Skip to main content
အီရတ္ ဆႏၵျပသူေတြ အီရန္သံရုံးအတြင္း ၀င္ေရာက္ကာ မီးရႈိ႕ 
Ads Block

အီရတ္ ဆႏၵျပသူေတြ အီရန္သံရုံးအတြင္း ၀င္ေရာက္ကာ မီးရႈိ႕ 

 

အီရတ္ ဆႏၵျပသူေတြဟာ ဗုဒၶဟူးေန ့က ႏုိင္ငံေတာင္ပုိင္း နာဂ်က္ဖ္ၿမိဳ႕ရွိ အီရန္သံရုံးအတြင္း ခ်ဳိးေဖာက္၀င္ေရာက္ခဲ့ၿပီး မီးရႈိ႕ခဲ့ၾကေၾကာင္း ရဲတပ္ဖြဲ႕နဲ႕ အရပ္ဖက္ကာကြယ္ေရး သတင္းရင္းျမစ္ေတြက ေျပာဆုိပါတယ္။ 
အခင္းျဖစ္ရပ္ မတုိင္မီ သံရုံး၀န္ထမ္္းေတြကုိ ေနရာေျပာင္းေရႊ႕ေပးထားခဲ့ေၾကာင္းလည္း ၄င္းတုိ ့က ေျပာဆုိပါတယ္။ သံရုံးတုိက္ခုိက္ခဲ့မႈအၿပီး မၾကာခင္မွာပဲ အာဏာပုိင္ေတြက ကာဖ်ဴးထုတ္လုိက္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာက ထုတ္ျပန္ပါတယ္။  
ဆႏၵျပသေူတြဟာ ဗုဒၶဟူးေန ့ညပုိင္းက သံရုံး၀န္းအတြင္း ၀င္ေရာက္ခဲ့ၾကၿပီး သံရုံးအေဆာက္အအုံ တစ္ခုလုံးကုိ မီးတင္ရႈိ႕ခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။ 
အစုိးရနဲ႕ ႏုိင္ငံေရးသမားေတြဟာ ျခစားမႈေတြရွိေနကာ ျပည္ပ အင္အားႀကီးႏုိင္ငံေတြ အထူးသျဖင့္ အိမ္နီးခ်င္း အီရန္ႏုိင္ငံရဲ႕ ေက်းဇူးခံ ေက်းဇူးစားျဖစ္ေနတယ္လုိ ့ အီရတ္ဆႏၵျပသူေတြက ရႈျမင္ေနၾကၿပီး အစုိးရနဲ႕ အဆင့္အျမင့္အရာရွိေတြ ႏုတ္ထြက္ေပးၾကဖုိ ့ ဆႏၵ့ျပသူ ေထာင္ေပါင္းမ်ားစြာက ေတာင္းဆုိေနၾကပါတယ္။ 
ဆူပူအုံၾကြမႈေတြကုိ အာဏာပုိင္ေတြက ႏွိမ္နင္းခဲ့ရာမွာ လူ ၃၀၀ ေက်ာ္ ပစ္သတ္ခံခဲ့ရၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕နဲ႕ ေဆးဘက္ဆုိင္ရာေတြက ေျပာဆုိပါတယ္။ အီရန္ေက်ာေထာက္ခံျပဳ ပါတီေတြနဲ႕ လက္နက္ကုိင္အဖြဲ႕ေတြဟာ အစုိးရဌာနေတြနဲ႕ ပါလီမန္ကုိ လႊမ္းမုိးထားၾကပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

Unicode Version 

 

အီရတ် ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့က နိုင်ငံတောင်ပိုင်း နာဂျက်ဖ်မြို့ရှိ အီရန်သံရုံးအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့ပြီး မီးရှို့ခဲ့ကြကြောင်း ရဲတပ်ဖွဲ့နဲ့ အရပ်ဖက်ကာကွယ်ရေး သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ 
အခင်းဖြစ်ရပ် မတိုင်မီ သံရုံးဝန်ထမ်းတွေကို နေရာပြောင်းရွှေ့ပေးထားခဲ့ကြောင်းလည်း ၎င်းတို့က ပြောဆိုပါတယ်။ သံရုံးတိုက်ခိုက်ခဲ့မှုအပြီး မကြာခင်မှာပဲ အာဏာပိုင်တွေက ကာဖျူးထုတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။  
ဆန္ဒပြသေူတွဟာ ဗုဒ္ဓဟူးနေ့ညပိုင်းက သံရုံးဝန်းအတွင်း ဝင်ရောက်ခဲ့ကြပြီး သံရုံးအဆောက်အအုံ တစ်ခုလုံးကို မီးတင်ရှို့ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ 
အစိုးရနဲ့ နိုင်ငံရေးသမားတွေဟာ ခြစားမှုတွေရှိနေကာ ပြည်ပ အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် အိမ်နီးချင်း အီရန်နိုင်ငံရဲ့ ကျေးဇူးခံ ကျေးဇူးစားဖြစ်နေတယ်လို့ အီရတ်ဆန္ဒပြသူတွေက ရှုမြင်နေကြပြီး အစိုးရနဲ့ အဆင့်အမြင့်အရာရှိတွေ နုတ်ထွက်ပေးကြဖို့ ဆန္ဒ့ပြသူ ထောင်ပေါင်းများစွာက တောင်းဆိုနေကြပါတယ်။ 
ဆူပူအုံကြွမှုတွေကို အာဏာပိုင်တွေက နှိမ်နင်းခဲ့ရာမှာ လူ ၃၀၀ ကျော် ပစ်သတ်ခံခဲ့ရပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာတွေက ပြောဆိုပါတယ်။ အီရန်ကျောထောက်ခံပြု ပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အစိုးရဌာနတွေနဲ့ ပါလီမန်ကို လွှမ်းမိုးထားကြပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။