Skip to main content
အမႈမ်ားတြင္ ျပန္ေခၚသက္ေသမ်ားကို စြပ္စြဲခံရသူဘက္က ျပန္လည္စစ္ေမးခြင့္ရွိဟု ဆို 
Ads Block

အမႈမ်ားတြင္ ျပန္ေခၚသက္ေသမ်ားကို စြပ္စြဲခံရသူဘက္က ျပန္လည္စစ္ေမးခြင့္ရွိဟု ဆို 

 

အမႈမ်ားတြင္ ျပန္ေခၚသက္ေသမ်ားကို စြပ္စြဲခံရသူဘက္က ျပန္လည္စစ္ေမးခြင့္ရွိေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦး၀ဏၰေဇာ္ကေျပာသည္။

အမႈမ်ားတြင္ ျပန္ေခၚသက္ေသမ်ားကို စြပ္စြဲခံရသူဘက္က ျပန္လည္စစ္ေမးခြင့္ရွိဟု ဆို 


အကုန္သိသတင္းဌာနမွ ႏုိ၀င္ဘာလ ၁၄ ရက္၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ျပန္ေခၚသက္ေသကစစ္ၿပီးသမွ် သက္ေသအကုန္လုံးကုိ ျပန္ၿပီးေတာ့ေခၚခ်င္ေသးတယ္။ ျပန္ၿပီးေတာ့စစ္ခ်င္ေသးတယ္ဆုိရင္ ဒါစစ္ခြင့္ရွိတယ္။ဘယ္သူ႔ကုိပဲျဖစ္ျဖစ္စစ္ခြင့္ရွိတယ္။ ဥပမာ- လုိျပသက္ေသတရားလုိဘက္က ၁၀ ေယာက္ရွိတယ္ဆုိပါစုိ႔။အဲဒီ၁၀ေယာက္ကုိ စစ္ၿပီးသြားတဲ့အထဲမွာ တရားရုံးကေနၿပီးေတာ့ စစ္ၿပီးသားသက္ေသေတြကုိဘယ္သူ႔ကုိ ျပန္ေခၚခ်င္ေသးလဲလုိ႔ တရားခံကုိ ေမးေလ့ေမးထရွိတယ္။ဘာျဖစ္လုိ႔လဲဆုိေတာ့ ဥပေဒအရေပးထားတဲ့အခြင့္အေရးမုိ႔လုိ႔။ အဲဒီလုိအခြင့္အေရး ေပးထားတဲ့အထဲမွာ တရားခံကအကုန္လုံးကုိ ျပန္စစ္ခ်င္ေသးတယ္ဆုိရင္လည္းရေသးတယ္။ ဒါမွမဟုတ္ ကုိယ္စစ္ခ်င္တဲ့တစ္ေယာက္ထဲကုိပဲသုိ႔မဟုတ္နွစ္ေယာက္ကုိပဲျပန္စစ္လည္းရတယ္။ ျပန္ေခၚရင္ေတာ့ သက္ေသေတြကုိ အရင္တုန္းကေမးခြန္းေတာ့ေမးခြင့္မရွိဘူး။ အရင္တုန္းကေမးဖုိ႔ေမ့က်န္ေနတာကုိျပန္ၿပီး ေမးခြင့္ရွိတယ္။ အမႈအတြက္လည္းအက်ိဳးရွိတယ္။ တရားသူႀကီးကေတာ့ေမ့စရာအေၾကာင္းမရွိဘူး။ ေမ့ေနရင္လည္း တရားခံရဲ႕ေရွ႕ေနက ဒီအေၾကာင္းအရာကုိေထာက္လုိ႔ရတယ္’’ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦး၀ဏၰေဇာ္က ေျပာသည္။
တရားလႊတ္ေတာ္ေရွ႕ေနဦးကုိနီလုပ္ႀကံခံရေသာအမႈတြင္လည္း ျပန္ေခၚသက္ေသေခၚဆုိမႈမ်ားရွိခဲ့သည္။
“ျပန္ေခၚသက္ေသေခၚလုိ႔ဘာမ်ားအက်ိဳးရွိလဲဆုိေတာ့ အမႈအတြက္အေထာက္အကူျပဳတဲ့ အျပန္အလွန္ေမးခြန္းေတြပဲ ေမးရတာေလ။ အဲဒီေတာ့ အမႈအတြက္ အမ်ားႀကီးအက်ိဳးရွိပါတယ္။ ခုခံေခ်ပႏုိင္စရာအေၾကာင္းေပါ့။ တစ္ခုရွိတာေမးခြန္းအသစ္ေတြပဲေမးရတယ္’’ဟုတရားလႊတ္ေတာ္ေရွ႕ေန ဦး၀ဏၰေဇာ္က ဆက္လက္ေျပာသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

အမှုများတွင် ပြန်ခေါ်သက်သေများကို စွပ်စွဲခံရသူဘက်က ပြန်လည်စစ်မေးခွင့်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝဏ္ဏဇော်ကပြောသည်။
အကုန်သိသတင်းဌာနမှ နိုဝင်ဘာလ ၁၄ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပြန်ခေါ်သက်သေကစစ်ပြီးသမျှ သက်သေအကုန်လုံးကို ပြန်ပြီးတော့ခေါ်ချင်သေးတယ်။ ပြန်ပြီးတော့စစ်ချင်သေးတယ်ဆိုရင် ဒါစစ်ခွင့်ရှိတယ်။ဘယ်သူ့ကိုပဲဖြစ်ဖြစ်စစ်ခွင့်ရှိတယ်။ ဥပမာ- လိုပြသက်သေတရားလိုဘက်က ၁၀ ယောက်ရှိတယ်ဆိုပါစို့။အဲဒီ၁၀ယောက်ကို စစ်ပြီးသွားတဲ့အထဲမှာ တရားရုံးကနေပြီးတော့ စစ်ပြီးသားသက်သေတွေကိုဘယ်သူ့ကို ပြန်ခေါ်ချင်သေးလဲလို့ တရားခံကို မေးလေ့မေးထရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ ဥပဒေအရပေးထားတဲ့အခွင့်အရေးမို့လို့။ အဲဒီလိုအခွင့်အရေး ပေးထားတဲ့အထဲမှာ တရားခံကအကုန်လုံးကို ပြန်စစ်ချင်သေးတယ်ဆိုရင်လည်းရသေးတယ်။ ဒါမှမဟုတ် ကိုယ်စစ်ချင်တဲ့တစ်ယောက်ထဲကိုပဲသို့မဟုတ်နှစ်ယောက်ကိုပဲပြန်စစ်လည်းရတယ်။ ပြန်ခေါ်ရင်တော့ သက်သေတွေကို အရင်တုန်းကမေးခွန်းတော့မေးခွင့်မရှိဘူး။ အရင်တုန်းကမေးဖို့မေ့ကျန်နေတာကိုပြန်ပြီး မေးခွင့်ရှိတယ်။ အမှုအတွက်လည်းအကျိုးရှိတယ်။ တရားသူကြီးကတော့မေ့စရာအကြောင်းမရှိဘူး။ မေ့နေရင်လည်း တရားခံရဲ့ရှေ့နေက ဒီအကြောင်းအရာကိုထောက်လို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးဝဏ္ဏဇော်က ပြောသည်။
တရားလွှတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရသောအမှုတွင်လည်း ပြန်ခေါ်သက်သေခေါ်ဆိုမှုများရှိခဲ့သည်။
“ပြန်ခေါ်သက်သေခေါ်လို့ဘာများအကျိုးရှိလဲဆိုတော့ အမှုအတွက်အထောက်အကူပြုတဲ့ အပြန်အလှန်မေးခွန်းတွေပဲ မေးရတာလေ။ အဲဒီတော့ အမှုအတွက် အများကြီးအကျိုးရှိပါတယ်။ ခုခံချေပနိုင်စရာအကြောင်းပေါ့။ တစ်ခုရှိတာမေးခွန်းအသစ်တွေပဲမေးရတယ်’’ဟုတရားလွှတ်တော်ရှေ့နေ ဦးဝဏ္ဏဇော်က ဆက်လက်ပြောသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။