Skip to main content
ဧည့္သည္ ၂ ဦးက အိမ္ရွင္၏ကေလးကို ျပန္ေပးဆြဲကာသတ္ျဖတ္မႈျဖစ္ပြား
Ads Block

ဧည့္သည္ ၂ ဦးက အိမ္ရွင္၏ကေလးကို ျပန္ေပးဆြဲကာသတ္ျဖတ္မႈျဖစ္ပြား

 

ဧည့္သည္ ၂ ဦးက အိမ္ရွင္၏ ၁ ႏွစ္ေက်ာ္အရြယ္ကေလးကို ျပန္ေပးဆြဲကာသတ္ျဖတ္မႈ ေရးၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ဒူးယားေက်းရြာအုပ္စု၊ ၿမိဳ႕ေဟာင္းကုန္းရပ္ကြက္ရွိဦးဖိုးစည္ႏွင့္ ေဒၚသင္းသင္းေအးတို႔လင္မယားထံေရလုပ္ငန္းလုပ္ကိုင္ရန္ မံုရြာၿမိဳ႕နယ္၊ ဘုတလင္ၿမိဳ႕ေနထိုင္သူ ေမာင္ရဲရင့္သူ၊ (၂၀)ႏွစ္ႏွင့္ ေမာင္ရဲရင့္မ်ိဳး၊ (၁၆)ႏွစ္တို႔ ညီအစ္ကိုႏွစ္ဦးသည္ လြန္ခဲ့သည့္ ၁ လခန္႔က ဧည့္သည္အျဖစ္ေရာက္ရွိေနထိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အခင္းျဖစ္ပြားသည့္ ႏို၀င္ဘာလ ၁၈ ရက္၊ေန႔လယ္ပိုင္း၌ အိမ္ရွင္ဦးဖိုးစည္မွာအျပင္သုိ႔သြားစဥ္ ဇနီးျဖစ္သူေဒၚသင္းသင္းေအးမွာလည္းေနအိမ္၌အိပ္ေပ်ာ္ေနကာ ယင္းအခ်ိန္တြင္ ၎တို႔လင္မယား၏ ၁ ႏွစ္ေက်ာ္အရြယ္သမီးျဖစ္သူကို ရဲရင့္သူႏွင့္ရဲရင့္မ်ိဳးတို႔ညီအစ္ကို ၂ ဦးကခိုးယူသြားေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ထို႔ေနာက္ ညေနေစာင္းတြင္ ေဒၚသင္းသင္းေအးသည္ အိပ္ေပ်ာ္ရာမွႏိုးလာခ်ိန္ သမီးႏွင့္အတူ ရဲရင့္သူႏွင့္ရဲရင့္မ်ိဳးတို႔ကိုပါမေတြ႔ရွိသည့္အျပင္ ဖုန္းႏွင့္ ေငြသားအခ်ိဳ႕တို႔မွာလည္းေပ်ာက္ဆံုးေနေသာေၾကာင့္ ခင္ပြန္းျဖစ္သူ ဦးဖိုးစည္ထံ ဆက္သြယ္ေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ ရဲရင့္သူတုိ႔ညီအစ္ကိုထံဖုန္းျဖင့္ဆက္သြယ္ရာ “ကေလးကိုျပန္လိုခ်င္လွ်င္ ေငြ ၅ သိန္းျဖင့္လဲလွယ္ရန္။ မဟုတ္ပါကအဆိုးမဆိုနဲ႔” ဟူ၍ ၿခိမ္းေျခာက္ေျပာဆိုသျဖင့္ ရဲစခန္းသို႔တိုင္ၾကားခဲ့ၾကေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔သိတဲ့အခ်ိန္မွာခ်က္ခ်င္းလိုက္ဖမ္းရာကေန ႏို၀င္ဘာလ ၁၈ ရက္ည ၁၀ နာရီေလာက္မွာ ေရးၿမိဳ႕ အေ၀းေျပးကားဂိတ္မွာ ရဲရင့္သူနဲ႔ရဲရင့္မ်ိဳးတို႔ညီအစ္ကို ၂ ဦးကိုဖမ္းမိတယ္။ဒါေပမဲ့ကေလးကိုမေတြ႔ရတဲ့အတြက္ ေမးၾကည့္တဲ့အခါမွာ ေရေျမာင္းထဲကိုပစ္ခ်လိုက္တယ္လို႔ေျပာတဲ့အတြက္ ေနာက္တစ္ေန႔(ႏို၀င္ဘာ ၁၉ ရက္)မွာ ကေလးကိုေသဆံုးလ်က္နဲ႔ ပစ္ခ်လုိက္တဲ့ ေရေျမာင္းမွာပဲျပန္ရွာေတြ႔တယ္။ လက္ရွိစစ္ေဆးခ်က္အရ အိမ္ျပန္ခ်င္တဲ့အတြက္ ေငြလိုတာေၾကာင့္ႀကံမိႀကံရာႀကံတဲ့သေဘာေပါ့။ မူးယစ္ေဆးသံုးတဲ့လကၡဏာမ်ိဳးေတာ့ မေတြ႔ရဘူးဗ်” ဟုေရးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ကေလးခိုးယူသြားစဥ္ လမ္းတစ္ေလွ်ာက္၌ငိုေနသည့္အတြက္ အစ္ကိုျဖစ္သူရဲရင့္သူ (၂၀)ႏွစ္က ပါးစပ္ကိုအတင္းပိတ္ခဲ့ရာမွ ကေလးမွာသတိလစ္(သို႔မဟုတ္)ေသဆံုးေၾကာင္းမသဲကြဲသည့္အတြက္ ေခ်ာင္းေတာင္ေက်းရြာအနီးေရးၿမိဳ႕ႏွင့္ထားဝယ္မီးရထားလမ္းအေနာက္ဘက္ရွိေရေျမာင္းအတြင္းပစ္ခ်ကာ ဘုတလင္ၿမိဳ႕ေနရပ္သို႔ျပန္ရန္ အေ၀းေျပးကားဂိတ္သို႔ေရာက္ရွိေနစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။
“အစ္ကိုျဖစ္တဲ့ ရဲရင့္သူကအသက္ျပည့္ၿပီးျဖစ္တဲ့အတြက္ဓာတ္ပံုနဲ႔ေဖာ္ျပထားတယ္။ ညီျဖစ္သူကခုမွ ၁၆ ႏွစ္ပဲ ရွိေသးတာေၾကာင့္ ကေလးသူငယ္ဥပေဒနဲ႔သြားမလားဆိုတာတရားရံုးကဆံုးျဖတ္လိမ့္မယ္။ ေလာေလာဆယ္ စစ္ေဆးခ်က္အရ လူသတ္မႈ/လုယက္မႈ/ခိုးမႈ/အေလာင္းေဖ်ာက္ဖ်က္မႈ ေတြနဲ႔အမႈဖြင့္လွစ္ထားပါတယ္” ဟု ေရးၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပံု - Win NaingThet

Unicode Version 

 

ဧည့်သည် ၂ ဦးက အိမ်ရှင်၏ ၁ နှစ်ကျော်အရွယ်ကလေးကို ပြန်ပေးဆွဲကာသတ်ဖြတ်မှု ရေးမြို့နယ်၌ ဖြစ်ပွားကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်ကွက်ရှိဦးဖိုးစည်နှင့် ဒေါ်သင်းသင်းအေးတို့လင်မယားထံရေလုပ်ငန်းလုပ်ကိုင်ရန် မုံရွာမြို့နယ်၊ ဘုတလင်မြို့နေထိုင်သူ မောင်ရဲရင့်သူ၊ (၂၀)နှစ်နှင့် မောင်ရဲရင့်မျိုး၊ (၁၆)နှစ်တို့ ညီအစ်ကိုနှစ်ဦးသည် လွန်ခဲ့သည့် ၁ လခန့်က ဧည့်သည်အဖြစ်ရောက်ရှိနေထိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခင်းဖြစ်ပွားသည့် နိုဝင်ဘာလ ၁၈ ရက်၊နေ့လယ်ပိုင်း၌ အိမ်ရှင်ဦးဖိုးစည်မှာအပြင်သို့သွားစဉ် ဇနီးဖြစ်သူဒေါ်သင်းသင်းအေးမှာလည်းနေအိမ်၌အိပ်ပျော်နေကာ ယင်းအချိန်တွင် ၎င်းတို့လင်မယား၏ ၁ နှစ်ကျော်အရွယ်သမီးဖြစ်သူကို ရဲရင့်သူနှင့်ရဲရင့်မျိုးတို့ညီအစ်ကို ၂ ဦးကခိုးယူသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထို့နောက် ညနေစောင်းတွင် ဒေါ်သင်းသင်းအေးသည် အိပ်ပျော်ရာမှနိုးလာချိန် သမီးနှင့်အတူ ရဲရင့်သူနှင့်ရဲရင့်မျိုးတို့ကိုပါမတွေ့ရှိသည့်အပြင် ဖုန်းနှင့် ငွေသားအချို့တို့မှာလည်းပျောက်ဆုံးနေသောကြောင့် ခင်ပွန်းဖြစ်သူ ဦးဖိုးစည်ထံ ဆက်သွယ်ပြောဆိုခဲ့သည်။
ထို့ကြောင့် ရဲရင့်သူတို့ညီအစ်ကိုထံဖုန်းဖြင့်ဆက်သွယ်ရာ “ကလေးကိုပြန်လိုချင်လျှင် ငွေ ၅ သိန်းဖြင့်လဲလှယ်ရန်။ မဟုတ်ပါကအဆိုးမဆိုနဲ့” ဟူ၍ ခြိမ်းခြောက်ပြောဆိုသဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့သိတဲ့အချိန်မှာချက်ချင်းလိုက်ဖမ်းရာကနေ နိုဝင်ဘာလ ၁၈ ရက်ည ၁၀ နာရီလောက်မှာ ရေးမြို့ အဝေးပြေးကားဂိတ်မှာ ရဲရင့်သူနဲ့ရဲရင့်မျိုးတို့ညီအစ်ကို ၂ ဦးကိုဖမ်းမိတယ်။ဒါပေမဲ့ကလေးကိုမတွေ့ရတဲ့အတွက် မေးကြည့်တဲ့အခါမှာ ရေမြောင်းထဲကိုပစ်ချလိုက်တယ်လို့ပြောတဲ့အတွက် နောက်တစ်နေ့(နိုဝင်ဘာ ၁၉ ရက်)မှာ ကလေးကိုသေဆုံးလျက်နဲ့ ပစ်ချလိုက်တဲ့ ရေမြောင်းမှာပဲပြန်ရှာတွေ့တယ်။ လက်ရှိစစ်ဆေးချက်အရ အိမ်ပြန်ချင်တဲ့အတွက် ငွေလိုတာကြောင့်ကြံမိကြံရာကြံတဲ့သဘောပေါ့။ မူးယစ်ဆေးသုံးတဲ့လက္ခဏာမျိုးတော့ မတွေ့ရဘူးဗျ” ဟုရေးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ကလေးခိုးယူသွားစဉ် လမ်းတစ်လျှောက်၌ငိုနေသည့်အတွက် အစ်ကိုဖြစ်သူရဲရင့်သူ (၂၀)နှစ်က ပါးစပ်ကိုအတင်းပိတ်ခဲ့ရာမှ ကလေးမှာသတိလစ်(သို့မဟုတ်)သေဆုံးကြောင်းမသဲကွဲသည့်အတွက် ချောင်းတောင်ကျေးရွာအနီးရေးမြို့နှင့်ထားဝယ်မီးရထားလမ်းအနောက်ဘက်ရှိရေမြောင်းအတွင်းပစ်ချကာ ဘုတလင်မြို့နေရပ်သို့ပြန်ရန် အဝေးပြေးကားဂိတ်သို့ရောက်ရှိနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
“အစ်ကိုဖြစ်တဲ့ ရဲရင့်သူကအသက်ပြည့်ပြီးဖြစ်တဲ့အတွက်ဓာတ်ပုံနဲ့ဖော်ပြထားတယ်။ ညီဖြစ်သူကခုမှ ၁၆ နှစ်ပဲ ရှိသေးတာကြောင့် ကလေးသူငယ်ဥပဒေနဲ့သွားမလားဆိုတာတရားရုံးကဆုံးဖြတ်လိမ့်မယ်။ လောလောဆယ် စစ်ဆေးချက်အရ လူသတ်မှု/လုယက်မှု/ခိုးမှု/အလောင်းဖျောက်ဖျက်မှု တွေနဲ့အမှုဖွင့်လှစ်ထားပါတယ်” ဟု ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ - Win NaingThet

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။