Skip to main content
Ads Block

Tiger Street Football ဖိုင်နယ်ပွဲနေ့တွင် အနုပညာရှင်များနှင့် ရီယိုဖာဒီနန်တို့ ဘောလုံးကစားမည် (ရုပ်သံ)

 

Unicode version

Tiger Street Football ပြိုင်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့များမှာ နိုဝင်ဘာ ၁၆ ရက်နေ့က တစ်ပြိုင်တည်း ကျင်းပလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆၀ အနက်မှ အနိုင်ရရှိတဲ့ အသင်း ၈ သင်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏဘူမိကွင်းအတွင်း ဖိုင်နယ်ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သရုပ်ဆောင် ထွန်းထွန်း၊ အောင်မြင့်မြတ်တို့အပြင် နာမည်ကျော် အနုပညာရှင်များနဲ့ မန်ယူကစားသမားဟောင်း ရီယိုဖာဒီနန်တို့ကလည်း ဘောလုံးကစားကြမှာ ဖြစ်ပါတယ်။
 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။