Skip to main content
၂၀၁၉ ခုႏွစ္အတြင္း လူသုံးေထာင္ေက်ာ္ ၀က္သက္ေရာဂါ ျဖစ္ပြားခဲ့၍ ကေလးမ်ားအားလုံး ၀က္သက္ကာကြယ္ေဆး ထုိးႏွံေပး ရန္ မိဘမ်ားကုိ တုိက္တြန္း
Ads Block

၂၀၁၉ ခုႏွစ္အတြင္း လူသုံးေထာင္ေက်ာ္ ၀က္သက္ေရာဂါ ျဖစ္ပြားခဲ့၍ ကေလးမ်ားအားလုံး ၀က္သက္ကာကြယ္ေဆး ထုိးႏွံေပး ရန္ မိဘမ်ားကုိ တုိက္တြန္း

 

၂၀၁၉ ခုႏွစ္အတြင္း ၀က္သက္ေရာဂါ လူဦးေရ သုံးေထာင္ေက်ာ္ျဖစ္ပြားခဲ့သည့္အတြက္ ႏုိ၀င္ဘာ ၂၆ ရက္မွ ၂၈ ရက္အထိ ထုိး နွံ႔ေပးမည့္ ၀က္ သက္၊ ဂ်ိဳက္သုိး ေရာဂါကာကြယ္ေဆးကို အသက္ (၉)လမွ (၅) ႏွစ္ေအာက္ ကေလးမ်ားအားလုံး ထုိးနွံေပးၾက ရန္ မိဘမ်ားအား ကေလးအထူးကု ဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာေစာ၀င္းက တိုက္တြန္း ေျပာၾကားသည္။
ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ရုံးတြင္ ႏုိ၀င္ဘာ ၂၆ ရက္က်င္းပေသာ ၀က္သက္ဂ်ိဳက္သုိး ကာကြယ္ေဆး ထုိးလုပ္ငန္း တုိင္းေဒသႀကီးအဆင့္ ဖြင့္ပြဲအခမ္းအနားတြင္ ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာေစာ၀င္းက ေျပာ ၾကားခဲ့ျခင္း ျဖစ္သည္။
“၂၀၁၉ ခုနွစ္မွ ၀က္သက္ေရာဂါ သုံးေထာင္ေက်ာ္ျဖစ္ပြားပါတယ္။ အခုကာကြယ္ေဆးေတြ ထုိးေပးမယ္ဆုိတာကလည္း ကုန္ က်စရိတ္ေတြ ေတာ္ေတာ့္ကုိ မ်ားပါတယ္။ ဘယ္လုိေျပာရမလဲဆုိေတာ့ သိန္းထီေပါက္ၿပီး လာမထုတ္သူမ်ားေပါ့။ တကယ္ေတာ့ ကြ်န္ေတာ္တုိ႔ အမ်ိဳးသားကာကြယ္ေဆးထုိး လုပ္ငန္းမ်ားထုိးေပးေနတဲ့ ကာကြယ္ေဆးထုိး ၁၁ မ်ိဳးဟာ ေမြးစကေန ၂နွစ္ခြဲထိ ထုိး မယ္ဆုိလုိ႔ရွိရင္ ျပင္ပေဆးခန္းမွာ ထုိးမယ္ဆုိလုိ႔ရွိရင္ သုံးသိန္းေက်ာ္ေလာက္က်ပါတယ္။ အဲဒါကုိ ကြ်န္ေတာ္တုိ႔ ႏုိင္ငံက စုိက္ ထုတ္ၿပီးေတာ့ ႏုိင္ငံတကာအဖြဲ႔အစည္းေတြေရာ စုိက္ထုတ္ကူညီထုိးေပးေနတာ ကေလးတစ္ဦးကုန္က်စရိတ္ေဒၚလာ ၅၀ ရွိပါ တယ္။ အခု ၀က္သက္ဂ်ိဳက္သုိး ကာကြယ္ေဆးဆုိရင္ ကေလးတစ္ေယာက္ ၁.၄ ေဒၚလာေပါ့။ ကေလးတစ္ေယာက္ တစ္ေဒၚလာ ခြဲေပါ့။ မိဘေတြၾကေတာ့ အခ်ိဳ႕လည္း အသိပညာမရွိေတာ့ ဘယ္ေနရာမွာ ဘယ္လုိထုိးရမလဲမသိဘူး။ အဲဒါေၾကာင့္ ရာခုိင္နႈန္း ျပည့္ ေအာင္ျမင္မႈ မရွိတာျဖစ္ပါတယ္။ အခုကာကြယ္ေဆးေတြသည္ ကမၻာ႔က်န္းမာေရး အဖြဲ႔ ကအသိအမွတ္ျပဳကာကြယ္ ေဆး ေတြျဖစ္ပါတယ္။ ဘာမွအႏၱရာယ္မရွိပါဘူး။ မိဘမ်ားထုိးေပးပါ” ဟု ေဒါက္တာေစာ၀င္းက ေျပာသည္။
၀က္သက္၊ ဂ်ိဳက္သုိး၊ ေရာဂါကာကြယ္ေဆးအား ရန္ကုန္တုိင္းေဒသႀကီးတြင္ ႏုိ၀င္ဘာ ၂၆ ရက္မွ ၂၈ ရက္အထိ သက္ဆုိင္ရာ ၿမဳိ႕ နယ္ရွိ ရပ္ကြက္ရုံးနွင့္ ဓမၼာရုံ၊ ေက်းလက္ေဆးေပးခန္းတုိ႔တြင္ အသက္ ၉ လမွ ၅ နွစ္ခြဲ အရြယ္ကေလးမ်ားကုိ ထုိးႏွံေပးသြားမည္ ျဖစ္သည္။
 “ကာကြယ္ေဆး ထုိးၿပီးရင္ေတာ့ လက္ေမာင္းမွာ နာတာတုိ႔ အနည္းငယ္ဖ်ားတာတုိ႔ျဖစ္မယ္။ တခ်ိဳ႕ရွားရွားပါးပါးေပါ့ေလ။ေဆးကုိ တုံ႔ျပန္တာ ေရွာ့ခ္ရမယ္။ အသက္ဆုံးရႈံးမယ္ဆုိတာ အဲဒါကတစ္သန္းမွာ တစ္ေယာက္ပဲျဖစ္ပါတယ္။ အဲဒီထက္ေတာင္ နည္းပါ တယ္။ ဒါေပမဲ့ အဲဒီလုိ တစ္သန္းမွာ တစ္ေယာက္ျဖစ္မွာေတာင္ ဆရာတုိ႔က ႀကိဳတင္စဥ္းစားထားၿပီးသား။ ကာကြယ္ေဆးထုိး ထုိး ေပးတဲ့ ဆရာမတုိင္းကုိ တစ္သန္းမွာ တစ္ေယာက္ျဖစ္တတ္တဲ့ ေသြးလန္႔တာျဖစ္မယ္ဆုိရင္ ဆရာမက ဘယ္လုိေဆးထုိး ရမယ္။ ဘယ္လုိခ်က္ခ်င္းလုပ္ရမယ္ဆုိတာ သူတုိ႔ကုိ သင္တန္းေပးထားၿပီးသားျဖစ္တယ္” ဟု ပါေမာကၡ ေဒါက္တာေစာ၀င္းက ေျပာသည္။
အဆုိပါ ၀က္သက္၊ ဂ်ိဳက္သုိးေရာဂါကာကြယ္ေဆး ထုိးနွံျခင္းလုပ္ငန္းအား ႏုိ၀င္ဘာလတြင္ ၿမဳိ႕နယ္ ၂၃၄ ၿမဳိ႕နယ္မွ ကေလးမ်ား အားလုံးကုိ အခမဲ့ထုိးနွံေပးသြားမည္ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

၂၀၁၉ ခုနှစ်အတွင်း ဝက်သက်ရောဂါ လူဦးရေ သုံးထောင်ကျော်ဖြစ်ပွားခဲ့သည့်အတွက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ထိုး နှံ့ပေးမည့် ဝက် သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးကို အသက် (၉)လမှ (၅) နှစ်အောက် ကလေးများအားလုံး ထိုးနှံပေးကြ ရန် မိဘများအား ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက တိုက်တွန်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးတွင် နိုဝင်ဘာ ၂၆ ရက်ကျင်းပသော ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးလုပ်ငန်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားတွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၁၉ ခုနှစ်မှ ဝက်သက်ရောဂါ သုံးထောင်ကျော်ဖြစ်ပွားပါတယ်။ အခုကာကွယ်ဆေးတွေ ထိုးပေးမယ်ဆိုတာကလည်း ကုန် ကျစရိတ်တွေ တော်တော့်ကို များပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ သိန်းထီပေါက်ပြီး လာမထုတ်သူများပေါ့။ တကယ်တော့ ကျွန်တော်တို့ အမျိုးသားကာကွယ်ဆေးထိုး လုပ်ငန်းများထိုးပေးနေတဲ့ ကာကွယ်ဆေးထိုး ၁၁ မျိုးဟာ မွေးစကနေ ၂နှစ်ခွဲထိ ထိုး မယ်ဆိုလို့ရှိရင် ပြင်ပဆေးခန်းမှာ ထိုးမယ်ဆိုလို့ရှိရင် သုံးသိန်းကျော်လောက်ကျပါတယ်။ အဲဒါကို ကျွန်တော်တို့ နိုင်ငံက စိုက် ထုတ်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရော စိုက်ထုတ်ကူညီထိုးပေးနေတာ ကလေးတစ်ဦးကုန်ကျစရိတ်ဒေါ်လာ ၅၀ ရှိပါ တယ်။ အခု ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးဆိုရင် ကလေးတစ်ယောက် ၁.၄ ဒေါ်လာပေါ့။ ကလေးတစ်ယောက် တစ်ဒေါ်လာ ခွဲပေါ့။ မိဘတွေကြတော့ အချို့လည်း အသိပညာမရှိတော့ ဘယ်နေရာမှာ ဘယ်လိုထိုးရမလဲမသိဘူး။ အဲဒါကြောင့် ရာခိုင်နှုန်း ပြည့် အောင်မြင်မှု မရှိတာဖြစ်ပါတယ်။ အခုကာကွယ်ဆေးတွေသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကအသိအမှတ်ပြုကာကွယ် ဆေး တွေဖြစ်ပါတယ်။ ဘာမှအန္တရာယ်မရှိပါဘူး။ မိဘများထိုးပေးပါ” ဟု ဒေါက်တာစောဝင်းက ပြောသည်။
ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေးအား ရန်ကုန်တိုင်းဒေသကြီးတွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သက်ဆိုင်ရာ မြို့ နယ်ရှိ ရပ်ကွက်ရုံးနှင့် ဓမ္မာရုံ၊ ကျေးလက်ဆေးပေးခန်းတို့တွင် အသက် ၉ လမှ ၅ နှစ်ခွဲ အရွယ်ကလေးများကို ထိုးနှံပေးသွားမည် ဖြစ်သည်။
 “ကာကွယ်ဆေး ထိုးပြီးရင်တော့ လက်မောင်းမှာ နာတာတို့ အနည်းငယ်ဖျားတာတို့ဖြစ်မယ်။ တချို့ရှားရှားပါးပါးပေါ့လေ။ဆေးကို တုံ့ပြန်တာ ရှော့ခ်ရမယ်။ အသက်ဆုံးရှုံးမယ်ဆိုတာ အဲဒါကတစ်သန်းမှာ တစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီထက်တောင် နည်းပါ တယ်။ ဒါပေမဲ့ အဲဒီလို တစ်သန်းမှာ တစ်ယောက်ဖြစ်မှာတောင် ဆရာတို့က ကြိုတင်စဉ်းစားထားပြီးသား။ ကာကွယ်ဆေးထိုး ထိုး ပေးတဲ့ ဆရာမတိုင်းကို တစ်သန်းမှာ တစ်ယောက်ဖြစ်တတ်တဲ့ သွေးလန့်တာဖြစ်မယ်ဆိုရင် ဆရာမက ဘယ်လိုဆေးထိုး ရမယ်။ ဘယ်လိုချက်ချင်းလုပ်ရမယ်ဆိုတာ သူတို့ကို သင်တန်းပေးထားပြီးသားဖြစ်တယ်” ဟု ပါမောက္ခ ဒေါက်တာစောဝင်းက ပြောသည်။
အဆိုပါ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား နိုဝင်ဘာလတွင် မြို့နယ် ၂၃၄ မြို့နယ်မှ ကလေးများ အားလုံးကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်သည်။

-- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။