Skip to main content
ျမန္မာ့ဖရဲႏွင့္သခြားေမႊးတို႔ အရည္အေသြးေကာင္းမြန္မႈမရွိသျဖင့္ တရုတ္ႏုိင္ငံ၏၀ယ္လိုအားက်ဆင္း 
Ads Block

ျမန္မာ့ဖရဲႏွင့္သခြားေမႊးတို႔ အရည္အေသြးေကာင္းမြန္မႈမရွိသျဖင့္ တရုတ္ႏုိင္ငံ၏၀ယ္လိုအားက်ဆင္း 

 

မူဆယ္ ၁၀၅ မိုင္ဇုန္သို႔ ဖရဲသီးႏွင့္ သခြားေမႊးတို႔၀င္ေရာက္လာေသာ္လည္း အရည္အေသြးမေကာင္းသည့္ သစ္သီးမ်ားျပားေနသျဖင့္ တရုတ္ႏုိင္ငံ၏၀ယ္လိုအားက်ဆင္းလာေၾကာင္း မူဆယ္ကုန္စည္ဒိုင္မွ သိရသည္။
လက္ရွိ မူဆယ္ ၁၀၅ မိုင္ဇုန္မွ ျမန္မာ့ဖရဲသီးႏွင့္သခြားေမႊးေစ်းကြက္အေျခအေနႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ သိရွိရျခင္းျဖစ္သည္။ 
“ အရင္ႏွစ္ထက္ ဝယ္လိုအားကက်သြားတယ္။ ကုန္ေတြကေတာ့ ေတာက္ေလွ်ာက္ဝင္တယ္။ ဝင္လာတဲ့ အသီးေတြကိုစစ္ၾကည့္လိုက္ေတာ့ အရည္အေသြးပိုင္းက သိပ္မေကာင္းဘူး။ ထိုင္းကဝင္လာတဲ့ အသီးေတြလည္းရွိေနတယ္။ ဒီလကုန္ရင္ေတာ့ ဝယ္လိုအားကတက္ရင္တက္လာႏိုင္တယ္” ဟု မူဆယ္(၁၀၅)မိုင္ဇုန္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ႏွစ္၌သစ္သီးကုန္တင္ပို႔မႈမွာ တရုတ္ဘက္မွဝယ္လိုအားမ်ားၿပီး ယခုႏွစ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေစ်းကြက္က်ဆင္းျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိမူဆယ္ (၁၀၅)မိုင္ဇုန္တြင္ သစ္သီးကုန္မ်ား ပံုမွန္အတိုင္းတင္ပို႔ေနၿပီး ပါမစ္ျဖင့္ဆန္တင္ပို႔ေနရကာ သၾကားႏွင့္ ေျပာင္းတို႔မွာတင္ပို႔မႈရပ္ဆိုင္းသြားေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

မူဆယ် ၁၀၅ မိုင်ဇုန်သို့ ဖရဲသီးနှင့် သခွားမွှေးတို့ဝင်ရောက်လာသော်လည်း အရည်အသွေးမကောင်းသည့် သစ်သီးများပြားနေသဖြင့် တရုတ်နိုင်ငံ၏ဝယ်လိုအားကျဆင်းလာကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
လက်ရှိ မူဆယ် ၁၀၅ မိုင်ဇုန်မှ မြန်မာ့ဖရဲသီးနှင့်သခွားမွှေးဈေးကွက်အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ သိရှိရခြင်းဖြစ်သည်။ 
“ အရင်နှစ်ထက် ဝယ်လိုအားကကျသွားတယ်။ ကုန်တွေကတော့ တောက်လျှောက်ဝင်တယ်။ ဝင်လာတဲ့ အသီးတွေကိုစစ်ကြည့်လိုက်တော့ အရည်အသွေးပိုင်းက သိပ်မကောင်းဘူး။ ထိုင်းကဝင်လာတဲ့ အသီးတွေလည်းရှိနေတယ်။ ဒီလကုန်ရင်တော့ ဝယ်လိုအားကတက်ရင်တက်လာနိုင်တယ်” ဟု မူဆယ်(၁၀၅)မိုင်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်၌သစ်သီးကုန်တင်ပို့မှုမှာ တရုတ်ဘက်မှဝယ်လိုအားများပြီး ယခုနှစ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဈေးကွက်ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမူဆယ် (၁၀၅)မိုင်ဇုန်တွင် သစ်သီးကုန်များ ပုံမှန်အတိုင်းတင်ပို့နေပြီး ပါမစ်ဖြင့်ဆန်တင်ပို့နေရကာ သကြားနှင့် ပြောင်းတို့မှာတင်ပို့မှုရပ်ဆိုင်းသွားကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။