ့ ၄ ရက်လောက်အကြာ(နိုဝင်ဘာလ ၂၂ ရက်)မှာ အဲဒီဘုန်းကြီးက ငွေသိန်း ၃၅၀ ကျပ်မပို့ပေးရင်နင့်ခင်ပွန်းကိုသတ်ပစ်မယ်ဆိုပြီးတော့ ဦးခိုင်ဇော်ဝင်းရဲ့ဇနီးသည် ဒေါ်အောင်ဌေးညွှန့်ထံကိုဖုန်းဆက်သွယ်ခဲ့တယ်” ဟု တန့်ယန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့်ကြောင့် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာယင်းနေ့(နိုဝင်ဘာလ ၂၂)ညတွင်ပင် ပြစ်မှုကျူးလွန်သူ ဥူးဝိသုဒ္ဓလင်္ကာရ(ခ)ခေမာသီရိ (ခ) ဖိုးခွား၊ (၃၇)နှစ်နှင့် ကားဆရာဦးဟန်သိန်းတို့ကို ဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်၌ ဖမ်းဆီးနိုင်ခဲ့သည်။
စစ်ဆေးချက်အရဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနှင့် ကားဆရာဦးဟန်သိန်းတို့သည် ဦးခိုင်ဇော်ဝင်း၊ (၃၈)နှစ်အား တရုတ်နိုင်ငံသို့အလည်သွားရန်ခေါ်ဆောင်ပြီးနောက် နိုဝင်ဘာလ ၁၉ ရက်တွင် ပန်ဆန်း/မိုင်းမြို့ရှိမိတ်ဆွေများထံအရင်သွားရောက်ရန် ကားဖြင့် ၃ ဦးသားထွက်ခွာလာခဲ့ပြီး တန့်ယန်းမြို့ရှိဟိုတယ်တစ်ခု၌တည်းခိုခဲ့ကြကြောင်း ရဲမှတ်တမ်းအရသိရသည်။
ယင်းတည်းခိုခန်း၌ ဦးခိုင်ဇော်ဝင်းမှာခေါင်းကိုက်နေသည့်အတွက်ကြောင့် ဘုန်းကြီးကဆေးထိုးပေးလိုက်ရာ ပါးစပ်မှအမြှုပ်များထွက်ပြီး ဦးခိုင်ဇော်ဝင်းမှာသေဆုံးသွားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် အလောင်းကိုကားဆရာဦးသိန်းဟန်နှင့်အတူကားနောက်ခန်း၌တင်ဆောင်ပြီး ပန်ဆန်းမြို့သို့ ထွက်လာခဲ့ရာ နိုဝင်ဘာလ ၂၀ ရက်၊ နံနက်တွင်ပန်ဆန်မြို့နယ်၊ မက်မန်းဆိုင်သို့မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာတောင်ပတ်လမ်းဘေး၌ ဦးခိုင်ဇော်ဝင်း၏အလောင်းကို စွန့်ပစ်ခဲ့ပြီးနောက် လာရာလမ်းအတိုင်းတန့်ယန်းမြို့သို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရသည်။
“အဓိကတရားခံကတော့ ဘုန်းကြီးပေါ့ဗျာ။ကားဆရာကတော့ သူခိုင်းတဲ့အတိုင်းဘုန်းကြီးကိုကြောက်လို့ လိုက်လုပ်ရတာပေါ့။ဒီပြစ်မှုကျူးလွန်တဲ့ဥူးဝိသုဒ္ဓလင်္ကာရဘုန်းကြီးက ၁၉ နှစ်သားကတည်းက ဘုန်းကြီးဝတ်ခဲ့တာလို့ သူကိုယ်တိုင်ပြောတယ်။မှတ်တမ်းလည်းရှိတယ်။ သေဆုံးသူဦးခိုင်ဇော်ဝင်းကို ဆေးမှားထိုးပေးလိုက်လို့သေသွားတဲ့သဘောပဲ။ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းက ၎င်းတို့ကို ဖမ်းထားတာကြောင့် ငွေသိန်း ၃၅၀ နဲ့လာရွေးပေးပါဆိုပြီးတော့ သေဆုံးသူရဲ့ဇနီးထံကိုဖုန်းဆက်တာပါလို့ သူတို့(ပြစ်မှုကျူးလွန်သူ)ထွက်ဆိုချက်အရသိရတာပါ” ဟုတန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွား၊ (၃၇)နှစ်ကိုဟိုပန်မြို့၊ တောင်တန်းသာသနာပြု ကျောင်းတိုက်တွင် သက်သေများရှေ့၌လူဝတ်လဲစေပြီးနောက် ပါဝင်ပတ်သက်သူ ကားဆရာဦးဟန်သိန်းတို့ကို တန့်ယန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ-  ၃၀၂/ ၃၈၇/၂၀၁/၁၁၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။