Skip to main content
ေဘာလုံး
Ads Block

ဆီးဂိမ္းစ္ျပိဳင္မယ့္ ျမန္မာယူ-၂၂ အသင္း အုပ္စုေအာင္ရင္ပဲ ကံေကာင္းတယ္မွတ္ပါ

" အၾကိမ္ၾကိမ္အခါခါ ရႈံးလည္း ယုံၾကည္တာေတြ မစြန္ ့လႊတ္လုိက္ပါနဲ ့"
ေတးသံရွင္ နီနီခင္ေဇာ္ရဲ ့ေမွ်ာ္လင့္ခ်က္ တစ္စုံတစ္ရာအမည္ရွိတဲ့ သီခ်င္းေလးက ကားေပၚမွာ ပ်ံ ့လြင့္လာပါတယ္။ ဒီသီခ်င္းေလးကုိ နားေထာင္ရင္းနဲ ့ရုတ္တရက္ ေခါင္းထဲမွာ အေတြးတစ္ခု ၀င္လာမိတယ္။ နီနီခင္ေဇာ္ဟာ ျမန္မာတစ္ႏုိင္ငံလုံးကုိမ်ား ရည္ညႊန္းထားသလားေတာင္ ထင္ရသလုိ ျမန္မာေဘာလုံးအသင္းအတြက္မ်ား သြယ္၀ုိက္ညႊန္းဆုိထားသလားလုိ ့ေတြးမိတာပါ။ တစ္ဆက္တည္းမွာပဲ ဒီလေတာ့ အၾကိမ္(၃၀)ေျမာက္ အေရွ ့ေတာင္အာရွ(ဆီးဂိမ္းစ္)အားကစားျပိဳင္ပြဲၾကီး ရွိေနပါလား။ ျမန္မာအသင္းေရာ ဒီသီခ်င္းထဲကအတုိင္းပဲ ထပ္ျဖစ္ဦးမွာလားလုိ ့စိတ္ထဲမွာ မခ်င့္မရဲေလး ေတြးမိလုိက္ပါတယ္။

ဆီးဂိမ္းစ္မွာ ျမန္မာအသင္း ဘယ္အုပ္စုနဲ ့ဆုံသလဲ
ဒီလ ႏုိ၀င္ဘာ ၂၆ ရက္ကေန ဒီဇင္ဘာ ၁၀ ရက္အထိ က်င္းပမယ့္ ယူ-၂၂ အမ်ဳိးသားေဘာလုံးျပိဳင္ပြဲမွာ ျမန္မာယူ-၂၂ အသင္းက အိမ္ရွင္ ဖိလစ္ပုိင္နဲ ့တစ္အုပ္စုတည္းက်သလုိ အျခားေသာျပိဳင္ဘက္ေတြျဖစ္တဲ့ မေလးရွား၊ ကေမၻာဒီးယား၊ အေရွ ့တီေမာတုိ ့နဲ ့လည္း ယွဥ္ျပိဳင္သြားရမွာပါ။ အုပ္စု(က)ရဲ ့အသင္းေတြအေနအထားအရ ျမန္မာအသင္းက အုပ္စုေခ်ာင္သြားလုိ ့အုပ္စုတက္ႏုိင္တယ္လုိ ့ခန္ ့မွန္းၾကတာလည္း ၾကားသိေနရပါတယ္။ တစ္ဖက္ အုပ္စု(ခ)မွာေတာ့ ထုိင္း၊ ဗီယက္နမ္၊ အင္ဒုိနီးရွား၊ စင္ကာပူ၊ လာအုိ၊ ဘရူႏုိင္းတုိ ့ယွဥ္ျပိဳင္ၾကရမွာပါ။ တစ္ဖက္အုပ္စုကေတာ့ အာဆီယံေဒသတြင္းမွာ မရဏအုပ္စုပါပဲ။ မရဏအုပ္စုအေၾကာင္းက ကုိယ့္ျမန္မာအသင္းမပါေလေတာ့ ကံေကာင္းတယ္လုိ ့ေတြးဆရင္းနဲ ့အုပ္စု(က)ထဲက ျမန္မာအသင္းဟာ ေနာက္တစ္ဆင့္တက္ပါ့မလားဆုိတာကုိ စိတ္၀င္တစား တြက္ဆခ်င္လာပါတယ္။ 

ဆီးဂိမ္းစ္သမုိင္းထဲက ျမန္မာအသင္း
ေတာ္ေတာ္မ်ားမ်ားလည္း သိထားျပီးသား ျဖစ္မွာပါ။ Google မွာ Enter ေခါက္ျပီး ရွာလုိက္တာနဲ ့ဒီသမုိင္းကုိေတာ့ အလြယ္တကူသိႏုိင္တဲ့အတြက္ အေသးစိတ္ေတာ့ မေရးခ်င္ေတာ့ပါဘူး။ အျခားရႈေထာင့္တစ္ခုကေနပဲ ရႈျမင္ၾကည့္ရရင္ေတာ့ ျမန္မာအသင္းဟာ ဒီတစ္ၾကိမ္ဆီးဂိမ္းစ္ကေန စတင္ဗုိလ္စြဲျပီး ေနာက္ထပ္ႏွစ္ ၂၂ ဆက္တုိက္ ဗုိလ္စြဲခဲ့မယ္ရင္ေတာ့ အိမ္နီးခ်င္းျပိဳင္ဘက္ ထုိင္းအသင္းရဲ ့ခ်န္ပီယံ(၁၆)ၾကိမ္ကုိ မီပါျပီ။ ဆုိလုိရရင္ျဖင့္ ထုိင္းအသင္းဟာ ဆီးဂိမ္းစ္မွာ ၁၆ ၾကိမ္အထိ ဗုိလ္စြဲထားျပီးေတာ့ သူနဲ ့အနီးစပ္ဆုံးျပိဳင္ဘက္ ဒုတိယေနရာမွာ ရွိေနတဲ့ မေလးရွားအသင္းရဲ ့(၆)ၾကိမ္ခ်န္ပီယံထက္(၁၀) ပုိမ်ားေနသလုိ အိမ္နီးခ်င္းျမန္မာအသင္း(၅)ၾကိမ္ ခ်န္ပီယံထက္ (၁၁)ၾကိမ္ ပုိမ်ားေနပါတယ္။ ႏွစ္ႏွစ္တစ္ၾကိမ္ က်င္းပတဲ့အတြက္ ျမန္မာအသင္းက ၂၂ ႏွစ္ဆက္တုိက္ ဗုိလ္စြဲမွ ထုိင္းအသင္းရဲ ့(၁၆)ၾကိမ္ ဗုိလ္စြဲထားမႈကုိ မီပါလိမ့္မယ္။ ဒါေတာင္ ထုိင္းအသင္းရဲ ့ေငြနဲ ့ေၾကးတံဆိပ္ရရွိထားမႈအပါအ၀င္ ဆုတံဆိပ္အားလုံးေပါင္း တန္းစီဇယားမွာဆုိရင္ ဒုတိယေနရာမွာပဲ ရွိေနဦးမယ့္သေဘာပါ။ ျမန္မာအသင္း ေနာက္ဆုံး ဗုိလ္စြဲခဲ့တာက ၁၉၇၃ ခုႏွစ္က ျဖစ္ျပီး ဆီးဂိမ္းစ္မက်င္းပတဲ့ ၂၀၁၈ အထိ တစ္ႏွစ္ခ်င္းစီတြက္မယ္ဆုိရင္ ႏွစ္ေပါင္း ၄၅ ႏွစ္ ရွိခဲ့ပါျပီ။ ဆီးဂိမ္းစ္က်င္းပတဲ့ ဒီတစ္ၾကိမ္ပါရင္ေတာ့ ၄၆ ႏွစ္ရွိျပီလုိ ့ပဲ စာရင္းထပ္မွတ္ရမွာပါ။ ၁၉၇၃ ေနာက္ပုိင္းကေနဆုိရင္ ၁၉၉၃ စင္ကာပူဆီးဂိမ္းစ္မွာ ဒုတိယတစ္ၾကိမ္၊ ၂၀၀၇ ခုႏွစ္ ထုိင္းဆီးဂိမ္းစ္မွာ ဒုတိယတစ္ၾကိမ္၊ ၂၀၁၅ စင္ကာပူဆီးဂိမ္းစ္မွာ ဒုတိယတစ္ၾကိမ္ဆုိျပီး အျမင့္ဆုံးေအာင္ျမင္မႈအျဖစ္ ၾကံဖန္ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။ ၁၉၅၉ ကတည္းက ကၽြန္းဆြယ္အားကစားအမည္နဲ ့စတင္ခဲ့တဲ့ ဆီးဂိမ္းစ္သမုိင္းထဲမွာေတာ့ ျမန္မာအသင္းဟာ က်ားတစ္ေကာင္ေတာ့ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ က်ားေတာ့က်ား၊ ဘယ္လုိက်ားလဲဆုိေတာ့ " ဖြတ္က်ား " ။ တစ္နည္းအားျဖင့္ " သြားမပါတဲ့ေၾကာင္ " လုိ ့ပဲ ကင္ပြန္းတပ္ခ်င္ပါတယ္။ အဲဒီအခ်ိန္မွာ ထုိင္းအသင္းကေတာ့ က်န္တဲ့ျပိဳင္ဘက္ေတြ လုိက္မီဖုိ ့ေနာက္ထပ္ႏွစ္ ၂၀ ေလာက္ တစ္ေမ့တစ္ေမာအိပ္ေနလုိ ့ေတာင္ ရတဲ့အထိ၊ အပ်င္းေျပ ထ ကန္ရင္ေတာင္ အာဆီယံထဲက ဘယ္အသင္းကုိမဆုိ အလြယ္တကူအႏုိင္ယူႏုိင္တဲ့အထိ တစ္ဟုန္ထုိး တုိးတက္သြားခဲ့ပါျပီ။ တစ္နည္းအားျဖင့္ အာဆီယံက ခ်န္ပီယံဆုကုိ စိတ္မ၀င္စားေတာ့တဲ့အထိ ခ်န္ပီယံဆုယူရတာ ပ်င္းရိျငီးေငြ ့သြားၾကပါျပီ။

ျမန္မာအသင္းပါတဲ့ အုပ္စုကုိ သ႑န္ခြဲၾကည့္ေသာအခါ
ျမန္မာယူ-၂၂ အသင္းဟာ အုပ္စုတြင္းမွာ ပုံမွန္အားျဖင့္ဆုိရင္ အလြယ္တကူေက်ာ္ျဖတ္ႏုိင္တဲ့အေနအထားမ်ဳိးေတာ့ ရွိပါတယ္။ သုိ ့ေသာ္လည္း ဒီကေန ့ျမန္မာယူ-၂၂ အသင္းကုိ ေလ့လာၾကည့္ရင္ေတာ့ အေရွ ့တီေမာလုိအသင္းကုိေတာင္ ခပ္ျပတ္ျပတ္ႏုိင္ဖုိ ့မျဖစ္ႏုိင္ေတာ့တဲ့အေနအထားမ်ဳိး ေရာက္လာပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးကစားထားၾကတဲ့ ေျခစြမ္းေတြအရဆုိရင္ေတာ့ ျမန္မာအသင္းအတြက္ ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာ ရွိေနပါေသးတယ္။ အိမ္ရွင္ဖိလစ္ပုိင္အသင္းဟာ ဒီႏွစ္ ၂၀၁၉ ထဲမွာ ကစားထားတဲ့ ျပိဳင္ပြဲစုံ(၈)ပြဲမွာ တစ္ပြဲမွ ႏုိင္မထားပါဘူး။ အထူးသျဖင့္ အေရွ ့တီေမာနဲ ့လာအုိလုိအသင္းမ်ဳိးကုိ ရႈံးထားပါတယ္။ က်န္တဲ့ေဒသတြင္း ျပိဳင္ဘက္ေတြကုိ ရႈံးထားတာက သာမန္မထူးျခားတဲ့ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ရႈံးနိမ့္မႈမ်ဳိးျဖစ္ေပမယ့္ အာဆီယံေဒသတြင္းမွာ အနိမ့္ဆုံးအသင္းေတြအျဖစ္ သတ္မွတ္ခံထားရတဲ့ အေရွ ့တီေမာနဲ ့လာအုိလုိအသင္းေတြကုိ ရႈံးထားတဲ့အတြက္ ဖိလစ္ပုိင္ယူ-၂၂ အသင္းရဲ ့ေျခစြမ္းဟာ ျမန္မာအတြက္ လြယ္ကူတဲ့ႏုိင္ပြဲမ်ား ျဖစ္မလားလုိ ့ေတာ့ ေမွ်ာ္လင့္စရာရွိပါတယ္။ မေလးရွားယူ-၂၂ အသင္းကလည္း ဒီႏွစ္ထဲမွာ ကစားထားတဲ့သုံးပြဲမွာ တစ္ပြဲႏုိင္၊ တစ္ပြဲသေရ၊ တစ္ပြဲရႈံးရလဒ္မ်ဳိး ထြက္ထားပါတယ္။ ႏုိင္ထားတာက ျမန္မာယူ-၂၂ အသင္းကုိပါ။ သေရက်ထားတာက အင္ဒုိနီးရွားကိုျဖစ္ေနျပီးေတာ့ ရႈံးထားတာက ကေမၻာဒီးယားအသင္းျဖစ္ေနပါတယ္။ ကေမၻာဒီးယားအသင္းကေတာ့ ဒီႏွစ္ထဲမွာျပိဳင္ပြဲစုံ(၉)ပြဲကစားထားျပီး အင္အားၾကီး ထုိင္းအသင္းကုိေတာင္ သေရကစားထားႏုိင္တဲ့အထိ တုိးတက္လာေနပါတယ္။ ဒီ(၉)ပြဲအတြင္းမွာ ကေမၻာဒီးယားအသင္းက ျမန္မာအသင္းကုိ ႏွစ္ဂုိး၊ မေလးရွားအသင္းကို တစ္ဂုိး ဆုိတဲ့ ဂုိးျပန္မေပးရတဲ့အထိ ႏုိင္ထားတဲ့အေျခအေနကုိ ခံစားထားၾကပါတယ္။ ဗီယက္နမ္လုိအသင္းကုိ၊ ထုိင္းလုိအသင္းကုိ အင္ဒုိနီးရွားလုိအသင္းကုိ သူတင္ကုိယ္တင္ကစားထားတဲ့အထိ ကေမၻာဒီးယားတုိ ့ေဘာလုံးေျခစြမ္း တစ္ဟုန္ထုိး တုိးတက္လာခဲ့တာပါ။ အေရွ ့တီေမာအသင္းကေတာ့ မွတ္တမ္းမွတ္ရာေတြထဲမွာ ဒီႏွစ္ျပိဳင္ပြဲေတြကုိ ထည့္သြင္းေဖာ္ျပထားတာမ်ဳိး မေတြ ့ရပါဘူး။ ဒါေပမဲ့ ၂၀၁၈ တုန္းက ကစားထားတဲ့သုံးပြဲမွာ တရုတ္၊ ဆီရီးယား၊ ယူေအအီးတုိ ့လုိ အာဆီယံထက္တစ္ဆင့္ျမင့္တဲ့အသင္းေတြနဲ ့ျဖစ္ပါတယ္။ ျမန္မာအသင္းကေတာ့ ဒီႏွစ္ထဲမွာ ဇြန္လအထိ(၉)ပြဲကစားထားသလုိ ႏိုင္ပြဲ(၂)ပြဲသာ ရရွိထားပါတယ္။ ကေမၻာဒီးယား၊ မေလးရွားစတဲ့အသင္းေတြကုိ ရႈံးထားပါတယ္။ 

ျမန္မာယူ-၂၂ အသင္း အုပ္စုအဆင့္ကေန ေက်ာ္ႏုိင္မလား
အုပ္စုပါ အသင္းေတြအရဆုိရင္ေတာ့ အုပ္စုအဆင့္ကုိ ေက်ာ္ႏုိင္တယ္လုိ ့အလြယ္တကူ ေျဖၾကမွာပါ။ ဒီေလာက္ လြယ္လြယ္မွတ္ခ်က္မေပးေစခ်င္ပါဘူး။ ဖိလစ္ပုိင္အသင္းဟာ အိမ္ရွင္ပီပီ အုပ္စုအဆင့္ကုိ ေက်ာ္ႏုိင္ဖုိ ့အားကုန္ထုတ္လာမွာပါ။ အဖြင့္ပဲြစဥ္မွာ ျမန္မာအသင္းနဲ ့ကစားရမွာျဖစ္သလုိ အိမ္ကြင္းဖိအားနဲ ့ျမန္မာအသင္းကုိ အႏုိင္ကစားသြားဖုိ ့မ်ားပါတယ္။ အထူးသျဖင့္ ဖြင့္ပြဲမွာ ျမန္မာအသင္းကသာ ႏိုင္သြားရင္ ဖိလစ္ပုိင္တုိ ့မခံမရပ္ႏုိင္ ျဖစ္ၾကမွာပါ။ ဒီလုိအျဖစ္ခံမွာလည္း မဟုတ္တဲ့အတြက္ ဖိလစ္ပုိင္ကုိ အႏုိင္ကစားဖုိ ့ဆုိတာ ခက္ခဲပါလိမ့္မယ္။ ဖိလစ္ပုိင္အသင္းရဲ ့ဒီဘက္ဆယ္စုႏွစ္အတြင္း တုိးတက္လာမႈကလည္း ျမန္မာအသင္းရဲ ့အက်ဘက္ကုိ ထုိးဆင္းေနမႈနဲ ့ထိပ္တုိက္တုိးလာေနပါတယ္။ ျမန္မာအသင္းဟာ မေလးရွားအသင္းကို အႏုိင္ကစားဖုိ ့လည္း မလြယ္ပါဘူး။ မေလးရွားအသင္းက ဗီယက္နမ္နဲ ့ထုိင္းလုိအသင္းကုိ သူတင္ကုိယ္တင္ကစားႏုိင္တဲ့ ကစားကြက္၊ ေျခစြမ္း၊ ၾကိဳးစားအားထုတ္မႈေတြ ရွိေနပါတယ္။ လုံလာက္တဲ့အစုအဖြဲ ့မ်ဳိးလည္း ပုိင္ဆုိင္ထားတဲ့အတြက္ ဒီအုပ္စုထဲမွာေတာ့ မေလးရွားက အုပ္စုဗုိလ္ျဖစ္ဖုိ ့မ်ားေနပါတယ္။ အုပ္စုဒုတိယေနရာကုိေတာ့ ျမန္မာ၊ ဖိလစ္ပုိင္နဲ ့ကေမၻာဒီးယားတုိ ့က အျပိဳင္ျဖစ္ေနပါတယ္။ ဒီအထဲမွာ ကေမၻာဒီးယားကုိ ခ်ီးက်ဳးရမွာပါ။ ကေမၻာဒီးယားအသင္းဟာ မ်က္ႏွာသစ္အုပ္စုေအာင္အသင္းအျဖစ္ တာထြက္လာႏုိင္ပါတယ္။ ဖိလစ္ပုိင္နဲ ့ကေမၻာဒီးယားတုိ ့ေတာ္ေတာ္ေလး ညံ့မွသာလွ်င္ ျမန္မာအသင္းက အုပ္စုေအာင္ႏုိင္မွာပါ။ အေရွ ့တီေမာကလည္း ေလ်ာ့တြက္လုိ ့မရတဲ့အသင္းအျဖစ္ ရွိေနပါတယ္။ အထူးသျဖင့္ အုပ္စု(က)ဟာ အသင္းတုိင္းလုိလုိအတြက္ အုပ္စုေအာင္ျမင္ေရးေမွ်ာ္လင့္ခ်က္ေတြ ရွိေနတဲ့အတြက္ အသင္းတုိင္းက မူလရွိရင္းစြဲစိတ္ဓါတ္ခြန္အားထက္ ဒီတစ္ၾကိမ္ေတာ့ အျပည့္ထက္အလြန္ အားထုတ္မယ္လုိ ့တြက္ဆထားၾကမွာပါ။ အသင္းနည္းျပတုိင္းကလည္း အုပ္စုအေနအထားကုိၾကည့္ျပီး ခ်ိန္ဆေနၾကတာျဖစ္တဲ့အတြက္ အသင္းတုိင္းဟာ ခြန္အားေတြ ပုိျပည့္လာၾကမယ့္သေဘာမွာ ရွိပါတယ္။ ဒီအေျခအေနဟာ ျမန္မာအသင္းအတြက္ အသက္ရႈပုိက်ပ္ေစမွာပါ။ တစ္ဖက္အုပ္စုမွာသာ ေရာက္သြားရင္ေတာ့ ဖဲ၀ုိင္းထဲက ေဆးလိပ္တုိလုိမ်ဳိး အသင္းၾကီးက ၀ုိင္းဖြာတာနဲ ့ေဆးလိပ္တုိဖင္ေဟာင္းေလာင္း ျဖစ္ကုန္မယ္လုိ ့တထစ္ခ်ေျပာခ်င္မိပါတယ္။ အထူးသျဖင့္ ျမန္မာအသင္းဟာ တစ္ဖက္အုပ္စုထဲက ထုိင္းအသင္းကုိ၊ ဗီယက္နမ္အသင္းကုိ၊ အင္ဒုိနီးရွားအသင္းကုိ စင္ကာပူအသင္းကုိ လုံး၀ အႏုိင္ရဖုိ ့မျဖစ္ႏုိင္ပါဘူး။ ေလးသင္းလုံးက ၀ုိင္းျပီး ဂုိးသြင္းေလ့က်င့္တာကုိ ခံရႏုိင္သလုိ အရွက္တကြဲလည္း ျဖစ္ႏုိင္ပါတယ္။ အုပ္စု(က)မွာ က်သြားခဲ့တာကပဲ ကံတရားက ေဖးမတာလုိ ့မွတ္ယူရေတာ့မွာပါ။ သုိ ့ေသာ္လည္း အုပ္စုတက္ဖုိ ့မျဖစ္ႏုိင္ပါဘူး။

လုိတုိရွင္း အႏွစ္ခ်ဳပ္သုံးသပ္ၾကည့္ရင္း ျပည္သူမ်ားသုိ ့
ေဘာလုံးအဖြဲ ့ခ်ဳပ္က ပုဂၢိဳလ္ေတြကေတာ့ ၾကိဳက္မွာမဟုတ္ပါဘူး။ မၾကိဳက္လည္း ေျပာေရးရွိက ေျပာဆုိရ ဆုိသလုိပါပဲ။ မ်ဳိးခ်စ္စိတ္ျပင္းထန္လြန္းလွတဲ့ ျမန္မာျပည္သူေတြကုိ ျမန္မာ့ေဘာလုံးနဲ ့ပတ္သက္ျပီး ေျပာခ်င္မိတာကေတာ့ ျမန္မာယူ-၂၂ အသင္းကုိ အုပ္စုေအာင္တယ္ဆုိရင္ပဲ အျမင့္ဆုံးရလဒ္လုိ ့မွတ္ပါ။ မ်က္ရည္ခုိင္ခုိင္၊ စိတ္ခုိင္ခုိင္ထားျပီး ၾကည့္ပါ။ အားေပးပါ။ သုိ ့ေသာ္ ေမွ်ာ္လင့္ခ်က္ မထားပါနဲ ့။ ျမန္မာေဘာလုံးအသင္းထဲက ကစားသမားေတြ၊ အုပ္ခ်ဳပ္သူေတြ၊ တာ၀န္ရွိဆက္စပ္ပတ္သက္သူေတြဟာ ျမန္မာျပည္သူေတြကုိ ႏွစ္ေပါင္းမ်ားစြာ စိတ္ဆင္းရဲေသာကေတြ ေပးထားျပီးသားျဖစ္ေနတဲ့အတြက္ ေနာက္ထပ္လာဦးမယ့္ စိတ္ဆင္းရဲေသာကေတြဟာ ေနသားတက်ျဖစ္ေနသင့္ျပီလုိ ့ပဲ ဆုိရမွာပါ။ ျပည္သူေတြအေနနဲ ့လည္း ျမန္မာေဘာလုံးအသင္းနဲ ့ေဘာလုံးအသင္းထဲက ဆက္စပ္တာ၀န္ရွိသူေတြကုိ ခြဲျခားျမင္ရပါမယ္။ ေဘာလုံးအသင္းဆုိတာ ႏုိင္ငံဂုဏ္ပုဒ္ပါ။ အသင္းထဲက ဆက္စပ္ပတ္သက္သူေတြက ႏုိင္ငံဂုဏ္ပုဒ္ကုိ နိမ့္က်သထက္နိမ့္က်ေအာင္ ဖ်က္ဆီးေနသူေတြပါ။ ဒီေတာ့ ျပည္သူေတြအေနနဲ ့က ေဘာလုံးအသင္းဆုိတဲ့ ႏုိင္ငံ့ဂုဏ္ပုဒ္ကုိ ခ်စ္ပါ။ ႏုိင္ငံဂုဏ္ပုဒ္ကုိ နိမ့္က်သထက္ နိမ့္က်ေအာင္လုပ္ေနၾကသူေတြကုိေတာ့ စိတ္ခံစားခ်က္အတုိင္း ျပဳမူပါ။ ဒီတစ္ၾကိမ္လည္း ျမန္မာယူ-၂၂ အသင္းသားေတြ၊ တာ၀န္ရွိဆက္စပ္ပတ္သူေတြက ျမန္မာျပည္သူေတြကုိ မ်က္ရည္ေတြ၊ စိတ္ေသာကေတြပဲ ေပးဦးမွာျဖစ္တဲ့အတြက္ အုပ္စုေအာင္သြားခဲ့ရင္ပဲ ကံေကာင္းတယ္မွတ္ျပီး ဗုိလ္မစြဲဘူး၊ ဒုတိယ၊ တတိယလည္း မရဘူးလုိ ့သာ ယတိျပတ္ စိတ္ထဲမွာမွတ္ထားၾကဖုိ ့ဦးညႊတ္အသိေပးလုိက္ပါရေစခင္ဗ်ာ။ 

Unicode Version 

ဆီးဂိမ်းစ်ပြိုင်မယ့် မြန်မာယူ-၂၂ အသင်း အုပ်စုအောင်ရင်ပဲ ကံကောင်းတယ်မှတ်ပါ
--------   မျိုးမင်း(မကျည်းလဟာ)   ---------
" အကြိမ်ကြိမ်အခါခါ ရှုံးလည်း ယုံကြည်တာတွေ မစွန့်လွှတ်လိုက်ပါနဲ့"
တေးသံရှင် နီနီခင်ဇော်ရဲ့မျှော်လင့်ချက် တစ်စုံတစ်ရာအမည်ရှိတဲ့ သီချင်းလေးက ကားပေါ်မှာ ပျံ့လွင့်လာပါတယ်။ ဒီသီချင်းလေးကို နားထောင်ရင်းနဲ့ရုတ်တရက် ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာမိတယ်။ နီနီခင်ဇော်ဟာ မြန်မာတစ်နိုင်ငံလုံးကိုများ ရည်ညွှန်းထားသလားတောင် ထင်ရသလို မြန်မာဘောလုံးအသင်းအတွက်များ သွယ်ဝိုက်ညွှန်းဆိုထားသလားလို့တွေးမိတာပါ။ တစ်ဆက်တည်းမှာပဲ ဒီလတော့ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ(ဆီးဂိမ်းစ်)အားကစားပြိုင်ပွဲကြီး ရှိနေပါလား။ မြန်မာအသင်းရော ဒီသီချင်းထဲကအတိုင်းပဲ ထပ်ဖြစ်ဦးမှာလားလို့စိတ်ထဲမှာ မချင့်မရဲလေး တွေးမိလိုက်ပါတယ်။

ဆီးဂိမ်းစ်မှာ မြန်မာအသင်း ဘယ်အုပ်စုနဲ့ဆုံသလဲ
ဒီလ နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမယ့် ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၂၂ အသင်းက အိမ်ရှင် ဖိလစ်ပိုင်နဲ့တစ်အုပ်စုတည်းကျသလို အခြားသောပြိုင်ဘက်တွေဖြစ်တဲ့ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နဲ့လည်း ယှဉ်ပြိုင်သွားရမှာပါ။ အုပ်စု(က)ရဲ့အသင်းတွေအနေအထားအရ မြန်မာအသင်းက အုပ်စုချောင်သွားလို့အုပ်စုတက်နိုင်တယ်လို့ခန့်မှန်းကြတာလည်း ကြားသိနေရပါတယ်။ တစ်ဖက် အုပ်စု(ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့ယှဉ်ပြိုင်ကြရမှာပါ။ တစ်ဖက်အုပ်စုကတော့ အာဆီယံဒေသတွင်းမှာ မရဏအုပ်စုပါပဲ။ မရဏအုပ်စုအကြောင်းက ကိုယ့်မြန်မာအသင်းမပါလေတော့ ကံကောင်းတယ်လို့တွေးဆရင်းနဲ့အုပ်စု(က)ထဲက မြန်မာအသင်းဟာ နောက်တစ်ဆင့်တက်ပါ့မလားဆိုတာကို စိတ်ဝင်တစား တွက်ဆချင်လာပါတယ်။ 

ဆီးဂိမ်းစ်သမိုင်းထဲက မြန်မာအသင်း
တော်တော်များများလည်း သိထားပြီးသား ဖြစ်မှာပါ။ Google မှာ Enter ခေါက်ပြီး ရှာလိုက်တာနဲ့ဒီသမိုင်းကိုတော့ အလွယ်တကူသိနိုင်တဲ့အတွက် အသေးစိတ်တော့ မရေးချင်တော့ပါဘူး။ အခြားရှုထောင့်တစ်ခုကနေပဲ ရှုမြင်ကြည့်ရရင်တော့ မြန်မာအသင်းဟာ ဒီတစ်ကြိမ်ဆီးဂိမ်းစ်ကနေ စတင်ဗိုလ်စွဲပြီး နောက်ထပ်နှစ် ၂၂ ဆက်တိုက် ဗိုလ်စွဲခဲ့မယ်ရင်တော့ အိမ်နီးချင်းပြိုင်ဘက် ထိုင်းအသင်းရဲ့ချန်ပီယံ(၁၆)ကြိမ်ကို မီပါပြီ။ ဆိုလိုရရင်ဖြင့် ထိုင်းအသင်းဟာ ဆီးဂိမ်းစ်မှာ ၁၆ ကြိမ်အထိ ဗိုလ်စွဲထားပြီးတော့ သူနဲ့အနီးစပ်ဆုံးပြိုင်ဘက် ဒုတိယနေရာမှာ ရှိနေတဲ့ မလေးရှားအသင်းရဲ့(၆)ကြိမ်ချန်ပီယံထက်(၁၀) ပိုများနေသလို အိမ်နီးချင်းမြန်မာအသင်း(၅)ကြိမ် ချန်ပီယံထက် (၁၁)ကြိမ် ပိုများနေပါတယ်။ နှစ်နှစ်တစ်ကြိမ် ကျင်းပတဲ့အတွက် မြန်မာအသင်းက ၂၂ နှစ်ဆက်တိုက် ဗိုလ်စွဲမှ ထိုင်းအသင်းရဲ့(၁၆)ကြိမ် ဗိုလ်စွဲထားမှုကို မီပါလိမ့်မယ်။ ဒါတောင် ထိုင်းအသင်းရဲ့ငွေနဲ့ကြေးတံဆိပ်ရရှိထားမှုအပါအဝင် ဆုတံဆိပ်အားလုံးပေါင်း တန်းစီဇယားမှာဆိုရင် ဒုတိယနေရာမှာပဲ ရှိနေဦးမယ့်သဘောပါ။ မြန်မာအသင်း နောက်ဆုံး ဗိုလ်စွဲခဲ့တာက ၁၉၇၃ ခုနှစ်က ဖြစ်ပြီး ဆီးဂိမ်းစ်မကျင်းပတဲ့ ၂၀၁၈ အထိ တစ်နှစ်ချင်းစီတွက်မယ်ဆိုရင် နှစ်ပေါင်း ၄၅ နှစ် ရှိခဲ့ပါပြီ။ ဆီးဂိမ်းစ်ကျင်းပတဲ့ ဒီတစ်ကြိမ်ပါရင်တော့ ၄၆ နှစ်ရှိပြီလို့ပဲ စာရင်းထပ်မှတ်ရမှာပါ။ ၁၉၇၃ နောက်ပိုင်းကနေဆိုရင် ၁၉၉၃ စင်ကာပူဆီးဂိမ်းစ်မှာ ဒုတိယတစ်ကြိမ်၊ ၂၀၀၇ ခုနှစ် ထိုင်းဆီးဂိမ်းစ်မှာ ဒုတိယတစ်ကြိမ်၊ ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်မှာ ဒုတိယတစ်ကြိမ်ဆိုပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ကြံဖန်ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ၁၉၅၉ ကတည်းက ကျွန်းဆွယ်အားကစားအမည်နဲ့စတင်ခဲ့တဲ့ ဆီးဂိမ်းစ်သမိုင်းထဲမှာတော့ မြန်မာအသင်းဟာ ကျားတစ်ကောင်တော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျားတော့ကျား၊ ဘယ်လိုကျားလဲဆိုတော့ " ဖွတ်ကျား " ။ တစ်နည်းအားဖြင့် " သွားမပါတဲ့ကြောင် " လို့ပဲ ကင်ပွန်းတပ်ချင်ပါတယ်။ အဲဒီအချိန်မှာ ထိုင်းအသင်းကတော့ ကျန်တဲ့ပြိုင်ဘက်တွေ လိုက်မီဖို့နောက်ထပ်နှစ် ၂၀ လောက် တစ်မေ့တစ်မောအိပ်နေလို့တောင် ရတဲ့အထိ၊ အပျင်းပြေ ထ ကန်ရင်တောင် အာဆီယံထဲက ဘယ်အသင်းကိုမဆို အလွယ်တကူအနိုင်ယူနိုင်တဲ့အထိ တစ်ဟုန်ထိုး တိုးတက်သွားခဲ့ပါပြီ။ တစ်နည်းအားဖြင့် အာဆီယံက ချန်ပီယံဆုကို စိတ်မဝင်စားတော့တဲ့အထိ ချန်ပီယံဆုယူရတာ ပျင်းရိငြီးငွေ့သွားကြပါပြီ။

မြန်မာအသင်းပါတဲ့ အုပ်စုကို သဏ္ဍန်ခွဲကြည့်သောအခါ
မြန်မာယူ-၂၂ အသင်းဟာ အုပ်စုတွင်းမှာ ပုံမှန်အားဖြင့်ဆိုရင် အလွယ်တကူကျော်ဖြတ်နိုင်တဲ့အနေအထားမျိုးတော့ ရှိပါတယ်။ သို့သော်လည်း ဒီကနေ့မြန်မာယူ-၂၂ အသင်းကို လေ့လာကြည့်ရင်တော့ အရှေ့တီမောလိုအသင်းကိုတောင် ခပ်ပြတ်ပြတ်နိုင်ဖို့မဖြစ်နိုင်တော့တဲ့အနေအထားမျိုး ရောက်လာပါတယ်။ ဒါပေမဲ့ နောက်ဆုံးကစားထားကြတဲ့ ခြေစွမ်းတွေအရဆိုရင်တော့ မြန်မာအသင်းအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိနေပါသေးတယ်။ အိမ်ရှင်ဖိလစ်ပိုင်အသင်းဟာ ဒီနှစ် ၂၀၁၉ ထဲမှာ ကစားထားတဲ့ ပြိုင်ပွဲစုံ(၈)ပွဲမှာ တစ်ပွဲမှ နိုင်မထားပါဘူး။ အထူးသဖြင့် အရှေ့တီမောနဲ့လာအိုလိုအသင်းမျိုးကို ရှုံးထားပါတယ်။ ကျန်တဲ့ဒေသတွင်း ပြိုင်ဘက်တွေကို ရှုံးထားတာက သာမန်မထူးခြားတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရှုံးနိမ့်မှုမျိုးဖြစ်ပေမယ့် အာဆီယံဒေသတွင်းမှာ အနိမ့်ဆုံးအသင်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အရှေ့တီမောနဲ့လာအိုလိုအသင်းတွေကို ရှုံးထားတဲ့အတွက် ဖိလစ်ပိုင်ယူ-၂၂ အသင်းရဲ့ခြေစွမ်းဟာ မြန်မာအတွက် လွယ်ကူတဲ့နိုင်ပွဲများ ဖြစ်မလားလို့တော့ မျှော်လင့်စရာရှိပါတယ်။ မလေးရှားယူ-၂၂ အသင်းကလည်း ဒီနှစ်ထဲမှာ ကစားထားတဲ့သုံးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်မျိုး ထွက်ထားပါတယ်။ နိုင်ထားတာက မြန်မာယူ-၂၂ အသင်းကိုပါ။ သရေကျထားတာက အင်ဒိုနီးရှားကိုဖြစ်နေပြီးတော့ ရှုံးထားတာက ကမ္ဘောဒီးယားအသင်းဖြစ်နေပါတယ်။ ကမ္ဘောဒီးယားအသင်းကတော့ ဒီနှစ်ထဲမှာပြိုင်ပွဲစုံ(၉)ပွဲကစားထားပြီး အင်အားကြီး ထိုင်းအသင်းကိုတောင် သရေကစားထားနိုင်တဲ့အထိ တိုးတက်လာနေပါတယ်။ ဒီ(၉)ပွဲအတွင်းမှာ ကမ္ဘောဒီးယားအသင်းက မြန်မာအသင်းကို နှစ်ဂိုး၊ မလေးရှားအသင်းကို တစ်ဂိုး ဆိုတဲ့ ဂိုးပြန်မပေးရတဲ့အထိ နိုင်ထားတဲ့အခြေအနေကို ခံစားထားကြပါတယ်။ ဗီယက်နမ်လိုအသင်းကို၊ ထိုင်းလိုအသင်းကို အင်ဒိုနီးရှားလိုအသင်းကို သူတင်ကိုယ်တင်ကစားထားတဲ့အထိ ကမ္ဘောဒီးယားတို့ဘောလုံးခြေစွမ်း တစ်ဟုန်ထိုး တိုးတက်လာခဲ့တာပါ။ အရှေ့တီမောအသင်းကတော့ မှတ်တမ်းမှတ်ရာတွေထဲမှာ ဒီနှစ်ပြိုင်ပွဲတွေကို ထည့်သွင်းဖော်ပြထားတာမျိုး မတွေ့ရပါဘူး။ ဒါပေမဲ့ ၂၀၁၈ တုန်းက ကစားထားတဲ့သုံးပွဲမှာ တရုတ်၊ ဆီရီးယား၊ ယူအေအီးတို့လို အာဆီယံထက်တစ်ဆင့်မြင့်တဲ့အသင်းတွေနဲ့ဖြစ်ပါတယ်။ မြန်မာအသင်းကတော့ ဒီနှစ်ထဲမှာ ဇွန်လအထိ(၉)ပွဲကစားထားသလို နိုင်ပွဲ(၂)ပွဲသာ ရရှိထားပါတယ်။ ကမ္ဘောဒီးယား၊ မလေးရှားစတဲ့အသင်းတွေကို ရှုံးထားပါတယ်။ 

မြန်မာယူ-၂၂ အသင်း အုပ်စုအဆင့်ကနေ ကျော်နိုင်မလား
အုပ်စုပါ အသင်းတွေအရဆိုရင်တော့ အုပ်စုအဆင့်ကို ကျော်နိုင်တယ်လို့အလွယ်တကူ ဖြေကြမှာပါ။ ဒီလောက် လွယ်လွယ်မှတ်ချက်မပေးစေချင်ပါဘူး။ ဖိလစ်ပိုင်အသင်းဟာ အိမ်ရှင်ပီပီ အုပ်စုအဆင့်ကို ကျော်နိုင်ဖို့အားကုန်ထုတ်လာမှာပါ။ အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းနဲ့ကစားရမှာဖြစ်သလို အိမ်ကွင်းဖိအားနဲ့မြန်မာအသင်းကို အနိုင်ကစားသွားဖို့များပါတယ်။ အထူးသဖြင့် ဖွင့်ပွဲမှာ မြန်မာအသင်းကသာ နိုင်သွားရင် ဖိလစ်ပိုင်တို့မခံမရပ်နိုင် ဖြစ်ကြမှာပါ။ ဒီလိုအဖြစ်ခံမှာလည်း မဟုတ်တဲ့အတွက် ဖိလစ်ပိုင်ကို အနိုင်ကစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဖိလစ်ပိုင်အသင်းရဲ့ဒီဘက်ဆယ်စုနှစ်အတွင်း တိုးတက်လာမှုကလည်း မြန်မာအသင်းရဲ့အကျဘက်ကို ထိုးဆင်းနေမှုနဲ့ထိပ်တိုက်တိုးလာနေပါတယ်။ မြန်မာအသင်းဟာ မလေးရှားအသင်းကို အနိုင်ကစားဖို့လည်း မလွယ်ပါဘူး။ မလေးရှားအသင်းက ဗီယက်နမ်နဲ့ထိုင်းလိုအသင်းကို သူတင်ကိုယ်တင်ကစားနိုင်တဲ့ ကစားကွက်၊ ခြေစွမ်း၊ ကြိုးစားအားထုတ်မှုတွေ ရှိနေပါတယ်။ လုံလာက်တဲ့အစုအဖွဲ့မျိုးလည်း ပိုင်ဆိုင်ထားတဲ့အတွက် ဒီအုပ်စုထဲမှာတော့ မလေးရှားက အုပ်စုဗိုလ်ဖြစ်ဖို့များနေပါတယ်။ အုပ်စုဒုတိယနေရာကိုတော့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားတို့က အပြိုင်ဖြစ်နေပါတယ်။ ဒီအထဲမှာ ကမ္ဘောဒီးယားကို ချီးကျုးရမှာပါ။ ကမ္ဘောဒီးယားအသင်းဟာ မျက်နှာသစ်အုပ်စုအောင်အသင်းအဖြစ် တာထွက်လာနိုင်ပါတယ်။ ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားတို့တော်တော်လေး ညံ့မှသာလျှင် မြန်မာအသင်းက အုပ်စုအောင်နိုင်မှာပါ။ အရှေ့တီမောကလည်း လျော့တွက်လို့မရတဲ့အသင်းအဖြစ် ရှိနေပါတယ်။ အထူးသဖြင့် အုပ်စု(က)ဟာ အသင်းတိုင်းလိုလိုအတွက် အုပ်စုအောင်မြင်ရေးမျှော်လင့်ချက်တွေ ရှိနေတဲ့အတွက် အသင်းတိုင်းက မူလရှိရင်းစွဲစိတ်ဓါတ်ခွန်အားထက် ဒီတစ်ကြိမ်တော့ အပြည့်ထက်အလွန် အားထုတ်မယ်လို့တွက်ဆထားကြမှာပါ။ အသင်းနည်းပြတိုင်းကလည်း အုပ်စုအနေအထားကိုကြည့်ပြီး ချိန်ဆနေကြတာဖြစ်တဲ့အတွက် အသင်းတိုင်းဟာ ခွန်အားတွေ ပိုပြည့်လာကြမယ့်သဘောမှာ ရှိပါတယ်။ ဒီအခြေအနေဟာ မြန်မာအသင်းအတွက် အသက်ရှုပိုကျပ်စေမှာပါ။ တစ်ဖက်အုပ်စုမှာသာ ရောက်သွားရင်တော့ ဖဲဝိုင်းထဲက ဆေးလိပ်တိုလိုမျိုး အသင်းကြီးက ဝိုင်းဖွာတာနဲ့ဆေးလိပ်တိုဖင်ဟောင်းလောင်း ဖြစ်ကုန်မယ်လို့တထစ်ချပြောချင်မိပါတယ်။ အထူးသဖြင့် မြန်မာအသင်းဟာ တစ်ဖက်အုပ်စုထဲက ထိုင်းအသင်းကို၊ ဗီယက်နမ်အသင်းကို၊ အင်ဒိုနီးရှားအသင်းကို စင်ကာပူအသင်းကို လုံး၀ အနိုင်ရဖို့မဖြစ်နိုင်ပါဘူး။ လေးသင်းလုံးက ဝိုင်းပြီး ဂိုးသွင်းလေ့ကျင့်တာကို ခံရနိုင်သလို အရှက်တကွဲလည်း ဖြစ်နိုင်ပါတယ်။ အုပ်စု(က)မှာ ကျသွားခဲ့တာကပဲ ကံတရားက ဖေးမတာလို့မှတ်ယူရတော့မှာပါ။ သို့သော်လည်း အုပ်စုတက်ဖို့မဖြစ်နိုင်ပါဘူး။

လိုတိုရှင်း အနှစ်ချုပ်သုံးသပ်ကြည့်ရင်း ပြည်သူများသို့
ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေကတော့ ကြိုက်မှာမဟုတ်ပါဘူး။ မကြိုက်လည်း ပြောရေးရှိက ပြောဆိုရ ဆိုသလိုပါပဲ။ မျိုးချစ်စိတ်ပြင်းထန်လွန်းလှတဲ့ မြန်မာပြည်သူတွေကို မြန်မာ့ဘောလုံးနဲ့ပတ်သက်ပြီး ပြောချင်မိတာကတော့ မြန်မာယူ-၂၂ အသင်းကို အုပ်စုအောင်တယ်ဆိုရင်ပဲ အမြင့်ဆုံးရလဒ်လို့မှတ်ပါ။ မျက်ရည်ခိုင်ခိုင်၊ စိတ်ခိုင်ခိုင်ထားပြီး ကြည့်ပါ။ အားပေးပါ။ သို့သော် မျှော်လင့်ချက် မထားပါနဲ့။ မြန်မာဘောလုံးအသင်းထဲက ကစားသမားတွေ၊ အုပ်ချုပ်သူတွေ၊ တာဝန်ရှိဆက်စပ်ပတ်သက်သူတွေဟာ မြန်မာပြည်သူတွေကို နှစ်ပေါင်းများစွာ စိတ်ဆင်းရဲသောကတွေ ပေးထားပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ်လာဦးမယ့် စိတ်ဆင်းရဲသောကတွေဟာ နေသားတကျဖြစ်နေသင့်ပြီလို့ပဲ ဆိုရမှာပါ။ ပြည်သူတွေအနေနဲ့လည်း မြန်မာဘောလုံးအသင်းနဲ့ဘောလုံးအသင်းထဲက ဆက်စပ်တာဝန်ရှိသူတွေကို ခွဲခြားမြင်ရပါမယ်။ ဘောလုံးအသင်းဆိုတာ နိုင်ငံဂုဏ်ပုဒ်ပါ။ အသင်းထဲက ဆက်စပ်ပတ်သက်သူတွေက နိုင်ငံဂုဏ်ပုဒ်ကို နိမ့်ကျသထက်နိမ့်ကျအောင် ဖျက်ဆီးနေသူတွေပါ။ ဒီတော့ ပြည်သူတွေအနေနဲ့က ဘောလုံးအသင်းဆိုတဲ့ နိုင်ငံ့ဂုဏ်ပုဒ်ကို ချစ်ပါ။ နိုင်ငံဂုဏ်ပုဒ်ကို နိမ့်ကျသထက် နိမ့်ကျအောင်လုပ်နေကြသူတွေကိုတော့ စိတ်ခံစားချက်အတိုင်း ပြုမူပါ။ ဒီတစ်ကြိမ်လည်း မြန်မာယူ-၂၂ အသင်းသားတွေ၊ တာဝန်ရှိဆက်စပ်ပတ်သူတွေက မြန်မာပြည်သူတွေကို မျက်ရည်တွေ၊ စိတ်သောကတွေပဲ ပေးဦးမှာဖြစ်တဲ့အတွက် အုပ်စုအောင်သွားခဲ့ရင်ပဲ ကံကောင်းတယ်မှတ်ပြီး ဗိုလ်မစွဲဘူး၊ ဒုတိယ၊ တတိယလည်း မရဘူးလို့သာ ယတိပြတ် စိတ်ထဲမှာမှတ်ထားကြဖို့ဦးညွှတ်အသိပေးလိုက်ပါရစေခင်ဗျာ။ 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။