Skip to main content
ေန႔လယ္အခ်ိန္ဆူညံသျဖင့္ စကားမ်ားဖူးသည့္အိမ္နီးခ်င္းအား ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား 
Ads Block

ေန႔လယ္အခ်ိန္ဆူညံသျဖင့္ စကားမ်ားဖူးသည့္အိမ္နီးခ်င္းအား ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား 

 

ေန႔လယ္အခ်ိန္ဆူညံသျဖင့္ စကားမ်ားဖူးသည့္အိမ္နီးခ်င္းအားဓားျဖင့္ထိုးသတ္မႈ မင္းလွၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။

ေန႔လယ္အခ်ိန္ဆူညံသျဖင့္ စကားမ်ားဖူးသည့္အိမ္နီးခ်င္းအား ဓားျဖင့္ထိုးသတ္မႈျဖစ္ပြား 


ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ သရက္ခရိုင္၊ မင္းလွၿမိဳ႕နယ္၊ ဘန္႔ျပင္ေက်းရြာ၌ ႏို၀င္ဘာလ ၁၄ ရက္၊ ညေန ၃ နာရီတြင္လူသတ္မႈျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆးခဲ့ၾကရာ ေသဆံုးသူမွာဦးေအာင္ရွိန္(၅၈)ႏွစ္ဆိုသူျဖစ္ကာ ဓားျဖင့္ထိုးသူမွာ အိမ္နီးခ်င္းျဖစ္သည့္ လွေအာင္၊ (၅၁)ႏွစ္ဆိုသူျဖစ္ေၾကာင္း သိရွိခဲ့ရသည္။
ထို႔ေနာက္စစ္ေဆးရာ အခင္းမျဖစ္ခင္နာရီပိုင္းအလိုက ေသဆံုးသူဦးေအာင္ရွိန္၊ (၅၈)ႏွစ္ႏွင့္ ဇနီးျဖစ္သူ ေဒၚၾကည္သန္း၊(၅၅)ႏွစ္တို႔သည္ေနအိမ္ေရွ႕အဖီေအာက္တြင္ေရေႏြးၾကမ္းေသာက္ေနၾကစဥ္  မ်က္ႏွာခ်င္းဆုိင္ေနအိမ္မွ ဦးလွေအာင္၊ (၅၁)ႏွစ္ေရာက္ရိွလာသျဖင့္ ခင္ပြန္းျဖစ္သူဦးေအာင္ရွိန္းကထြက္၍ စကားေျပာဆိုရင္းမွ ဦးလွေအာင္က အသင့္ယူေဆာင္လာသည့္ဓားျဖင့္ ခင္ပြန္းျဖစ္သူ၏  ရင္ညႊန္႔ကိုထိုးလိုက္ရာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ေသဆံုးသူဦးေအာင္ရွိန္၏ဇနီးေဒၚၾကည္သန္းေျပာဆိုခ်က္အရသိရသည္။
ထို႔ေၾကာင့္ ဓားျဖင့္ထိုးသည့္ လွေအာင္(၅၁)ႏွစ္ကိုစစ္ေမးရာ ေသဆံုးသူဦးေအာင္ရွိန္မွာ လက္သမား အလုပ္လုပ္သျဖင့္ “တဒုန္းဒုန္း” ထုႏွက္သံမ်ားေၾကာင့္ ေန႔ခင္းအိပ္မရသျဖင့္ စကားမ်ားခဲ့ဖူးၾကေၾကာင္း၊ ယင္းအတြက္ေၾကာင့္ အခင္းျဖစ္သည့္အခ်ိန္တြင္ အသင့္ပါလာေသာအရိုးအသြား(၁၅)လက္မရိွဓားျဖင့္ ေဒါသအေလ်ာက္ထိုးသတ္ရျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္။ 
အမႈႏွင့္ပတ္သက္၍ လွေအာင္၊ (၅၁)ႏွစ္ကို ေရနံမနယ္ေျမရဲစခန္း၌ လူသတ္မႈျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

နေ့လယ်အချိန်ဆူညံသဖြင့် စကားများဖူးသည့်အိမ်နီးချင်းအားဓားဖြင့်ထိုးသတ်မှု မင်းလှမြို့နယ်၌ ဖြစ်ပွားကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာ၌ နိုဝင်ဘာလ ၁၄ ရက်၊ ညနေ ၃ နာရီတွင်လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာဦးအောင်ရှိန်(၅၈)နှစ်ဆိုသူဖြစ်ကာ ဓားဖြင့်ထိုးသူမှာ အိမ်နီးချင်းဖြစ်သည့် လှအောင်၊ (၅၁)နှစ်ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့နောက်စစ်ဆေးရာ အခင်းမဖြစ်ခင်နာရီပိုင်းအလိုက သေဆုံးသူဦးအောင်ရှိန်၊ (၅၈)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ကြည်သန်း၊(၅၅)နှစ်တို့သည်နေအိမ်ရှေ့အဖီအောက်တွင်ရေနွေးကြမ်းသောက်နေကြစဉ်  မျက်နှာချင်းဆိုင်နေအိမ်မှ ဦးလှအောင်၊ (၅၁)နှစ်ရောက်ရှိလာသဖြင့် ခင်ပွန်းဖြစ်သူဦးအောင်ရှိန်းကထွက်၍ စကားပြောဆိုရင်းမှ ဦးလှအောင်က အသင့်ယူဆောင်လာသည့်ဓားဖြင့် ခင်ပွန်းဖြစ်သူ၏  ရင်ညွှန့်ကိုထိုးလိုက်ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူဦးအောင်ရှိန်၏ဇနီးဒေါ်ကြည်သန်းပြောဆိုချက်အရသိရသည်။
ထို့ကြောင့် ဓားဖြင့်ထိုးသည့် လှအောင်(၅၁)နှစ်ကိုစစ်မေးရာ သေဆုံးသူဦးအောင်ရှိန်မှာ လက်သမား အလုပ်လုပ်သဖြင့် “တဒုန်းဒုန်း” ထုနှက်သံများကြောင့် နေ့ခင်းအိပ်မရသဖြင့် စကားများခဲ့ဖူးကြကြောင်း၊ ယင်းအတွက်ကြောင့် အခင်းဖြစ်သည့်အချိန်တွင် အသင့်ပါလာသောအရိုးအသွား(၁၅)လက်မရှိဓားဖြင့် ဒေါသအလျောက်ထိုးသတ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 
အမှုနှင့်ပတ်သက်၍ လှအောင်၊ (၅၁)နှစ်ကို ရေနံမနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။