Skip to main content
ျပင္သစ္ခရီးသြားတစ္ဦး ထုိင္း ေရတံခြန္တစ္ခုေပၚမွာ ဆဲလ္ဖီရုိက္ရင္း ျပဳတ္က် ေသဆုံး 
Ads Block

ျပင္သစ္ခရီးသြားတစ္ဦး ထုိင္း ေရတံခြန္တစ္ခုေပၚမွာ ဆဲလ္ဖီရုိက္ရင္း ျပဳတ္က် ေသဆုံး 

 

ထုိင္းႏုိင္ငံက ေရတံခြန္တစ္ခုေပၚမွာ ဆဲလ္ဖီရုိက္ေနရင္း ျပင္သစ္ ကမာၻလွည့္ခရီးသြား အမ်ဳိးသားတစ္ဦး ျပဳတ္က်ေသဆုံးခဲ့ရေၾကာင္း ထုိင္းရဲက ေသာၾကာေန ့(ႏုိ၀င္ဘာ ၁၅) မွာ ေျပာဆုိပါတယ္။ 
အုန္းပင္ေတြ၊ သဲျဖဴကမ္းေျခေတြေၾကာင့္ ကမာၻလွည့္ခရီးသြားေတြအၾကား နာမည္ေက်ာ္တဲ့ ေကာ့စမြီကၽြန္းေပၚမွာ ၾကာသပေတးေန ့ မြန္းလြဲပုိင္းေလာက္က ယင္းျဖစ္ရပ္ျဖစ္ပြားခဲ့တာပါ။ အသက္ ၃၃ ႏွစ္အရြယ္ ျပင္သစ္ႏုိင္ငံသားဟာ Na Mueang 2 ေရတံခြန္ေပၚမွာ ဆဲလ္ဖီရုိက္ေနစဥ္ ျပဳတ္က် သြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇူလုိင္လကလည္း ယင္းေနရာမွာပဲ စပိန္ခရီးသြားတစ္ဦး ျပဳတ္က် ေသဆုံးခဲ့ေသးေၾကာင္း ကၽြန္းေဒသရဲ႕ ကမာၻလွည့္ခရီးသြားရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက AFP ကုိ ေျပာဆုိပါတယ္။ 
ေရတံခြန္ဟာ မတ္ေစာက္ၿပီး ေခ်ာေနခဲ့တာေၾကာင့္ ေသဆုံးသူရဲ႕ အေလာင္းကုိ ျပန္ရယူဖုိ ့အတြက္ နာရီအေတာ္ယူခဲ့ရတယ္လုိ ့လည္း ၄င္းက ေျပာဆုိပါတယ္။ အခင္းျဖစ္ေနရာဟာ အထိန္းႀကိဳးတန္းမရွိဘဲ ခရီးသြားေတြအတြက္ အႏၱရာယ္မ်ားေၾကာင္း သတိေပးဆုိင္းဘုတ္ ေရးထား ခဲ့တယ္လုိ ့လည္း ၄င္းက ဆုိပါတယ္။ 
ထုိင္းႏုိင္ငံဟာ ကမာၻလွည့္ခရီးသြားေတြအတြက္ လုံၿခဳံေဘးကင္းတဲ့ ေနရာတစ္ခုအျဖစ္ က်ယ္က်ယ္ျပန္ ့ျပန္ ့ သတ္မွတ္ခံထားရၿပီး ပုံမွန္အားျဖင့္ ႏွစ္စဥ္ ခရီးသြား ၃၅ သန္းေက်ာ္၀င္ေရာက္ ေစဖုိ ့ ဆြဲေဆာင္ထားႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ၂၀၁၈ ခုႏွစ္က ႏုိင္ငံေတာင္ပုိင္းမွာ တရုတ္ခရီးသြား ေတြ ပါ၀င္တဲ့ ကူးတုိ ့သေဘၤာတစ္စီးနစ္ျမဳပ္ကာ လူ ၄၇ ဦးေသဆုံးခဲ့မႈ ျဖစ္ပြားၿပီးေနာက္ပုိင္း ခရီးသြားလုပ္ငန္း ထိခုိက္နစ္နာမႈေတြျဖစ္ခဲ့ပါတယ္။ 

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : The Straits Times 

 

Unicode Version 

 

 

ထိုင်းနိုင်ငံက ရေတံခွန်တစ်ခုပေါ်မှာ ဆဲလ်ဖီရိုက်နေရင်း ပြင်သစ် ကမ္ဘာလှည့်ခရီးသွား အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရကြောင်း ထိုင်းရဲက သောကြာနေ့(နိုဝင်ဘာ ၁၅) မှာ ပြောဆိုပါတယ်။ 
အုန်းပင်တွေ၊ သဲဖြူကမ်းခြေတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား နာမည်ကျော်တဲ့ ကော့စမွီကျွန်းပေါ်မှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းလောက်က ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဟာ Na Mueang 2 ရေတံခွန်ပေါ်မှာ ဆဲလ်ဖီရိုက်နေစဉ် ပြုတ်ကျ သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ယင်းနေရာမှာပဲ စပိန်ခရီးသွားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့သေးကြောင်း ကျွန်းဒေသရဲ့ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက AFP ကို ပြောဆိုပါတယ်။ 
ရေတံခွန်ဟာ မတ်စောက်ပြီး ချောနေခဲ့တာကြောင့် သေဆုံးသူရဲ့ အလောင်းကို ပြန်ရယူဖို့အတွက် နာရီအတော်ယူခဲ့ရတယ်လို့လည်း ၎င်းက ပြောဆိုပါတယ်။ အခင်းဖြစ်နေရာဟာ အထိန်းကြိုးတန်းမရှိဘဲ ခရီးသွားတွေအတွက် အန္တရာယ်များကြောင်း သတိပေးဆိုင်းဘုတ် ရေးထား ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။ 
ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရပြီး ပုံမှန်အားဖြင့် နှစ်စဉ် ခရီးသွား ၃၅ သန်းကျော်ဝင်ရောက် စေဖို့ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၈ ခုနှစ်က နိုင်ငံတောင်ပိုင်းမှာ တရုတ်ခရီးသွား တွေ ပါဝင်တဲ့ ကူးတို့သင်္ဘောတစ်စီးနစ်မြုပ်ကာ လူ ၄၇ ဦးသေဆုံးခဲ့မှု ဖြစ်ပွားပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း ထိခိုက်နစ်နာမှုတွေဖြစ်ခဲ့ပါတယ်။ 

 

- ကိုလင်း (အကုန်သိ သတင်းဌာန) |  Ref : The Straits Times 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။