Skip to main content
ဘာသာေရးဆိုင္ရာပဋိပကၡေတြကို တားဆီးကာကြယ္ၾကရမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာ 
Ads Block

ဘာသာေရးဆိုင္ရာပဋိပကၡေတြကို တားဆီးကာကြယ္ၾကရမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာ 

 

ဘာသာေရးဆိုင္ရာပဋိပကၡမ်ားကိုတားဆီးကာကြယ္၍ ပဋိပကၡျဖစ္ပြားရာနယ္ေျမေဒသမ်ားအတြင္း ဒုကၡေရာက္ရသူမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဘာသာေရးဆိုင္ရာပဋိပကၡေတြကို တားဆီးကာကြယ္ၾကရမည္ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာ 


ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္၌ ႏိုဝင္ဘာလ ၁၄ ရက္ကက်င္းပသည့္ ျမန္မာႏိုင္ငံတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္းေမတၱာ)အဖြဲ႔၏ တတိယအႀကိမ္အႀကံျပဳေဆြးေႏြးဝိုင္းတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ဘာသာေရးဆိုင္ရာပဋိပကၡေတြကို တားဆီးကာကြယ္ၾကရမွာျဖစ္ပါတယ္။ ပဋိပကၡျဖစ္ပြားရာ နယ္ေျမေဒသေတြအတြင္းဒုကၡေရာက္ရသူေတြကို ကာကြယ္ေစာင့္ေရွာက္ေပးရမွာျဖစ္ပါ တယ္။ အကူအညီေပးရမွာျဖစ္ပါတယ္။ ျပန္လည္ထူေထာင္ေရးအစီအစဥ္ေတြကို သြက္သြက္လက္လက္ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေပးၾကရမွာျဖစ္ပါတယ္” ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ထို႔အျပင္ တစ္ဦးႏွင့္တစ္ဦးအေပၚ ယုံၾကည္မႈႏွင့္အတူ လက္တြဲလုပ္ေဆာင္ၾကျခင္းျဖင့္ မိမိတို႔၏ ႏိုင္ငံေတာ္ထူေထာင္ေရးအတြက္ တစ္တပ္တစ္အား ပါဝင္ကူညီၾကေစရန္ သြင္သင္ဆုံးမေပးႏိုင္မည္ ျဖစ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားခဲ့သည္။ 
ျမန္မာႏိုင္ငံတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရးအဖြဲ႔၏ ပထမအႀကိမ္ အႀကံျပဳေဆြးေႏြးဝိုင္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၁ ရက္မွ ၂၂ ရက္အထိ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂ တြင္လည္းေကာင္း၊ ဒုတိယအႀကိမ္ အႀကံျပဳေဆြးေႏြးဝိုင္းကို အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕တြင္ အေျခစိုက္သည့္ၿငိမ္းခ်မ္းေရးအတြက္ ကိုးကြယ္ရာဘာသာမ်ား Religions for Pace – International(RfP)အဖြဲ႔ႏွင့္ပူးေပါင္းလ်က္ ၂၀၁၉ ခုႏွစ္၊ ေမလ ၇ ရက္မွ ၈ ရက္အထိ ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္တြင္လည္းေကာင္း က်င္းပခဲ့ေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ - Myanmar State Counselor Office

Unicode Version

 

ဘာသာရေးဆိုင်ရာပဋိပက္ခများကိုတားဆီးကာကွယ်၍ ပဋိပက္ခဖြစ်ပွားရာနယ်မြေဒေသများအတွင်း ဒုက္ခရောက်ရသူများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ နိုဝင်ဘာလ ၁၄ ရက်ကကျင်းပသည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ်အကြံပြုဆွေးနွေးဝိုင်းတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“ ဘာသာရေးဆိုင်ရာပဋိပက္ခတွေကို တားဆီးကာကွယ်ကြရမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသတွေအတွင်းဒုက္ခရောက်ရသူတွေကို ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပါ တယ်။ အကူအညီပေးရမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို သွက်သွက်လက်လက် ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးကြရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်မှုနှင့်အတူ လက်တွဲလုပ်ဆောင်ကြခြင်းဖြင့် မိမိတို့၏ နိုင်ငံတော်ထူထောင်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြစေရန် သွင်သင်ဆုံးမပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့၏ ပထမအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင်လည်းကောင်း၊ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေစိုက်သည့်ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာများ Religions for Pace – International(RfP)အဖွဲ့နှင့်ပူးပေါင်းလျက် ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်မှ ၈ ရက်အထိ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - Myanmar State Counselor Office

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။