Skip to main content
ထိုင္း- ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြား
Ads Block

ထိုင္း- ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြား

 

ထိုင္း- ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕တြင္ တပ္မေတာ္ႏွင့္လက္နက္ကိုင္တို႔အၾကားပစ္ခတ္မႈမ်ား ယေန႔(ႏို၀င္ဘာလ ၂၇ ရက္)၊ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ တပ္မေတာ္၊ ၾကာအင္းဆိပ္ႀကီးဗ်ဴဟာမွ ဗ်ဴဟာမွဴးႏွင့္ နယ္ေျမခံတပ္ရင္းမွဴးအပါအဝင္ စစ္ဘက္တာဝန္ရွိသူမ်ားသည္ မြန္ျပည္သစ္တပ္ဖြဲ႕၀င္အခ်ိဳ႕ႏွင့္အတူ ႏို၀င္ဘာလ ၂၇ ရက္၊ နံနက္ ၉ နာရီခြဲ၀န္းက်င္က ထိုင္း-ျမန္မာနယ္စပ္၊ ဘုရားသံုးဆူၿမိဳ႕ရွိ မြန္ျပည္သစ္အပစ္ရပ္လက္နက္ကိုင္အဖြဲ႕ ဆက္ဆံေရးစခန္းသို႔ တရား၀င္အေၾကာင္းၾကားအသိေပးကာ လာေရာက္ခဲ့ေၾကာင္း သိရသည္။ 
ထိုစဥ္ လက္နက္ကိုင္အခ်ိဳ႕က စတင္ပစ္ခတ္ရာမွ အျပန္အလွန္ပစ္ခတ္ၾကၿပီး စစ္ဘက္တာဝန္ရွိသူမ်ားႏွင့္အတူ လိုက္ပါလာသည့္ တင္ေမာင္ဝင္းဆိုသူတြင္ ေသနတ္က်ည္ဦးေခါင္းထိမွန္ဒဏ္ရာရရွိခဲ့ၿပီး အမွတ္- ၂၈၄ ၊ ၾကာအင္းဆိပ္ႀကီးတပ္ရင္းမွ တပ္ရင္းမွဴးအဆင့္ရွိသူ ၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း နယ္ေျမခံတပ္မေတာ္ တာဝန္ရွိသူမ်ားႏွင့္နီးစပ္သူ ၁ ဦးေျပာၾကားခ်က္အရ သိရသည္။ 
ဘုရားသံုးဆူၿမိဳ႕၏ေတာင္ဘက္အျခမ္းေဒသမွာ မြန္ျပည္သစ္ပါတီအေျခစိုက္တပ္စခန္းမ်ား လႈပ္ရွားသည့္ နယ္ေျမျဖစ္ၿပီး လက္ရွိပစ္ခတ္မႈျဖစ္စဉ္အရ ဂ်ပန္ေက်းရြာ၊ မြန္ျပည္သစ္အေျခစိုက္တပ္စခန္းတစ္ခု၊ ၾကံေတာေက်းရြာရွိကင္းစခန္းတစ္ခုနွင့္ တပ္ရင္းသံုးေက်းရြာရွိ ကင္းစခန္းတစ္ခုတို႔ကို ဘုရားသံုးဆူ/ ၾကာအင္းဆိပ္ႀကီးအေျခစိုက္တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ နယ္ေျမခံကရင္နယ္ျခားေစာင့္တပ္မွ တပ္ဖြဲ႕၀င္မ်ားကပူးေပါင္းသိမ္းပိုက္၍ ယာယီအေျခခ်ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ မနက္ကေနစျဖစ္ေနတဲ့ေသနတ္သံေတြၾကားေနရတယ္။ ကၽြန္ေတာ့္ရာဘာျခံထဲက ေသနတ္သံၾကားေနရတယ္။ ပထမက ကရင္တပ္နဲ႔မြန္တပ္ပစ္တယ္လို႔ထင္တာ။ေနာက္ေတာ့ ၿမိဳ႕ေပၚစံုစမ္းၾကည့္ေတာ့ မြန္အဖြဲ႕နဲ႔စစ္တပ္နဲ႔ ပစ္ၾကတယ္လို႔သိရတယ္။ အခုေတာ့ ရပ္ကြက္ထဲကလူေတြ ထိုင္ဘက္ျခမ္း၊ ရွမ္းကုန္းရပ္ကြက္ဘက္က မြန္ဘုန္းျကီးမွာ ယာယီေရႊ႕ေျပာင္းခိုလံႈဖို႔ ကားေတြ၊ ဆိုင္ကယ္ေတြနဲ႔ မိသားစုေတြသြားေနၾကတယ္” ဟု ေဒသခံတစ္ဦးျဖစ္သူ ကိုမြန္ေထာက ေျပာသည္။
အဆိုပါပစ္ခတ္မႈျဖစ္ပြားေသာေနရာမွာ ထိုင္း-ျမန္မာနယ္စပ္ႏွစ္ႏိုင္ငံနယ္နမိတ္အျငင္းပြားကိစၥကို နယ္ေျမကြင္းဆင္းစစ္ေဆးေနသည့္ေနရာျဖစ္ေၾကာင္း သိရသည္။ 
လက္ရွိစစ္ေရးအေျခအေနႏွင့္ပတ္သက္ၿပီး မြန္ျပည္သစ္တပ္ဖြဲ႕မွအႀကီးအကဲမ်ားထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အဆက္အသြယ္မရရွိေသးေပ။

- ေစာေဘာသိုလ္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တပ်မတော်နှင့်လက်နက်ကိုင်တို့အကြားပစ်ခတ်မှုများ ယနေ့(နိုဝင်ဘာလ ၂၇ ရက်)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ တပ်မတော်၊ ကြာအင်းဆိပ်ကြီးဗျူဟာမှ ဗျူဟာမှူးနှင့် နယ်မြေခံတပ်ရင်းမှူးအပါအဝင် စစ်ဘက်တာဝန်ရှိသူများသည် မွန်ပြည်သစ်တပ်ဖွဲ့ဝင်အချို့နှင့်အတူ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်က ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးစခန်းသို့ တရားဝင်အကြောင်းကြားအသိပေးကာ လာရောက်ခဲ့ကြောင်း သိရသည်။ 
ထိုစဉ် လက်နက်ကိုင်အချို့က စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ဘက်တာဝန်ရှိသူများနှင့်အတူ လိုက်ပါလာသည့် တင်မောင်ဝင်းဆိုသူတွင် သေနတ်ကျည်ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ပြီး အမှတ်- ၂၈၄ ၊ ကြာအင်းဆိပ်ကြီးတပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံတပ်မတော် တာဝန်ရှိသူများနှင့်နီးစပ်သူ ၁ ဦးပြောကြားချက်အရ သိရသည်။ 
ဘုရားသုံးဆူမြို့၏တောင်ဘက်အခြမ်းဒေသမှာ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းများ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး လက်ရှိပစ်ခတ်မှုဖြစ်စဉ်အရ ဂျပန်ကျေးရွာ၊ မွန်ပြည်သစ်အခြေစိုက်တပ်စခန်းတစ်ခု၊ ကြံတောကျေးရွာရှိကင်းစခန်းတစ်ခုနှင့် တပ်ရင်းသုံးကျေးရွာရှိ ကင်းစခန်းတစ်ခုတို့ကို ဘုရားသုံးဆူ/ ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်မတော်စစ်ကြောင်းများနှင့် နယ်မြေခံကရင်နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များကပူးပေါင်းသိမ်းပိုက်၍ ယာယီအခြေချထားကြောင်း ဒေသခံများထံမှ သိရသည်။
“ မနက်ကနေစဖြစ်နေတဲ့သေနတ်သံတွေကြားနေရတယ်။ ကျွန်တော့်ရာဘာခြံထဲက သေနတ်သံကြားနေရတယ်။ ပထမက ကရင်တပ်နဲ့မွန်တပ်ပစ်တယ်လို့ထင်တာ။နောက်တော့ မြို့ပေါ်စုံစမ်းကြည့်တော့ မွန်အဖွဲ့နဲ့စစ်တပ်နဲ့ ပစ်ကြတယ်လို့သိရတယ်။ အခုတော့ ရပ်ကွက်ထဲကလူတွေ ထိုင်ဘက်ခြမ်း၊ ရှမ်းကုန်းရပ်ကွက်ဘက်က မွန်ဘုန်းကြီးမှာ ယာယီရွှေ့ပြောင်းခိုလှုံဖို့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ မိသားစုတွေသွားနေကြတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမွန်ထောက ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားသောနေရာမှာ ထိုင်း-မြန်မာနယ်စပ်နှစ်နိုင်ငံနယ်နမိတ်အငြင်းပွားကိစ္စကို နယ်မြေကွင်းဆင်းစစ်ဆေးနေသည့်နေရာဖြစ်ကြောင်း သိရသည်။ 
လက်ရှိစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သစ်တပ်ဖွဲ့မှအကြီးအကဲများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

- စောဘောသိုလ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။