Skip to main content
ကင္ဆာေ၀ဒနာရွင္မ်ားအား ကုသေစာင့္ေရွာက္မႈေပးမည့္စင္တာမ်ားဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေန 
Ads Block

ကင္ဆာေ၀ဒနာရွင္မ်ားအား ကုသေစာင့္ေရွာက္မႈေပးမည့္စင္တာမ်ားဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေန 

 

ကင္ဆာေရာဂါေ၀ဒနာသည္မ်ား နာက်င္မႈေ၀ဒနာသက္သာေလ်ာ့ပါးေစရန္ ကုသေစာင့္ေရွာက္မႈေပးသည့္ စင္တာမ်ားဖြင့္လွစ္ႏုိင္ရန္စီစဥ္ေနေၾကာင္း က်န္းမာေရးနွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။
ဦးလွထြန္းေမတၱာရိပ္မြန္ကင္ဆာေဖာင္ေဒးရွင္း ၂၁ ႏွစ္ျပည့္အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕စာရင္းဇယားခန္႔မွန္းခ်က္မ်ားအရ ကမၻာတစ္၀န္းမွာ နာက်င္မႈေ၀ဒနာ သက္သာေလ်ာ့ပါးေစဖုိ႔ ကုသေစာင့္ေရွာက္မႈလုိအပ္ေနသူမ်ားရဲ႕ ၁၀ ရာခုိင္နႈန္းေအာက္သာ ကုသမႈ ရရွိေနပါတယ္။ ကြ်န္ေတာ္တုိ႔၀န္ႀကီးဌာနအေနနဲ႔လည္း ေ၀ဒနာသည္မ်ားအတြက္ နာက်င္မႈေ၀ဒနာ သက္သာေလ်ာ့ပါးေစရန္ ကုသေစာင့္ေရွာက္မႈေပးတဲ့စင္တာမ်ားသီးသန္႔ဖြင့္လွစ္ႏုိင္ေရး စီစဥ္ေဆာင္ရြက္ေနပါတယ္’’ ဟု က်န္းမာေရးနွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္တြင္ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီး၊ ကင္ဆာေရာဂါကုသဌာနသုိ႔ လာေရာက္ျပသသူ ကင္ဆာေရာဂါေ၀ဒနာရွင္ေပါင္း ၄၀၀၀၀ ေက်ာ္ရွိေၾကာင္းသိရၿပီး ၄င္းတုိ႔အနက္ ကင္ဆာေရာဂါလူနာအသစ္ ၃၆၀၀ ဦးေက်ာ္ရွိၿပီးအမ်ားစုမွာအမ်ိဳးသမီးလူနာအမ်ားစုျဖစ္ေၾကာင္း သိရသည္။
ကင္ဆာေရာဂါသည္လူ႔ခႏၶာကုိယ္အတြင္းပုံမွန္မဟုတ္ေသာဆဲလ္မ်ားျပန္႔ပြားရာမွ ထိခုိက္ပ်က္စီးျခင္းျဖစ္ၿပီး အသက္ကုိဆုံးရႈံးေစႏုိင္ေၾကာင္းသိရသည္။
အမ်ားဆုံးျဖစ္သည့္ ကင္ဆာေရာဂါမ်ားမွာ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ပါးေစာင္ကင္ဆာနွင့္ ခံတြင္းကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာႏွင့္ ရင္သားကင္ဆာတုိ႔ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ကင်ဆာရောဂါဝေဒနာသည်များ နာကျင်မှုဝေဒနာသက်သာလျော့ပါးစေရန် ကုသစောင့်ရှောက်မှုပေးသည့် စင်တာများဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ဦးလှထွန်းမေတ္တာရိပ်မွန်ကင်ဆာဖောင်ဒေးရှင်း ၂၁ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စာရင်းဇယားခန့်မှန်းချက်များအရ ကမ္ဘာတစ်ဝန်းမှာ နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေဖို့ ကုသစောင့်ရှောက်မှုလိုအပ်နေသူများရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာ ကုသမှု ရရှိနေပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ဝေဒနာသည်များအတွက် နာကျင်မှုဝေဒနာ သက်သာလျော့ပါးစေရန် ကုသစောင့်ရှောက်မှုပေးတဲ့စင်တာများသီးသန့်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်’’ ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါကုသဌာနသို့ လာရောက်ပြသသူ ကင်ဆာရောဂါဝေဒနာရှင်ပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်းသိရပြီး ၎င်းတို့အနက် ကင်ဆာရောဂါလူနာအသစ် ၃၆၀၀ ဦးကျော်ရှိပြီးအများစုမှာအမျိုးသမီးလူနာအများစုဖြစ်ကြောင်း သိရသည်။
ကင်ဆာရောဂါသည်လူ့ခန္ဓာကိုယ်အတွင်းပုံမှန်မဟုတ်သောဆဲလ်များပြန့်ပွားရာမှ ထိခိုက်ပျက်စီးခြင်းဖြစ်ပြီး အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းသိရသည်။
အများဆုံးဖြစ်သည့် ကင်ဆာရောဂါများမှာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပါးစောင်ကင်ဆာနှင့် ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာတို့ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။