Skip to main content
ကစ္ကစ္ရဲ႕ ေနာက္ဆံုးထြက္သက္ကို မမီွလို႔ ၀မ္းနည္းမဆံုးျဖစ္ေနတဲ့ ခင္သဇင္
Ads Block

ကစ္ကစ္ရဲ႕ ေနာက္ဆံုးထြက္သက္ကို မမီွလို႔ ၀မ္းနည္းမဆံုးျဖစ္ေနတဲ့ ခင္သဇင္

 

ႏို၀င္ဘာလ (၂၆) ရက္ ဒီကေန႔နံနက္ ၁၀ နာရီ ၄၀ မိနစ္အခ်ိန္က ကြယ္လြန္သြားခဲ့တဲ့ ဟာသသရုပ္ေဆာင္ကစ္ကစ္ရဲ႕ေနာက္ဆံုးထြက္သက္ကို မမွီႏုိင္ခဲ့ဘူးလို႕ သရုပ္ေဆာင္ခင္သဇင္ကရင္ဖြင့္ေျပာျပလာပါတယ္။
ခင္သဇင္က ဟာသသရုပ္ေဆာင္ကစ္ကစ္ရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေသြးသားေတာ္စပ္မႈမရွိေပမယ့္ ပရဟိတ စိတ္တစ္ခုနဲ႔ကူညီကာ  နွစ္နွစ္ေက်ာ္ေလာက္တာ၀န္ယူေပးခဲ့တာျဖစ္ၿပီး ကစ္ကစ္ရဲ႕ေဆးရံုစရိတ္နဲ႔ က်န္းမာေရးေထာက္ပံ့မႈေတြ အတြက္ ထာ၀ရ အလွဴရွင္ေတြရွာေဖြကာေဆးကုသေပးခဲ့သလို ယခုစ်ာပနနဲ႔ပတ္သက္ၿပီး အတက္ႏိုင္ဆံုးလုပ္ေပးမယ္လို႔ ခင္သဇင္ကအခုလိုေျပာျပခဲ့တာပါ။
“ဆံုးတဲ့သူလည္းဆံုးပီဆိုေတာ့ ဘာမွေတာ့ေျဖစရာမရွိပါဘူး ။သူညင္ညင္သာသာနဲ႔ထြက္သြားတာကိုပဲ သူ႕အစား၀မ္းသာပါတယ္။ေနာက္ၿပီးေတာ့သူ၀ဋ္ေၾကြးေတြေက်သြားတာေပါ့။အခုသဇင္သူ႕အတြက္အလွဴရွင္အသစ္ေတြထပ္ရွာေပးထားလို႔ ရလို႔သူေပ်ာ္ေနတယ္ ။ေနာက္ၿပီးေတာ့ ေဆးအလွဴရွင္ေတြရလို႔လည္းေပ်ာ္ေနတယ္အိမ္ငွားဖို႔အတြက္အိမ္လခရလို႔လည္းသူ၀မ္းသာေနတာ အားလံုးကေတာ့ အဆင္ေျပေနၿပီ ဒါေပမယ့္ သူဘာလို႔အေစာႀကီးထြက္သြားလဲမသိဘူး သူ႕အတြက္ ဘ၀ဆက္တိုင္းဒီလိုအျဖစ္ဆိုးမ်ိဳး ဒီလိုေရာဂါဆိုးမ်ိဳးေတြနဲ႔မႀကံဳရပါေစနဲ႔လို႔ပဲ ဆုေတာင္းေပးခ်င္ပါတယ္”လို႔ ခင္သဇင္ေျပာပါတယ္။
အသက္၄၈ႏွစ္ရွိၿပီးျဖစ္တဲ့ ကစ္ကစ္ကေတာ့ ေက်ာက္ကပ္ေ၀ဒနာနဲ႕ကြယ္လြန္ခဲ့တာျဖစ္ၿပီး ဆယ္ေက်ာ္သက္ သမီးေလးတစ္ေယာက္ က်န္ရွိခဲ့ၿပီး အကုန္သိသတင္းဌာနမွလည္း သရုပ္ေဆာင္ကစ္ကစ္တစ္ေယာက္ ေကာင္းရာဘံုဘ၀ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္။

- ေက်ာ့မႈးႏြယ္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

နိုဝင်ဘာလ (၂၆) ရက် ဒီကနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က ကွယ်လွန်သွားခဲ့တဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့နောက်ဆုံးထွက်သက်ကို မမှီနိုင်ခဲ့ဘူးလို့ သရုပ်ဆောင်ခင်သဇင်ကရင်ဖွင့်ပြောပြလာပါတယ်။
ခင်သဇင်က ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး သွေးသားတော်စပ်မှုမရှိပေမယ့် ပရဟိတ စိတ်တစ်ခုနဲ့ကူညီကာ  နှစ်နှစ်ကျော်လောက်တာဝန်ယူပေးခဲ့တာဖြစ်ပြီး ကစ်ကစ်ရဲ့ဆေးရုံစရိတ်နဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ အတွက် ထာဝရ အလှူရှင်တွေရှာဖွေကာဆေးကုသပေးခဲ့သလို ယခုဈာပနနဲ့ပတ်သက်ပြီး အတက်နိုင်ဆုံးလုပ်ပေးမယ်လို့ ခင်သဇင်ကအခုလိုပြောပြခဲ့တာပါ။
“ဆုံးတဲ့သူလည်းဆုံးပီဆိုတော့ ဘာမှတော့ဖြေစရာမရှိပါဘူး ။သူညင်ညင်သာသာနဲ့ထွက်သွားတာကိုပဲ သူ့အစားဝမ်းသာပါတယ်။နောက်ပြီးတော့သူဝဋ်ကြွေးတွေကျေသွားတာပေါ့။အခုသဇင်သူ့အတွက်အလှူရှင်အသစ်တွေထပ်ရှာပေးထားလို့ ရလို့သူပျော်နေတယ် ။နောက်ပြီးတော့ ဆေးအလှူရှင်တွေရလို့လည်းပျော်နေတယ်အိမ်ငှားဖို့အတွက်အိမ်လခရလို့လည်းသူဝမ်းသာနေတာ အားလုံးကတော့ အဆင်ပြေနေပြီ ဒါပေမယ့် သူဘာလို့အစောကြီးထွက်သွားလဲမသိဘူး သူ့အတွက် ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုး ဒီလိုရောဂါဆိုးမျိုးတွေနဲ့မကြုံရပါစေနဲ့လို့ပဲ ဆုတောင်းပေးချင်ပါတယ်”လို့ ခင်သဇင်ပြောပါတယ်။
အသက်၄၈နှစ်ရှိပြီးဖြစ်တဲ့ ကစ်ကစ်ကတော့ ကျောက်ကပ်ဝေဒနာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး ဆယ်ကျော်သက် သမီးလေးတစ်ယောက် ကျန်ရှိခဲ့ပြီး အကုန်သိသတင်းဌာနမှလည်း သရုပ်ဆောင်ကစ်ကစ်တစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

- ကျော့မှုးနွယ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။