Skip to main content
ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ပစ္ခတ္မႈအခ်ဳိ႕ျဖစ္ပြားခဲ့ေသာ္လည္း ယာဥ္သြားလာမႈကို ျပန္လည္ဖြင့္ေပးထား
Ads Block

ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ပစ္ခတ္မႈအခ်ဳိ႕ျဖစ္ပြားခဲ့ေသာ္လည္း ယာဥ္သြားလာမႈကို ျပန္လည္ဖြင့္ေပးထား

 

ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ယေန႔(ႏိုဝင္ဘာလ ၁၅ ရက္)၊ နံနက္ပိုင္းက ပစ္ခတ္မႈအခ်ဳိ႕ျဖစ္ပြားခဲ့ေသာ္လည္း ယာဥ္သြားလာမႈကို လက္ရွိတြင္ ျပန္လည္ဖြင့္ေပးထားေၾကာင္း သိရသည္။

ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ပစ္ခတ္မႈအခ်ဳိ႕ျဖစ္ပြားခဲ့ေသာ္လည္း ယာဥ္သြားလာမႈကို ျပန္လည္ဖြင့္ေပးထား


ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ဘက္သို႔သြားသည့္ ျပည္ေထာင္စုကားလမ္းမႀကီးေပၚ နမ့္ခိုင္တံတားအနီးတြင္ ႏိုဝင္ဘာလ ၁၅ ရက္၊ နံနက္ ၈ နာရီခြဲခန္႔က ပစ္ခတ္မႈအခ်ဳိ႕ျဖစ္ပြားခ့ဲေၾကာင္း နယ္ေျမသတင္းမ်ားအရ သိရသည္။
“ဒီမနက္ေတာ့ မူဆယ္တက္တဲ့ဘက္ေပါ့။ နမ့္ခ္ိုင္တံတားေဘးနားမွာ ဟိုတစ္ခ်က္ဒီတစ္ခ်က္ေတာ့ပစ္တယ္။ လူထိခိုက္ဒဏ္ရာရတာတို႔ ဘာတို႔ေတာ့ မၾကားမိဘူး။ လမ္းကလည္း ဖြင့္လိုက္ပိတ္လိုက္ပဲ။ အခုေတာ့ ျပန္ဖြင့္ၿပီလို႔ေျပာၾကတယ္” ဟု ေဒသခံတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ျပည္ေထာင္စုကားလမ္းမႀကီးေပၚတြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့သျဖင့္ ယာဥ္သြားလာမႈကို ပိတ္ထားခဲ့ရာမွ ယေန႔နံနက္ ၉ နာရီခြဲခန္႔တြင္ လမ္းျပန္ဖြင့္ေပးခဲ့ၿပီး ေန႔လယ္ ၁ နာရီခြဲခန္႔၌ လမ္းျပန္ပိတ္ခဲ့ကာ လက္ရွိတြင္ ျပန္ဖြင့္ေပးထားေၾကာင္း သိရသည္။
အဆိုပါလမ္းမႀကီးေပၚတြင္ ႏိုဝင္ဘာလ ၁၄ ရက္၊ နံနက္ပိုင္းက ကြတ္ခုိင္ၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္ရွိ ဧလ်ာဇာကုိယ္ပုိင္အထက္တန္းေက်ာင္းမွ ယာဥ္ေမာင္းျဖစ္သူ ဦးထင္ဆန္းႏွင့္ ေက်ာင္းဆရာျဖစ္သူ ဦးလုိင္နမ္တုိ႔ ၂ ဦးသည္ ကုိယ္ပုိင္အထက္တန္းေက်ာင္းမွ မန္ေနာင္ေက်းရြာဘက္သို႔ ေက်ာင္းသားေက်ာင္းသူမ်ားအား ေက်ာင္းႀကိဳယာဥ္ျဖင့္ သြားေရာက္ေခၚေဆာင္စဥ္ TNLA အဖြဲ႔က လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္ခ့ဲေသာ ေၾကာင့္ လက္နက္ငယ္က်ည္ထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ - Nay Myo

Unicode Version 

 

ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယနေ့(နိုဝင်ဘာလ ၁၅ ရက်)၊ နံနက်ပိုင်းက ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း ယာဉ်သွားလာမှုကို လက်ရှိတွင် ပြန်လည်ဖွင့်ပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ဘက်သို့သွားသည့် ပြည်ထောင်စုကားလမ်းမကြီးပေါ် နမ့်ခိုင်တံတားအနီးတွင် နိုဝင်ဘာလ ၁၅ ရက်၊ နံနက် ၈ နာရီခွဲခန့်က ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကြောင်း နယ်မြေသတင်းများအရ သိရသည်။
“ဒီမနက်တော့ မူဆယ်တက်တဲ့ဘက်ပေါ့။ နမ့်ခိုင်တံတားဘေးနားမှာ ဟိုတစ်ချက်ဒီတစ်ချက်တော့ပစ်တယ်။ လူထိခိုက်ဒဏ်ရာရတာတို့ ဘာတို့တော့ မကြားမိဘူး။ လမ်းကလည်း ဖွင့်လိုက်ပိတ်လိုက်ပဲ။ အခုတော့ ပြန်ဖွင့်ပြီလို့ပြောကြတယ်” ဟု ဒေသခံတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ယာဉ်သွားလာမှုကို ပိတ်ထားခဲ့ရာမှ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လမ်းပြန်ဖွင့်ပေးခဲ့ပြီး နေ့လယ် ၁ နာရီခွဲခန့်၌ လမ်းပြန်ပိတ်ခဲ့ကာ လက်ရှိတွင် ပြန်ဖွင့်ပေးထားကြောင်း သိရသည်။
အဆိုပါလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ ယာဉ်မောင်းဖြစ်သူ ဦးထင်ဆန်းနှင့် ကျောင်းဆရာဖြစ်သူ ဦးလိုင်နမ်တို့ ၂ ဦးသည် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မန်နောင်ကျေးရွာဘက်သို့ ကျောင်းသားကျောင်းသူများအား ကျောင်းကြိုယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်စဉ် TNLA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သော ကြောင့် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ - Nay Myo

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။