Skip to main content
ကေ့ပေါ့ပ်စတား ဂူဟာရာကို နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ 
Ads Block

ကေ့ပေါ့ပ်စတား ဂူဟာရာကို နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ 

 



Unicode Version 

 

နာမည်ကျော် အမျိုးသမီး ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ Kara ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဂူဟာရာကို သူမရဲ့ နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။ 
အသက် ၂၈ နှစ်အရွယ် ဂူဟာရာကို ဆိုးလ်မြို့ရှိ Cheongdam ရပ်ကွက်က သူမနေအိမ်မှာ ညနေ ၆ နာရီလောက်မှာ သေဆုံးလျက်တွေ့ခဲ့တာဖြစ်တယ်လို့  ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းက ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်တယ်လို့လည်း Yonhap က ဆက်လက် ဖော်ပြပါတယ်။ 
ယခုနှစ် မေလအတွင်းက နေအိမ်မှာ သတိလစ်နေခဲ့တဲ့ ဂူကို သူမရဲ့ မန်နေဂျာဖြစ်သူက တွေ့ရှိခဲ့ဖူးပါတယ်။

- အကုန်သိ သတင်းဌာန  | Ref :  The Straits Times 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။