Skip to main content
သက္ထားသူဇာ အိုလံပစ္ ၀င္ေရာက္ခြင့္ရေရး ကမၻာ့အိုလံပစ္ေကာ္မတီကို စာပို႔ထားဟုဆို
Ads Block

သက္ထားသူဇာ အိုလံပစ္ ၀င္ေရာက္ခြင့္ရေရး ကမၻာ့အိုလံပစ္ေကာ္မတီကို စာပို႔ထားဟုဆို

 

ျမန္မာ့လက္ေရြးစင္ ၾကက္ေတာင္မယ္ သက္ထားသူဇာကို လာမည့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ကို ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိေရးအ တြက္ ကမၻာ့အိုလံပစ္ေကာ္မတီကို ျမန္မာႏုိင္ငံအိုလံပစ္ေကာ္မတီမွ စာေပးပို႔ထားေၾကာင္း က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီး ဌာနမွ ဒုတိယ၀န္ႀကီး ေဒါက္တာျမေလးစိန္က ေျပာသည္။ 
ရန္ကုန္ၿမိဳ႕၊ အားကစားႏွင့္ ကာယသိပၸံေက်ာင္းတြင္ ႏုိ၀င္ဘာလ (၂၆)ရက္က က်င္းပသည့္ သက္ႀကီး၀ါရင့္ အားကစားကေလာင္ ရွင္မ်ား ကန္႔ေတာ့ပြဲအခမ္းအနားအၿပီးတြင္ မီဒီယာမ်ား၏ ေမးျမန္းမႈကို အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“သူ႔အေနနဲ့က အိုလံပစ္၀င္ေရာက္ခြင့္ရေရးကို လုပ္ေနတာေပါ့။ အဲဒီကို၀င္ေရာက္ခြင့္ရေရးကလည္း အမွတ္ရဖို႔လိုပါတယ္။ အ မွတ္ရေအာင္လည္း သူ႔အေနနဲ႔ ၿပိဳင္ပြဲေတြကို ၀င္ေရာက္ယွဥ္ၿပိဳင္ေနတယ္။ အခုေတာ့ ေတာ္ေတာ္ေလးလည္း နီးစပ္လာပါၿပီ။ တ ကယ္လို၀င္ေရာက္ခြင့္အတြက္ ခက္ခဲခဲ့မယ္ဆိုရင္လည္း ျမန္မာႏုိင္ငံ အိုလံပစ္ ေကာ္မတီအေနနဲ႔ ကမၻာ့အိုလံပစ္ေကာ္မတီကို ေမတၱာရပ္ခံတဲ့စာကိုလည္း ေပးပို႔ထားပါတယ္”ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ေဒါက္တာျမေလး စိန္က ေျပာသည္။
ယင္းသိ္ု႔ ကမၻာ့အိုလံပစ္ေကာ္မတီကို ေပးပို႔မႈတြင္ သက္ထားသူဇာအျပင္ ကစားသမား (၆) ဦးအတြက္လည္း ေပးပို႔ထားေၾကာင္း သိရသည္။
သက္ထားသူဇာသည္ ၂၀၂၀ တိုက်ိဳအိုလံပစ္ကို ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိေရးအတြက္ ႏုိင္ငံတကာဖိတ္ေခၚၿပိဳင္ပြဲမ်ားကို လိုက္ လံ ယွဥ္ၿပိဳင္ေနုျခင္း ျဖစ္သည္။
“ဒီအေရွ႕ေတာင္အာရွနဲ႔ အာရွႏုိင္ငံေတြက ၾကက္ေတာင္အားကစားမွာ ကမၻာ့အဆင့္ရွိတဲ့ ကစားသမားေတြပါပဲ။ သူတို႔ကို ယွဥ္ ၿပီး ကစားႏုိင္တာက ေတာ္ေတာ္ေလးကို ေကာင္းေနပါၿပီ။ ေရွ႕ဆက္လည္း သူ႔ကို ပံ့ပိုးေပးဖို႔လည္း ကၽြန္မတို႔ အစီအစဥ္ေတြရွိ ပါ တယ္” ဟု ေဒါက္တာျမေလးစိန္က ေျပာသည္။
တိုက်ိဳအိုလံပစ္သို႔ ၀င္ေရာက္ခြင့္ရေရးမွာ ကမၻာ့အဆင့္ ၁၀၀ အတြင္း ၀င္ေရာက္ရမည္ျဖစ္ကာ သက္ထားသူဇာသည့္ လက္ရွိ ကမၻာ့အဆင့္ (၆၅)တြင္ ရပ္တည္ေနေၾကာင္း သိရသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာကို လာမည့် ၂၀၂၀ တိုကျိုအိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအ တွက် ကမ္ဘာ့အိုလံပစ်ကော်မတီကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ စာပေးပို့ထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။ 
ရန်ကုန်မြို့၊ အားကစားနှင့် ကာယသိပ္ပံကျောင်းတွင် နိုဝင်ဘာလ (၂၆)ရက်က ကျင်းပသည့် သက်ကြီးဝါရင့် အားကစားကလောင် ရှင်များ ကန့်တော့ပွဲအခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သူ့အနေနဲ့က အိုလံပစ်ဝင်ရောက်ခွင့်ရရေးကို လုပ်နေတာပေါ့။ အဲဒီကိုဝင်ရောက်ခွင့်ရရေးကလည်း အမှတ်ရဖို့လိုပါတယ်။ အ မှတ်ရအောင်လည်း သူ့အနေနဲ့ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေတယ်။ အခုတော့ တော်တော်လေးလည်း နီးစပ်လာပါပြီ။ တ ကယ်လိုဝင်ရောက်ခွင့်အတွက် ခက်ခဲခဲ့မယ်ဆိုရင်လည်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအနေနဲ့ ကမ္ဘာ့အိုလံပစ်ကော်မတီကို မေတ္တာရပ်ခံတဲ့စာကိုလည်း ပေးပို့ထားပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်က ပြောသည်။
ယင်းသို့ ကမ္ဘာ့အိုလံပစ်ကော်မတီကို ပေးပို့မှုတွင် သက်ထားသူဇာအပြင် ကစားသမား (၆) ဦးအတွက်လည်း ပေးပို့ထားကြောင်း သိရသည်။
သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများကို လိုက် လံ ယှဉ်ပြိုင်နေုခြင်း ဖြစ်သည်။
“ဒီအရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေက ကြက်တောင်အားကစားမှာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတွေပါပဲ။ သူတို့ကို ယှဉ် ပြီး ကစားနိုင်တာက တော်တော်လေးကို ကောင်းနေပါပြီ။ ရှေ့ဆက်လည်း သူ့ကို ပံ့ပိုးပေးဖို့လည်း ကျွန်မတို့ အစီအစဉ်တွေရှိ ပါ တယ်” ဟု ဒေါက်တာမြလေးစိန်က ပြောသည်။
တိုကျိုအိုလံပစ်သို့ ဝင်ရောက်ခွင့်ရရေးမှာ ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်ရောက်ရမည်ဖြစ်ကာ သက်ထားသူဇာသည့် လက်ရှိ ကမ္ဘာ့အဆင့် (၆၅)တွင် ရပ်တည်နေကြောင်း သိရသည်။

 

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။