Skip to main content
အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးအတြက္ အစိုးရမွက်ပ္သန္းေပါင္း (၁၅၀) အသံုးျပဳထားၿပီးျဖစ္ဟုဆို
Ads Block

အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးအတြက္ အစိုးရမွက်ပ္သန္းေပါင္း (၁၅၀) အသံုးျပဳထားၿပီးျဖစ္ဟုဆို

 

အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးအတြက္ အစိုးရမွ က်ပ္သန္းေပါင္း (၁၅၀) အသံုးျပဳထားၿပီးျဖစ္ေၾကာင္း လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။
ေနျပည္ေတာ္ရွိမဂၤလာသီရိဟိုတယ္၌ ႏုိ၀င္ဘာလ (၂၅)ရက္ကက်င္းပသည့္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရး (၁၆)ရက္တာလႈပ္ရွားမႈအခမ္းအနားတြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ အမ်ိဳးသမီးမ်ားအား အၾကမ္းဖက္မႈတားဆီးကာကြယ္ေရးနဲ႔တုံ႔ျပန္ေဆာင္႐ြက္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္ ေကာ္မတီ၏လုပ္ငန္းစီမံခ်က္(မူၾကမ္း)ကိုလည္းေရးဆြဲထားရွိၿပီး ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈမ်ားမွ တားဆီးကာကြယ္ေရးအတြက္ မိမိတို႔ဝန္ႀကီးဌာနအေနနဲ႔၂၄ နာရီ၊ Help Line ဝန္ေဆာင္မႈကို ၂၀၁၆ ခုႏွစ္မွစတင္၍ ထူေထာင္ထားရွိၿပီးေျဖရွင္းေဆာင္႐ြက္ေပးလ်က္ရွိၿပီး လက္ရွိအခ်ိန္ထိ တရားရင္ဆိုင္စရိတ္ေထာက္ပံ့ျခင္း၊ အသက္ေမြးဝမ္းေၾကာင္းေထာက္ပံ့ျခင္းမ်ားအေနနဲ႔ က်ပ္သန္းေပါင္း (၁၅၀) အသံုးျပဳၿပီးျဖစ္ပါတယ္။”ဟု လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။
အၾကမ္းဖက္မႈဆိုင္ရာအသိပညာေပးသင္တန္းမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ သက္ငယ္မုဒိမ္းအသိပညာေပး ပိုစတာစိုက္ထူျခင္းမ်ားကိုသက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္ အမ်ိဳးသမီးေကာ္မတီမ်ား၏ ဦးေဆာင္မႈျဖင့္ လုပ္ေဆာင္ေနေၾကာင္းသိရသည္။
ထို႔အျပင္ တရားရင္ဆိုင္ေရး၊ က်န္းမာေရး၊ ပညာေရးအကူအညီမ်ားရရွိရန္၊ One Stop Women Support Center (OSWSC) (၄)ခုတည္ေထာင္၍ အၾကမ္းဖက္ခံရသည့္အမ်ိဳးသမီးမ်ားကို ယာယီလက္ခံကာ ေစာင့္ေရွာက္ေပးၿပီး စိတ္လူမႈေရးဆိုင္ရာပံ့ပိုးကူညီမႈမ်ားလုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

-  ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် အစိုးရမှ ကျပ်သန်းပေါင်း (၁၅၀) အသုံးပြုထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ နိုဝင်ဘာလ (၂၅)ရက်ကကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏လုပ်ငန်းစီမံချက်(မူကြမ်း)ကိုလည်းရေးဆွဲထားရှိပြီး ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေနဲ့၂၄ နာရီ၊ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်မှစတင်၍ ထူထောင်ထားရှိပြီးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်ထိ တရားရင်ဆိုင်စရိတ်ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကြောင်းထောက်ပံ့ခြင်းများအနေနဲ့ ကျပ်သန်းပေါင်း (၁၅၀) အသုံးပြုပြီးဖြစ်ပါတယ်။”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သက်ငယ်မုဒိမ်းအသိပညာပေး ပိုစတာစိုက်ထူခြင်းများကိုသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်နေကြောင်းသိရသည်။
ထို့အပြင် တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးအကူအညီများရရှိရန်၊ One Stop Women Support Center (OSWSC) (၄)ခုတည်ထောင်၍ အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံကာ စောင့်ရှောက်ပေးပြီး စိတ်လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှုများလုပ်ဆောင်ပေးနေကြောင်း သိရသည်။

-  ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။