Skip to main content
လက္ရွိအခ်ိန္မွာၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရးစသည္တို႔အတြက္ အကဲဆတ္သည့္အခိုက္အတန္႔ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ
Ads Block

လက္ရွိအခ်ိန္မွာၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရးစသည္တို႔အတြက္ အကဲဆတ္သည့္အခိုက္အတန္႔ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ

 

လက္ရွိအခ်ိန္သည္ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရး၊ စစ္ေရးစသည္တို႔အတြက္အကဲဆတ္သည့္အခိုက္အတန္႔ ျဖစ္ေၾကာင္း NCA-S EAO အဖြဲ႔ေခါင္းေဆာင္ဗိုလ္မွဴးႀကီးစိုင္းငင္းက ေျပာသည္။ 

လက္ရွိအခ်ိန္မွာၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရးစသည္တို႔အတြက္ အကဲဆတ္သည့္အခိုက္အတန္႔ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီးစိုင္းငင္း ေျပာ


ထိုင္းႏုိင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ႏိုဝင္ဘာလ ၁၆ ရက္ကက်င္းပသည့္ တစ္ႏုိင္ငံလံုးပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထုိးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ား(NCA-S EAO)၏ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညွိႏိႈင္းေရးအဖြဲ႔အစည္းအေဝး(ဒုတိယအႀကိမ္)တြင္ ေျပာျခင္းျဖစ္သည္။ 
“ဒီအခ်ိန္ဟာ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးေတြအတြက္ အကဲဆတ္တဲ့အခိုက္အတန္႔ျဖစ္လို႔ ဒီကိစၥေတြကိုကိုင္တြယ္ေျဖရွင္းေဆာင္ရြက္ရာမွာ သတိတရား၊ အသိတရား၊ တည္ၿငိမ္မႈ၊ စိတ္ရွည္သည္းခံမႈ၊ ေတာင့္ေစ့ေအာင္လုပ္ေဆာင္မႈတို႔နဲ႔ ေဆာင္ရြက္ႏိုင္မွေတာ္ရာက်မွာျဖစ္ပါတယ္” ဟု NCA-S EAO အဖြဲ႔ေခါင္းေဆာင္ ဗိုလ္မွဴးႀကီးစိုင္းငင္းက ေျပာသည္။ 
ေရွ႕လုပ္ငန္းစဥ္ခ်မွတ္ရာတြင္အေထာက္အကူျဖစ္ေစရန္ လက္ရွိၿငိမ္းခ်မ္းေရးအခင္းအက်င္း၊ ႏိုင္ငံေရးျဖစ္တည္မႈ၊ စစ္ေရးလႈပ္ရွားမႈမ်ားကို ဂဃနဏ၊ အရွိကိုအရွိအတိုင္း လက္ေတြ႔ျဖစ္ေနသည္ကို လက္ေတြ႔ျဖစ္ေနသည့္အတိုင္း မွန္မွန္ကန္ကန္အျပဳသေဘာေဆာင္ သုံးသပ္ေပးရန္ လိုအပ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားခဲ့သည္။ 
လက္ရွိတြင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားမွာ ကရင္အမ်ဳိးသားအစည္းအရံုုး(KNU)၊ ခ်င္းအမ်ဳိးသားတပ္ဦး(CNF)၊ ျမန္မာႏိုုင္ငံလံုုးဆိုုင္ရာ ေက်ာင္းသားမ်ားဒီမိုုကရက္တစ္တပ္ဦး(ABSDF)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ(KNLA/PC)၊ ပအိုု႔၀္အမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဴပ္(PNLO)၊ ရခိုုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၊ ကရင္အမ်ဳိးသားဒီမိုု ေရစီအက်ဳိးျပဳတပ္မေတာ္(DKBA)၊ မြန္ျပည္သစ္ပါတီ(NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအရံုး(LDU)တို႔ ျဖစ္သည္။

 

-  ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ- NCA-S EAO

Unicode Version 

 

လက်ရှိအချိန်သည် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စစ်ရေးစသည်တို့အတွက်အကဲဆတ်သည့်အခိုက်အတန့် ဖြစ်ကြောင်း NCA-S EAO အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ 
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်နိုဝင်ဘာလ ၁၆ ရက်ကကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး(ဒုတိယအကြိမ်)တွင် ပြောခြင်းဖြစ်သည်။ 
“ဒီအချိန်ဟာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေအတွက် အကဲဆတ်တဲ့အခိုက်အတန့်ဖြစ်လို့ ဒီကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာမှာ သတိတရား၊ အသိတရား၊ တည်ငြိမ်မှု၊ စိတ်ရှည်သည်းခံမှု၊ တောင့်စေ့အောင်လုပ်ဆောင်မှုတို့နဲ့ ဆောင်ရွက်နိုင်မှတော်ရာကျမှာဖြစ်ပါတယ်” ဟု NCA-S EAO အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ 
ရှေ့လုပ်ငန်းစဉ်ချမှတ်ရာတွင်အထောက်အကူဖြစ်စေရန် လက်ရှိငြိမ်းချမ်းရေးအခင်းအကျင်း၊ နိုင်ငံရေးဖြစ်တည်မှု၊ စစ်ရေးလှုပ်ရှားမှုများကို ဂဃနဏ၊ အရှိကိုအရှိအတိုင်း လက်တွေ့ဖြစ်နေသည်ကို လက်တွေ့ဖြစ်နေသည့်အတိုင်း မှန်မှန်ကန်ကန်အပြုသဘောဆောင် သုံးသပ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 
လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမို ရေစီအကျိုးပြုတပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်သည်။

-  နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- NCA-S EAO

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။