Skip to main content
ထိုင္းေျမာက္ပိုင္းမွာ ကုန္တင္ကားအျပည့္ တင္လာသည့္ အေဟာင္းေဘထုတ္မ်ားအတြင္းမွ စိတ္ၾကြေဆး နွစ္သန္း ဖမ္းမိ
Ads Block

ထိုင္းေျမာက္ပိုင္းမွာ ကုန္တင္ကားအျပည့္ တင္လာသည့္ အေဟာင္းေဘထုတ္မ်ားအတြင္းမွ စိတ္ၾကြေဆး နွစ္သန္း ဖမ္းမိ

 

ထိုင္းေတာင္ပိုင္း နာရာသီ၀ၿမိဳ႕ စူရီရပရဒစ္လမ္းရိွ  ေဘထုတ္အထည္ ဂိုေဒါင္တစ္လံုးအတြင္း မူးယစ္ေဆး၀ါးသတင္းအရ နယ္ ေျမခံ ရဲတပ္ဖြဲ ့၀င္မ်ားမွ  ၀င္ေရာက္ရွာေဖြခဲ့ၾကရာ စိတ္ၾကြမူးယစ္ေဆး၀ါး ၂ သန္းေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဂိုေဒါင္းအတြင္းသို႔ ၿပီးခဲ့သည့္ ရက္ပိုင္း ကုန္တင္ကားမ်ားျဖင့္ ေဘထုတ္ အထုပ္ေပါင္း(၄၃)ထုပ္ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္ၿပီး အ ဆိုပါ အထုပ္မ်ားအတြင္း ဖြက္သယ္လာသည့္ WY ရာဘ (စိတ္ၾကြေဆးျပား) ၂,၀၆၄,၀၀၀ ႏွစ္သန္းေက်ာ္ကို ရွာေဖြေတြ ့ရွိခဲ့ ျခင္း ျဖစ္သည္။
ယခုဖမ္းဆီးရမိခဲ့သည့္ စိတ္ၾကြေဆးျပားမ်ားသည္ ထိုင္းေျမာက္ပိုင္းရိွ မူးယစ္ဂိုဏ္းမ်ား၏ အဓိက ပို႔ေနသည့္ လမ္းေၾကာင္းျဖစ္ ေၾကာင္း နာရာသီ၀ခရိုင္ ရဲမွဴး ဒီလိတ္ခ်ိဳင္မန္ယုန္က ထုတ္ေဖၚေျပာၾကားခဲ့သည္။
ယခုကဲ့သို႔ သယ္ေဆာင္ေနသည့္ မူးယစ္ဂိုဏ္းမ်ားသည္ ထိုင္း - ျမန္မာ - လာအို (၃)နိုင္ငံ ထိစပ္ေနသည့္ ေရႊႀတိဂံေဒသမွ မူးယစ္ ေမွာင္ခိုသမားမ်ား ျဖစ္ေၾကာင္းလည္း ထိုင္းရဲတပ္ဖြဲ႔က ထုတ္ျပန္ထားသည္။
လက္ရိွတြင္  မူးယစ္ေဆး ပို႔ေဆာင္သူမ်ားႏွင့္ လက္ခံထားသူမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ ဖမ္းဆီးရမိေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။

-  ကိုကိုႀကီး - ျမ၀တီ ( အကုန္သိသတင္းဌာန )

 

Unicode Version

 

ထိုင်းတောင်ပိုင်း နာရာသီဝမြို့ စူရီရပရဒစ်လမ်းရှိ  ဘေထုတ်အထည် ဂိုဒေါင်တစ်လုံးအတွင်း မူးယစ်ဆေးဝါးသတင်းအရ နယ် မြေခံ ရဲတပ်ဖွဲ့ဝင်များမှ  ဝင်ရောက်ရှာဖွေခဲ့ကြရာ စိတ်ကြွမူးယစ်ဆေးဝါး ၂ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိုဒေါင်းအတွင်းသို့ ပြီးခဲ့သည့် ရက်ပိုင်း ကုန်တင်ကားများဖြင့် ဘေထုတ် အထုပ်ပေါင်း(၄၃)ထုပ် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး အ ဆိုပါ အထုပ်များအတွင်း ဖွက်သယ်လာသည့် WY ရာဘ (စိတ်ကြွဆေးပြား) ၂,၀၆၄,၀၀၀ နှစ်သန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။
ယခုဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများသည် ထိုင်းမြောက်ပိုင်းရှိ မူးယစ်ဂိုဏ်းများ၏ အဓိက ပို့နေသည့် လမ်းကြောင်းဖြစ် ကြောင်း နာရာသီဝခရိုင် ရဲမှူး ဒီလိတ်ချိုင်မန်ယုန်က ထုတ်ဖေါ်ပြောကြားခဲ့သည်။
ယခုကဲ့သို့ သယ်ဆောင်နေသည့် မူးယစ်ဂိုဏ်းများသည် ထိုင်း - မြန်မာ - လာအို (၃)နိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသမှ မူးယစ် မှောင်ခိုသမားများ ဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင်  မူးယစ်ဆေး ပို့ဆောင်သူများနှင့် လက်ခံထားသူများမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရသည်။

 

-  ကိုကိုကြီး - မြဝတီ ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။