Skip to main content
စီးပြားေရးလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္သည့္အဆင့္မွစတင္ကာ လြယ္ကူေခ်ာေမြ႔ေစသည့္အစီအမံမ်ား ခ်မွတ္ေဆာင္ရြက္ေနဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ 
Ads Block

စီးပြားေရးလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္သည့္အဆင့္မွစတင္ကာ လြယ္ကူေခ်ာေမြ႔ေစသည့္အစီအမံမ်ား ခ်မွတ္ေဆာင္ရြက္ေနဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ 

 

စီးပြားေရးလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္သည့္အဆင့္မွစတင္ကာလြယ္ကူေခ်ာေမြ႔ေစသည့္အစီအမံမ်ား ခ်မွတ္ေဆာင္ရြက္ေနေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
Fortune Plaza တြင္ ႏုိဝင္ဘာလ ၁၆ ရက္ကက်င္းပသည့္ လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား ၄ ႀကိမ္ေျမာက္ ညီလာခံတြင္ ေျပာၾကားလုိက္ျခင္းျဖစ္သည္။
“ ႏုိင္ငံရဲ႕လူမႈစီးပြားတစ္ခုလံုးကိုတိုးတက္ေအာင္လုပ္ေဆာင္သြားမယ့္ မဟာဗ်ဴဟာလုပ္ငန္းစဥ္ျဖစ္တဲ့ ျမန္မာႏုိင္ငံရဲ႕ေရရွည္တည္တံ့ခုိင္ၿမဲတဲ့ ဟန္ခ်က္ညီတဲ့ဖြံ႔ၿဖိဳးတုိးတက္မႈစီမံကိန္းကို ေရးဆြဲခ်မွတ္၊ အေကာင္အထည္ေဖာ္ေနၿပီဆိုတာကိုလည္းသိထားၿပီးျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ရာမွာ စတင္ထူေထာင္လုပ္ကိုင္တဲ့အဆင့္ကေန စီးပြားေရးဝန္းက်င္တစ္ခုလံုးလုပ္ကိုင္ႏိုိင္စြမ္းရွိတဲ့၊ လြယ္ကူေခ်ာေမြြ႔တဲ့ အစီအမံေတြလည္း စနစ္တက်ခ်မွတ္ေဆာင္ရြက္ေနပါတယ္။” ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ထို႔အျပင္ လူငယ္လုပ္ငန္းရွင္မ်ား၏စြမ္းေဆာင္ရည္ႏွင့္ အနာဂတ္ကို အစိုးရက အျပည့္အ၀ယံုၾကည္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။ 
လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား ၄ ႀကိမ္ေျမာက္ညီလာခံတြင္ ႏုိင္ငံတကာမွ လူငယ္စြန္႔ဦးတီထြင္သူမ်ားႏွင့္ ျမန္မာႏိုင္ငံမွလူငယ္စြန္႔ဦးတီထြင္သူမ်ားအျပန္အလွန္ေဆြးေႏြးျခင္း၊ လူငယ္စြန္႔ဦးတီထြင္သူမ်ားကို ဆုခ်ီးျမွင့္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်သည့်အဆင့်မှစတင်ကာလွယ်ကူချောမွေ့စေသည့်အစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Fortune Plaza တွင် နိုဝင်ဘာလ ၁၆ ရက်ကကျင်းပသည့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ၄ ကြိမ်မြောက် ညီလာခံတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ နိုင်ငံရဲ့လူမှုစီးပွားတစ်ခုလုံးကိုတိုးတက်အောင်လုပ်ဆောင်သွားမယ့် မဟာဗျူဟာလုပ်ငန်းစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ရေးဆွဲချမှတ်၊ အကောင်အထည်ဖော်နေပြီဆိုတာကိုလည်းသိထားပြီးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ စတင်ထူထောင်လုပ်ကိုင်တဲ့အဆင့်ကနေ စီးပွားရေးဝန်းကျင်တစ်ခုလုံးလုပ်ကိုင်နိုင်စွမ်းရှိတဲ့၊ လွယ်ကူချောမွေ့တဲ့ အစီအမံတွေလည်း စနစ်တကျချမှတ်ဆောင်ရွက်နေပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် လူငယ်လုပ်ငန်းရှင်များ၏စွမ်းဆောင်ရည်နှင့် အနာဂတ်ကို အစိုးရက အပြည့်အဝယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ 
လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ၄ ကြိမ်မြောက်ညီလာခံတွင် နိုင်ငံတကာမှ လူငယ်စွန့်ဦးတီထွင်သူများနှင့် မြန်မာနိုင်ငံမှလူငယ်စွန့်ဦးတီထွင်သူများအပြန်အလှန်ဆွေးနွေးခြင်း၊ လူငယ်စွန့်ဦးတီထွင်သူများကို ဆုချီးမြှင့်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

-  ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။