Skip to main content
လႊတ္ေတာ္အေနျဖင့္ အနာဂတ္မ်ိဳးဆက္မ်ားအတြက္ခိုင္မာေသာဥပေဒမ်ားျပဳရမည္ဟု ဆို
Ads Block

လႊတ္ေတာ္အေနျဖင့္ အနာဂတ္မ်ိဳးဆက္မ်ားအတြက္ခိုင္မာေသာဥပေဒမ်ားျပဳရမည္ဟု ဆို

 

လႊတ္ေတာ္သည္ႏွစ္ေပါင္းမ်ားစြာရွိေနမည္ျဖစ္ေသာ္လည္း အနာဂတ္မ်ိဳးဆက္မ်ားအတြက္ ခိုင္မာသည့္ ဥပေဒမ်ားျပဳရန္လိုအပ္ေၾကာင္း ကယားျပည္နယ္မဲဆႏၵနယ္အမွတ္(၉)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိ္ုးသိန္းကေျပာသည္။
ႏုိ၀င္ဘာလ (၂၈)ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း၊ အ႒မေန႔တြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။
“Camping Financing Law တို႔၊ Election Law တို႔ကအခ်ဳပ္အျခာအာဏာကိုကာကြယ္ပါတယ္။ ျမန္မာႏုိင္ငံမွာ Camping Financing Law လည္းမရွိဘူး။ General Election Law ကလည္းမျပည့္စံုတဲ့အတြက္ေၾကာင့္ Constitutional Protection ကမျဖစ္မေနလိုအပ္လာပါတယ္။ တကယ္လို႔ႏုိင္ငံျခားၾသဇာခံယူထားတဲ့သူမ်ားကို Constitutional အရမတားျမစ္ဘူးဆိုရင္ ျမန္မာႏုိင္ငံရဲ႕အခ်ဳပ္အျခာအာဏာကေတာ့ အေနွးနဲ႔အျမန္ ဆံုးရႈံးသြားမွာျဖစ္ပါတယ္။ ျပည္ေထာင္စုရဲ႕အစိတ္အပိုင္းျဖစ္တဲ့ ျပည္နယ္ (၇)ခု၊ တိုင္းေဒႀကီး(၇)ခုမွာ ႏုိင္ငံျခားသားၾသဇာခံပုဂၢိဳလ္ေတြ၊ ၀န္ႀကီးခ်ဳပ္ေတြ၊ ၀န္ႀကီးေတြလုပ္ခြင့္ေပးမယ္ဆိုရင္ ျမန္မာႏုိင္ငံရဲ႕ အနာဂတ္ဟာ တိုင္းတစ္ပါးရဲ႕ၾသဇာကတိုက္ရုိက္ေသာ္လည္းေကာင္း၊ သြယ္၀ိုက္ၿပီးေသာ္လည္းေကာင္း က်ေရာက္သြားပါလိမ့္မယ္။ ကၽြန္ေတာ္တို႔လႊတ္ေတာ္ဟာႏွစ္ေပါင္းမ်ားစြာရွိေနမွာျဖစ္ေသာ္လည္း ကၽြန္ေတာ္တိုု႔ဟာလူသားေတြျဖစ္တဲ့အတြက္ ကန္႔သတ္ခ်က္ေတြရွိတယ္။ ဒါေၾကာင့္ အနာဂတ္မ်ိဳးဆက္အတြက္ ခိုင္မာတဲ့ဥပေဒေတြျပဳရမွာပါ။”ဟု ကယားျပည္နယ္မဲဆႏၵနယ္အမွတ္(၉)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိ္ုးသိန္းက ေျပာသည္။
တပ္မေတာ္သားအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေအာင္ဆန္းခ်စ္အပါအ၀င္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦးတင္သြင္းသည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒမူၾကမ္းအေပၚ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ယင္းဥပေဒၾကမ္းကို ႏုိ၀င္ဘာလ (၂၀)ရက္၌ က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီက ဖတ္ၾကားတင္သြင္းခဲ့ျခင္းျဖစ္သည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

လွှတ်တော်သည်နှစ်ပေါင်းများစွာရှိနေမည်ဖြစ်သော်လည်း အနာဂတ်မျိုးဆက်များအတွက် ခိုင်မာသည့် ဥပဒေများပြုရန်လိုအပ်ကြောင်း ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကပြောသည်။
နိုဝင်ဘာလ (၂၈)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့တွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“Camping Financing Law တို့၊ Election Law တို့ကအချုပ်အခြာအာဏာကိုကာကွယ်ပါတယ်။ မြန်မာနိုင်ငံမှာ Camping Financing Law လည်းမရှိဘူး။ General Election Law ကလည်းမပြည့်စုံတဲ့အတွက်ကြောင့် Constitutional Protection ကမဖြစ်မနေလိုအပ်လာပါတယ်။ တကယ်လို့နိုင်ငံခြားသြဇာခံယူထားတဲ့သူများကို Constitutional အရမတားမြစ်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကတော့ အနှေးနဲ့အမြန် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့အစိတ်အပိုင်းဖြစ်တဲ့ ပြည်နယ် (၇)ခု၊ တိုင်းဒေကြီး(၇)ခုမှာ နိုင်ငံခြားသားသြဇာခံပုဂ္ဂိုလ်တွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေလုပ်ခွင့်ပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ တိုင်းတစ်ပါးရဲ့သြဇာကတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ကျရောက်သွားပါလိမ့်မယ်။ ကျွန်တော်တို့လွှတ်တော်ဟာနှစ်ပေါင်းများစွာရှိနေမှာဖြစ်သော်လည်း ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေရှိတယ်။ ဒါကြောင့် အနာဂတ်မျိုးဆက်အတွက် ခိုင်မာတဲ့ဥပဒေတွေပြုရမှာပါ။”ဟု ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ်အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းအပေါ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းကို နိုဝင်ဘာလ (၂၀)ရက်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။