Skip to main content
တရုတ္အစိုးရ၏ေမွာင္ခိုတိုက္ဖ်က္ေရးစီမံကိန္းေၾကာင့္ ျမန္မာကုန္သည္မ်ား အခက္ၾကံဳေန
Ads Block

တရုတ္အစိုးရ၏ေမွာင္ခိုတိုက္ဖ်က္ေရးစီမံကိန္းေၾကာင့္ ျမန္မာကုန္သည္မ်ား အခက္ၾကံဳေန

 

တရုတ္အစိုးရ၏ေမွာင္ခိုတိုက္ဖ်က္ေရးစီမံကိန္းေၾကာင့္ ျပည္တြင္းရွိ ကုန္သည္မ်ား အခက္အခဲၾကံဳေနရေၾကာင္း မူဆယ္ကုန္စည္ဒိုင္မွ သိရသည္။
တရုတ္ျပည္သို႔ အဓိကတင္ပို႔သည့္ ဆန္၊ သၾကား၊ ေျပာင္းတို႔သည္ တရားမဝင္နည္းျဖင့္တင္ပို႔ေနရၿပီး တရုတ္အစိုးရမူဝါဒအေျပာင္းအလဲေၾကာင့္ တင္ပို႔၍မရေတာ့ေၾကာင္း သိရသည္။
“ဆန္ကေတာ့ပို႔လို႔ရေနေသးတယ္။ မဆိုးေသးဘူးလို႔ ေျပာလို႔ရမယ္။ ေျပာင္းနဲ႔သၾကားကေတာ့ လံုးဝမရဘူး။ ကုန္သည္ေတြလည္း စိတ္ညစ္ၿပီးေတာ့ျပန္ကုန္ၾကၿပီ။ ဒီကိစၥကို အျမန္ဆံုးေျဖရွင္းေပးဖို႔လိုပါတယ္။ ဝန္ႀကီးအဆင့္နဲ႔ ေျဖရွင္းလို႔မရဘူး။ ႏိုင္ငံေတာ္အႀကီးအကဲေတြက သြားေရာက္ညွိႏိႈင္းမွသာ အဆင္ေျပလိမ့္မယ္။ ကုန္သည္ေတြလည္းအမ်ားႀကီးနစ္နာတယ္။ နယ္စပ္ကုန္သြယ္ေရးကေတာ့ က်ဆင္းေနတယ္”ဟု မူဆယ္ကုန္စည္ဒိုင္မွအတြင္းေရးမွဴး ဦးမင္းသိမ္းက ေျပာသည္။
လက္ရွိနယ္စပ္ကုန္သြယ္ေရးသည္ ၅၀ ရာခိုင္ႏႈန္းက်ဆင္းေနၿပီး ဆန္တင္ပို႔မႈမွာလည္း တစ္ရက္လွ်င္ အစီးေရ ၅၀ ႏွင့္ ၆၀ ၾကားသာရွိေၾကာင္း သိရသည္။
 ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္တြင္ နယ္စပ္ကုန္သြယ္ေရးရာႏႈန္းျပည့္ေကာင္းမြန္ၿပီး ကုန္တင္ပို႔မႈမွာလည္း တစ္ရက္လွ်င္ဆန္တင္ပို႔မႈ ၅၀၀၀၀ ႏွင့္ ၆၀၀၀၀ ၾကား၊ သၾကားတင္ပို႔မႈ ၄၀၀၀၀ ႏွင့္ ၅၀၀၀၀ ၾကား၊ ေျပာင္းတင္ပို႔မႈ ၄၀၀၀၀ ႏွင့္ ၅၀၀၀၀ ၾကားရွိေၾကာင္း သိရသည္။
မူဆယ္နယ္စပ္ကုန္သြယ္ေရးဇုန္သည္ ပ်မ္းမွ်တစ္ရက္လွ်င္ ကန္ေဒၚလာ ၅ သန္းခန္႔ကုန္သြယ္ႏိုင္ၿပီး ျမန္မာႏိုင္ငံရွိကုန္သြယ္ေရးဇုန္မ်ားအနက္အႀကီးဆံုးဇုန္တစ္ခုျဖစ္ကာ ကုန္သြယ္မႈ ၇၀ ရာခိုင္ႏႈန္းခန္႔မွာ မူဆယ္ဇုန္မွျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

တရုတ်အစိုးရ၏မှောင်ခိုတိုက်ဖျက်ရေးစီမံကိန်းကြောင့် ပြည်တွင်းရှိ ကုန်သည်များ အခက်အခဲကြုံနေရကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်ပြည်သို့ အဓိကတင်ပို့သည့် ဆန်၊ သကြား၊ ပြောင်းတို့သည် တရားမဝင်နည်းဖြင့်တင်ပို့နေရပြီး တရုတ်အစိုးရမူဝါဒအပြောင်းအလဲကြောင့် တင်ပို့၍မရတော့ကြောင်း သိရသည်။
“ဆန်ကတော့ပို့လို့ရနေသေးတယ်။ မဆိုးသေးဘူးလို့ ပြောလို့ရမယ်။ ပြောင်းနဲ့သကြားကတော့ လုံးဝမရဘူး။ ကုန်သည်တွေလည်း စိတ်ညစ်ပြီးတော့ပြန်ကုန်ကြပြီ။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုပါတယ်။ ဝန်ကြီးအဆင့်နဲ့ ဖြေရှင်းလို့မရဘူး။ နိုင်ငံတော်အကြီးအကဲတွေက သွားရောက်ညှိနှိုင်းမှသာ အဆင်ပြေလိမ့်မယ်။ ကုန်သည်တွေလည်းအများကြီးနစ်နာတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ကျဆင်းနေတယ်”ဟု မူဆယ်ကုန်စည်ဒိုင်မှအတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။
လက်ရှိနယ်စပ်ကုန်သွယ်ရေးသည် ၅၀ ရာခိုင်နှုန်းကျဆင်းနေပြီး ဆန်တင်ပို့မှုမှာလည်း တစ်ရက်လျှင် အစီးရေ ၅၀ နှင့် ၆၀ ကြားသာရှိကြောင်း သိရသည်။
 ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးရာနှုန်းပြည့်ကောင်းမွန်ပြီး ကုန်တင်ပို့မှုမှာလည်း တစ်ရက်လျှင်ဆန်တင်ပို့မှု ၅၀၀၀၀ နှင့် ၆၀၀၀၀ ကြား၊ သကြားတင်ပို့မှု ၄၀၀၀၀ နှင့် ၅၀၀၀၀ ကြား၊ ပြောင်းတင်ပို့မှု ၄၀၀၀၀ နှင့် ၅၀၀၀၀ ကြားရှိကြောင်း သိရသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သည် ပျမ်းမျှတစ်ရက်လျှင် ကန်ဒေါ်လာ ၅ သန်းခန့်ကုန်သွယ်နိုင်ပြီး မြန်မာနိုင်ငံရှိကုန်သွယ်ရေးဇုန်များအနက်အကြီးဆုံးဇုန်တစ်ခုဖြစ်ကာ ကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်ဇုန်မှဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။