Skip to main content
ႏုိင္ငံေတာ္သမၼတႏွင့္ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္တုိ႔သည္ မဲဆြယ္ကာလတြင္ ႏုိင္ငံေတာ္၏ ေမာ္ေတာ္ကားမ်ား သုံးစြဲခြင့္ရွိဟုဆို 
Ads Block

ႏုိင္ငံေတာ္သမၼတႏွင့္ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္တုိ႔သည္ မဲဆြယ္ကာလတြင္ ႏုိင္ငံေတာ္၏ ေမာ္ေတာ္ကားမ်ား သုံးစြဲခြင့္ရွိဟုဆို 

 

ႏုိင္ငံေတာ္သမၼတႏွင့္ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္တုိ႔ မဲဆြယ္ကာလတြင္ ႏုိင္ငံေတာ္၏ေမာ္ေတာ္ကားမ်ား အသံုးျပဳျခင္းကို ေရြးေကာက္ပြဲဥပေဒတြင္ တားျမစ္ထားျခင္းမရွိေၾကာင္း သိရသည္။ 
ေနျပည္ေတာ္တြင္ ႏုိ၀င္ဘာလ ၂၇ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွအဖြဲ႔၀င္ ဦးျမင့္ႏုိင္ေျပာၾကားခ်က္အရ သိရျခင္းျဖစ္သည္။ 
“ ေရြးေကာက္ပြဲဥပေဒပုဒ္မ- ၁၀(ခ) မွာ ႏုိင္ငံေတာ္ရဲ႕ေငြေၾကး၊ ပစၥည္း၊ ေျမတစ္စုံတစ္ရာကုိရထားလုိ႔ရွိရင္ အင္အားကုိပုိင္ဆုိင္သုံးစြဲခြင့္ရထားလုိ႔ရွိရင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရွိတယ္လုိ႔ေတာ့ ျပ႒ာန္းထားတာရွိတယ္။ ဆုိေတာ့ ႏုိင္ငံေတာ္သမၼတတုိ႔၊ ႏုိင္ငံေတာ္အတုိင္ပင္ခံတုိ႔ကုိ သူ႔ရဲ႕စီးလာတဲ့ေမာ္ေတာ္ကားေပါ့။ သူ႔ရဲ႕လုံၿခဳံေရးအတြက္ ႏုိင္ငံေတာ္ကေနစီစဥ္ေပးထားတာဆုိတဲ့အခါက်ေတာ့ သူတုိ႔ရဲ႕လုံၿခဳံေရးအတြက္ စီစဥ္ထားတဲ့ကိစၥကုိ ဒါကုိဥပေဒအရမလုပ္ရဘူး။ တားျမစ္ထားတာေတာ့မရွိဘူး။ တျခားကားကုိပဲ ေျပာင္းစီးရမယ္။ ႏုိင္ငံေတာ္ရဲ႕လုံၿခဳံေရး၊ ဒါကႏုိင္ငံေတာ္ကစီမံေပးထားတာက ဒီကားေပၚမွာ ဒီလုံၿခဳံေရး၊ ဒီလူေတြကအေစာင့္အေရွာက္ေပးရမယ္။ ဒါေတြကုိမလုပ္ရဘူး။ တားျမစ္ထားတာမရွိပါဘူး’’ဟု ၄င္းက ေျပာသည္။
ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ႏွင့္ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔သည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းNLDဗဟုိအလုပ္အမႈေဆာင္ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားထားသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ႏုိင္ငံေတာ္သမၼတဦး၀င္းျမင့္သည္ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေနရာမွ ၀င္ေရာက္ယွဥ္ၿပိဳင္အႏုိင္ရခဲ့ၿပီး ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္သည္ ေကာ့မွဴးမဲဆႏၵနယ္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ အႏုိင္ရရွိခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်ကာလတွင် နိုင်ငံတော်၏မော်တော်ကားများ အသုံးပြုခြင်းကို ရွေးကောက်ပွဲဥပဒေတွင် တားမြစ်ထားခြင်းမရှိကြောင်း သိရသည်။ 
နေပြည်တော်တွင် နိုဝင်ဘာလ ၂၇ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင် ဦးမြင့်နိုင်ပြောကြားချက်အရ သိရခြင်းဖြစ်သည်။ 
“ ရွေးကောက်ပွဲဥပဒေပုဒ်မ- ၁၀(ခ) မှာ နိုင်ငံတော်ရဲ့ငွေကြေး၊ ပစ္စည်း၊ မြေတစ်စုံတစ်ရာကိုရထားလို့ရှိရင် အင်အားကိုပိုင်ဆိုင်သုံးစွဲခွင့်ရထားလို့ရှိရင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့တော့ ပြဋ္ဌာန်းထားတာရှိတယ်။ ဆိုတော့ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံတို့ကို သူ့ရဲ့စီးလာတဲ့မော်တော်ကားပေါ့။ သူ့ရဲ့လုံခြုံရေးအတွက် နိုင်ငံတော်ကနေစီစဉ်ပေးထားတာဆိုတဲ့အခါကျတော့ သူတို့ရဲ့လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကိုဥပဒေအရမလုပ်ရဘူး။ တားမြစ်ထားတာတော့မရှိဘူး။ တခြားကားကိုပဲ ပြောင်းစီးရမယ်။ နိုင်ငံတော်ရဲ့လုံခြုံရေး၊ ဒါကနိုင်ငံတော်ကစီမံပေးထားတာက ဒီကားပေါ်မှာ ဒီလုံခြုံရေး၊ ဒီလူတွေကအစောင့်အရှောက်ပေးရမယ်။ ဒါတွေကိုမလုပ်ရဘူး။ တားမြစ်ထားတာမရှိပါဘူး’’ဟု ၎င်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းNLDဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့မှူးမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။