Skip to main content
ကုိကင္း သုံးတန္ တင္လာတဲ့ ေရငုပ္သေဘၤာတစ္စီးကုိ စပိန္မွာ ဖမ္းဆီးရမိ 
Ads Block

ကုိကင္း သုံးတန္ တင္လာတဲ့ ေရငုပ္သေဘၤာတစ္စီးကုိ စပိန္မွာ ဖမ္းဆီးရမိ 

 

ယူရုိ သန္း ၁၀၀ တန္ဖုိးရွိ ကုိကင္းမူးယစ္ေဆး၀ါး သုံးတန္ သယ္ေဆာင္လာတဲ့ ေရငုပ္သေဘၤာတစ္စီးကုိ စပိန္ကမ္းလြန္မွာ သီတင္းပတ္ကုန္ပုိင္းက သိမ္ဆည္းရမိခဲ့တယ္လုိ ့ စပိန္အစုိးရ တာ၀န္ရွိသူေတြက ဗုဒၶဟူးေန ့မွာ ေျပာဆုိခဲ့ပါတယ္။ 
၂၀ မီတာ အရွည္ရွိတဲ့ ေရငုပ္သေဘၤာကုိ ႏုိင္ငံ အေနာက္ေျမာက္ပုိင္း ဂဲလ္လစ္စီယာကမ္းလြန္မွာ ရဲတပ္ဖြဲ႕က ၿပီးခဲ့တဲ့ စေနေန ့မွာ ၾကားျဖတ္္ဟန္ ့တား သိမ္းဆည္းႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။ ေရငုပ္သေဘၤာကုိ နီးစပ္ရာ ဆိပ္ကမ္းကုိ ဆြဲယူကာ ေရေပၚေဖာ္ၿပီးေနာက္မွသာ အထဲမွာတင္ေဆာင္လာတဲ့ မူးယစ္ေဆး၀ါး ပမာဏကုိ ရဲေတြ အတိအက် သိခဲ့တာျဖစ္ပါတယ္။ ကုိကင္း စုစုေပါင္း သုံးတန္ပါ၀င္တဲ့ အထုပ္ေပါင္း ၁၅၂ ထုပ္ေတြ႕ခဲ့ေၾကာင္း စပိန္ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာဆုိပါတယ္။ မူးယစ္ေဆး၀ါး ေမွာင္ခုိကူးသူေတြ အထူးသျဖင့္ ကုိလံဘီယာ မူးယစ္သမားေတြဟာ ေရငုပ္သေဘၤာေတြကုိ သုံးၿပီး မကၠဆီကုိႏုိင္ငံ ထုိမွတဆင့္ အေမရိကန္ ျပည္ေထာင္စုသုိ ့ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္ၾကတာေတြကုိ ဖမ္းမိခဲ့မႈေတြရွိေၾကာင္း အခုလုိ မူးယစ္ေဆး၀ါး သယ္ယူပုိ ့ေဆာင္မႈ ပုံစံသစ္ဟာ ဥေရာပမွာ ပထမဆုံးအႀကိမ္  ေတြ႕ရွိခဲ့တာျဖစ္ေၾကာင္း စပိန္ ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။ 
မူးယစ္ေဆး၀ါးေတြရဲ႕ တန္ဖုိးဟာ ေမွာင္ခုိေစ်းအားျဖင့္ ယူရုိ သန္း ၁၀၀ (ကန္ေဒၚလာ ၁၁၀ သန္း) ဖုိးေလာက္ရွိေၾကာင္း ဗဟုိအစုိးရရဲ႕ ဂဲလ္လစ္စီယာျပည္နယ္ဆုိင္ရာ တာ၀န္ရွိသူ ဂ်ာဗီယာ လုိဆာဒါ ဒီ အက္ပီယာဇူက သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။ 
ယခုျဖစ္စဥ္အေပၚ စုံစမ္းစစ္ေဆးမႈနဲ႕ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ဦးက AFP သတင္းကုိ ေျပာၾကားထားခဲ့ရာမွာ ေရငုပ္သေဘၤာဟာ ေတာင္အေမရိကေဒသက လာတာလုိ ့ေျပာဆုိေပမယ့္ လုိဆာဒါ ဒီအက္ပီယာဇူကေတာ့ သေဘၤာဘယ္ေနရာကလာတယ္ဆုိတာ ရဲတပ္ဖြဲ႕က စစ္ေဆးေနဆဲျဖစ္တယ္လုိ ့ဆုိပါတယ္။ 
ဘရာဇီး၊ ေပၚတူဂီ၊ အေမရိကန္ျပည္ေထာင္စု ရဲတပ္ဖြဲ႕ေတြနဲ႕ ပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ ယခု စစ္ဆင္ေရးမွာ တပ္ဖြဲ႕၀င္ ၂၄၀ ခန္ ့ ပါ၀င္ခဲ့တာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ ဟန္ ့တားဖမ္းဆီးဖုိ ့လုပ္ရာမွာ ေရငုပ္သေဘၤာထဲကေန ထြက္ေျပးဖုိ ့ႀကိဳးစားခဲ့တဲ့  အီေကြေဒါႏုိင္ငံသားႏွစ္ဦးကုိ ဖမ္းဆီးထားၿပီး တတိယေျမာက္တစ္ဦးကေတာ့ လြတ္ေျမာက္ေနဆဲလုိ ့ သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

ယူရို သန်း ၁၀၀ တန်ဖိုးရှိ ကိုကင်းမူးယစ်ဆေးဝါး သုံးတန် သယ်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစ်စီးကို စပိန်ကမ်းလွန်မှာ သီတင်းပတ်ကုန်ပိုင်းက သိမ်ဆည်းရမိခဲ့တယ်လို့ စပိန်အစိုးရ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။ 
၂၀ မီတာ အရှည်ရှိတဲ့ ရေငုပ်သင်္ဘောကို နိုင်ငံ အနောက်မြောက်ပိုင်း ဂဲလ်လစ်စီယာကမ်းလွန်မှာ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မှာ ကြားဖြတ်ဟန့်တား သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကို နီးစပ်ရာ ဆိပ်ကမ်းကို ဆွဲယူကာ ရေပေါ်ဖော်ပြီးနောက်မှသာ အထဲမှာတင်ဆောင်လာတဲ့ မူးယစ်ဆေးဝါး ပမာဏကို ရဲတွေ အတိအကျ သိခဲ့တာဖြစ်ပါတယ်။ ကိုကင်း စုစုပေါင်း သုံးတန်ပါဝင်တဲ့ အထုပ်ပေါင်း ၁၅၂ ထုပ်တွေ့ခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေ အထူးသဖြင့် ကိုလံဘီယာ မူးယစ်သမားတွေဟာ ရေငုပ်သင်္ဘောတွေကို သုံးပြီး မက္ကဆီကိုနိုင်ငံ ထိုမှတဆင့် အမေရိကန် ပြည်ထောင်စုသို့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ကြတာတွေကို ဖမ်းမိခဲ့မှုတွေရှိကြောင်း အခုလို မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှု ပုံစံသစ်ဟာ ဥရောပမှာ ပထမဆုံးအကြိမ်  တွေ့ရှိခဲ့တာဖြစ်ကြောင်း စပိန် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ 
မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ မှောင်ခိုဈေးအားဖြင့် ယူရို သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၀ သန်း) ဖိုးလောက်ရှိကြောင်း ဗဟိုအစိုးရရဲ့ ဂဲလ်လစ်စီယာပြည်နယ်ဆိုင်ရာ တာဝန်ရှိသူ ဂျာဗီယာ လိုဆာဒါ ဒီ အက်ပီယာဇူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 
ယခုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက AFP သတင်းကို ပြောကြားထားခဲ့ရာမှာ ရေငုပ်သင်္ဘောဟာ တောင်အမေရိကဒေသက လာတာလို့ပြောဆိုပေမယ့် လိုဆာဒါ ဒီအက်ပီယာဇူကတော့ သင်္ဘောဘယ်နေရာကလာတယ်ဆိုတာ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ 
ဘရာဇီး၊ ပေါ်တူဂီ၊ အမေရိကန်ပြည်ထောင်စု ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ယခု စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင် ၂၄၀ ခန့် ပါဝင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ဟန့်တားဖမ်းဆီးဖို့လုပ်ရာမှာ ရေငုပ်သင်္ဘောထဲကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့  အီကွေဒေါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားပြီး တတိယမြောက်တစ်ဦးကတော့ လွတ်မြောက်နေဆဲလို့ သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။