Skip to main content
၂၀၀၈ ဖြဲ႔စည္းပုံဆိုသည္မွာ ဦးေႏွာက္ျဖင့္စဥ္းစားၿပီးေရးဆြဲရေသာအလုပ္ျဖစ္ေၾကာင္း တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာ
Ads Block

၂၀၀၈ ဖြဲ႔စည္းပုံဆိုသည္မွာ ဦးေႏွာက္ျဖင့္စဥ္းစားၿပီးေရးဆြဲရေသာအလုပ္ျဖစ္ေၾကာင္း တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာ

 

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိသည္မွာဦးေႏွာက္ျဖင့္စဥ္းစားၿပီးေရးဆြဲရေသာအလုပ္ျဖစ္ၿပီး မူလတန္း၊ အလယ္တန္းေက်ာင္းသားမ်ားကဲ့သို႔ ေမးခြန္းကုိနံၾကားေထာက္ၿပီး ေရြးခ်ယ္ရေသာအလုပ္မဟုတ္ေၾကာင္း တပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ဗုိလ္မွဴးရဲစုိးက ေျပာလိုက္သည္။ 
ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း၊ န၀မေန႔တြင္ ဖြဲ႔စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္၍ေဆြးေႏြးရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိတာအျခားႏုိင္ငံေတြကေနပုံတူကူးခ်လုိ႔ရတဲ့ကိစၥမဟုတ္ပါဘူး။  ယခုအတည္ျပဳ က်င့္သုံးေနတဲ့အေျခခံဥပေဒဟာ မိမိတုိ႔ ႏုိင္ငံ၊ လူမ်ိဳး၊ ပထ၀ီအေနအထား၊ ယဥ္ေက်းမႈဓေလ့စရုိက္၊ ဘက္ေပါင္းစုံက ရႈေထာင့္အမ်ိဳးမ်ိဳးနဲ႔စဥ္းစားၿပီးဥပေဒပညာရွင္မ်ားကေရးဆြဲထားတာျဖစ္ပါတယ္။ ငါနဲ႔မတူ၊ ငါ့ရန္သူဆုိၿပီး ပုဂၢလိကအက်ိဳးေရွးရႈျပင္ဆင္ရင္ေတာ့ဒီမုိကေရစီမဆန္ျဖစ္သြားႏုိင္ပါတယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒဆုိတာ ဦးေႏွာက္နဲ႔စဥ္းစားၿပီးေရးဆြဲရတဲ့အလုပ္ပါ။ မူလတန္းေက်ာင္းသား၊ အလယ္တန္းေက်ာင္းသားမ်ားလုိ သာမာန္ေမးခြန္းကုိနံၾကားေထာက္ၿပီး ၅ မိနစ္နဲ႔ေရြးခ်ယ္ရတဲ့အလုပ္ မဟုတ္ပါဘူး။ အဲဒီလုိေရြးခ်ယ္တဲ့ျပင္ဆင္မႈမ်ိဳးဆုိရင္ေတာ့  မူလတန္းအဆင့္နဲ႔ညီတဲ့ဖြဲ႔စည္းပုံမ်ိဳး ျဖစ္သြားႏုိင္ပါတယ္” ဟု တပ္မေတာ္သားျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ဗုိလ္မွဴးရဲစုိးက ေျပာသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္ၿပီး NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ  ၂၉ ရက္၌ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔တင္သြင္းခဲ့ျခင္း ျဖစ္သည္။
ယင္းေနာက္ ျပည္ေထာင္စုလႊတ္ေတာ္မွ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႔စည္းေပးခဲ့ၿပီး လက္ရွိတြင္ျပင္ဆင္သည့္ဥပေဒၾကမ္း ၄ ခုေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ကာ ၂၀၀၈ ခုႏွစ္၊ ေမလတြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပကာ အတည္ျပဳခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာဦးနှောက်ဖြင့်စဉ်းစားပြီးရေးဆွဲရသောအလုပ်ဖြစ်ပြီး မူလတန်း၊ အလယ်တန်းကျောင်းသားများကဲ့သို့ မေးခွန်းကိုနံကြားထောက်ပြီး ရွေးချယ်ရသောအလုပ်မဟုတ်ကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးရဲစိုးက ပြောလိုက်သည်။ 
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ နဝမနေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအခြားနိုင်ငံတွေကနေပုံတူကူးချလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။  ယခုအတည်ပြု ကျင့်သုံးနေတဲ့အခြေခံဥပဒေဟာ မိမိတို့ နိုင်ငံ၊ လူမျိုး၊ ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့စရိုက်၊ ဘက်ပေါင်းစုံက ရှုထောင့်အမျိုးမျိုးနဲ့စဉ်းစားပြီးဥပဒေပညာရှင်များကရေးဆွဲထားတာဖြစ်ပါတယ်။ ငါနဲ့မတူ၊ ငါ့ရန်သူဆိုပြီး ပုဂ္ဂလိကအကျိုးရှေးရှုပြင်ဆင်ရင်တော့ဒီမိုကရေစီမဆန်ဖြစ်သွားနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဦးနှောက်နဲ့စဉ်းစားပြီးရေးဆွဲရတဲ့အလုပ်ပါ။ မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသားများလို သာမာန်မေးခွန်းကိုနံကြားထောက်ပြီး ၅ မိနစ်နဲ့ရွေးချယ်ရတဲ့အလုပ် မဟုတ်ပါဘူး။ အဲဒီလိုရွေးချယ်တဲ့ပြင်ဆင်မှုမျိုးဆိုရင်တော့  မူလတန်းအဆင့်နဲ့ညီတဲ့ဖွဲ့စည်းပုံမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးရဲစိုးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ  ၂၉ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းပေးခဲ့ပြီး လက်ရှိတွင်ပြင်ဆင်သည့်ဥပဒေကြမ်း ၄ ခုရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ကာ ၂၀၀၈ ခုနှစ်၊ မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။