Skip to main content
အဆိုးရြားဆံုးျပစ္ဒဏ္က်ဴးလြန္သည့္ YBS ယာဥ္ေမာင္းမ်ားကိုလိုင္စင္ပိတ္သိမ္းသည္အထိအေရးယူရန္ တိုက္တြန္းထားဟု ဆို 
Ads Block

အဆိုးရြားဆံုးျပစ္ဒဏ္က်ဴးလြန္သည့္ YBS ယာဥ္ေမာင္းမ်ားကိုလိုင္စင္ပိတ္သိမ္းသည္အထိအေရးယူရန္ တိုက္တြန္းထားဟု ဆို 

 

အဆိုးရြားဆံုးျပစ္ဒဏ္က်ဴးလြန္သည့္ YBS ယာဥ္ေမာင္းမ်ားကိုလိုင္စင္ပိတ္သိမ္းတဲ့အထိအေရးယူရန္ တိုက္တြန္းထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္၊ လွ်ပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးရာေကာ္မတီမွ အတြင္းေရးမွဴး အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ၿဖိဳးဟန္က ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေ၀းခန္းမ(၃)တြင္ ႏုိ၀င္ဘာလ (၁၄)ရက္ကရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးအာဏာပိ္ုင္အဖြဲ႕ႏွင့္ေတြ႕ဆံုစဥ္ တိုက္တြန္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
“ကုမၸဏီေတြကလည္းယာဥ္လိုင္းေတြနဲ႕ပတ္သက္ၿပီးေတာ့ ေလ့လာမႈေတြလုပ္ရမယ္။ အခုေနာက္ပိုင္းမွာ အေရးယူမႈေတြကို ျပင္းျပင္းထန္ထန္လုပ္ဖိ္ု႕တိုက္တြန္းထားတယ္။ ေနာက္ဆံုးယာဥ္ေမာင္းကို က.ည.နနဲ႕ခ်ိတ္ၿပီး လိုင္စင္ပိတ္သိမ္းၿပီးလုပ္ဖို႔ေပါ့ေနာ္။ ဒီယာဥ္လိုင္းကုမၸဏီတစ္ခုမွာျဖစ္သြားရင္ ဒီယာဥ္လိုင္းမရရင္ ေနာက္ယာဥ္လိုင္းမွာသြားလုပ္တာေတြလည္းရွိႏုိင္တယ္။ အဲဒီေတာ့ ဆိုးဆိုးရြားရြား ျပစ္ဒဏ္က်ဴးလြန္ရင္ေတာ့ လိုင္စင္ပိတ္သိမ္းတဲ့အထိအေရးယူဖို႕ေတာ့ တိုက္တြန္းထားပါတယ္။”ဟု ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ လွ်ပ္စစ္ႏွင့္လမ္းပန္းဆက္သြယ္ေရးရာေကာ္မတီအတြင္းေရးမွဴး အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ၿဖိဳးဟန္က ေျပာသည္။
ေမာ္ေတာ္ယာဥ္ဥပေဒမ်ားတြင္ ယာဥ္ေမာင္းမ်ားစည္းကမ္းေဖာက္ဖ်က္ပါကအေရးယူႏုိင္မည့္ ဥပေဒမ်ား ပါရွိေသာ္လည္း စည္းကမ္းေဖာက္ဖ်က္မႈအခ်ိဳ႕မွာ ဥပေဒတြင္ပါ၀င္မႈမရွိသျဖင့္အေရးမယူႏုိင္ျဖစ္ေနေၾကာင္း Power 11 ကုမၸဏီ CEO ကိုတရုတ္ေလးထံမွ သိရသည္။ 
“ကၽြန္ေတာ္တို႔ေမာ္ေတာ္ယာဥ္ဥပေဒေတြအမ်ားႀကီးရွိတယ္ေပါ့။ အဲဒီေတြထဲမွာလည္းယာဥ္ေမာင္းေတြ စည္းကမ္းမလိုက္နာရင္ အေရးယူႏုိင္တဲ့အခ်က္ေတြလည္းပါတယ္။ ေနာက္ၿပီး YRTA မွာလည္း စည္းမ်ဥ္းစည္းကမ္းေတြရွိတယ္။ သက္ဆိုင္ရာယာဥ္လိုင္းကုမၸဏီေတြမွာလည္းသူတို႕ခ်မွတ္ထားတဲ့ ၀န္ထမ္းစည္းမ်ဥ္းေတြရွိတယ္။ အဲဒါေတြနဲ႕လည္းအေရးယူရမွာေပါ့။ ဒါေပမဲ့ တစ္ခ်ိဳ႕ယာဥ္ေမာင္းေတြ ေဖာက္ဖ်က္က်ဴးလြန္တဲ့ျပစ္ဒဏ္ေတြကေမာ္ေတာ္ယာဥ္ဥပေဒမွာ ျပ႒ာန္းထားမႈမရွိတာေတြျဖစ္ေနတယ္ေပါ့။”ဟု Power 11 ကုမၸဏီ CEO ကိုတရုတ္ေလးကေျပာသည္။
ယခုႏွစ္အတြင္းယာဥ္တိုက္မႈဆိုးရြာစြာျဖစ္ခဲ့ေသာ YBS 55 ယာဥ္လိုင္းကိုလည္း လံုး၀ပိတ္သိမ္းသည္အထိ YRTA မွ အေရးယူခဲ့သည္။
ရန္ကုန္ၿမိဳ႕တြင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအတြက္ YBS ယာဥ္လိုင္းေပါင္း ၁၀၀၊ ယာဥ္အစီးေရ ၆၀၀၀ ခန္႔ျဖင့္ ေန႔စဥ္ေျပးဆြဲေပးေနသည္။
 

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

အဆိုးရွားဆုံးပြစ်ဒဏ်ကျူးလွန်သည့် YBS ယာဉ်မောင်းများကိုလိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးရာကော်မတီမှ အတွင်းရေးမှူး အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ(၃)တွင် နိုဝင်ဘာလ (၁၄)ရက်ကရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့နှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
“ကုမ္ပဏီတွေကလည်းယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီးတော့ လေ့လာမှုတွေလုပ်ရမယ်။ အခုနောက်ပိုင်းမှာ အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဖို့တိုက်တွန်းထားတယ်။ နောက်ဆုံးယာဉ်မောင်းကို က.ည.နနဲ့ချိတ်ပြီး လိုင်စင်ပိတ်သိမ်းပြီးလုပ်ဖို့ပေါ့နော်။ ဒီယာဉ်လိုင်းကုမ္ပဏီတစ်ခုမှာဖြစ်သွားရင် ဒီယာဉ်လိုင်းမရရင် နောက်ယာဉ်လိုင်းမှာသွားလုပ်တာတွေလည်းရှိနိုင်တယ်။ အဲဒီတော့ ဆိုးဆိုးရွားရွား ပြစ်ဒဏ်ကျူးလွန်ရင်တော့ လိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူဖို့တော့ တိုက်တွန်းထားပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးရာကော်မတီအတွင်းရေးမှူး အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
မော်တော်ယာဉ်ဥပဒေများတွင် ယာဉ်မောင်းများစည်းကမ်းဖောက်ဖျက်ပါကအရေးယူနိုင်မည့် ဥပဒေများ ပါရှိသော်လည်း စည်းကမ်းဖောက်ဖျက်မှုအချို့မှာ ဥပဒေတွင်ပါဝင်မှုမရှိသဖြင့်အရေးမယူနိုင်ဖြစ်နေကြောင်း Power 11 ကုမ္ပဏီ CEO ကိုတရုတ်လေးထံမှ သိရသည်။ 
“ကျွန်တော်တို့မော်တော်ယာဉ်ဥပဒေတွေအများကြီးရှိတယ်ပေါ့။ အဲဒီတွေထဲမှာလည်းယာဉ်မောင်းတွေ စည်းကမ်းမလိုက်နာရင် အရေးယူနိုင်တဲ့အချက်တွေလည်းပါတယ်။ နောက်ပြီး YRTA မှာလည်း စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ သက်ဆိုင်ရာယာဉ်လိုင်းကုမ္ပဏီတွေမှာလည်းသူတို့ချမှတ်ထားတဲ့ ဝန်ထမ်းစည်းမျဉ်းတွေရှိတယ်။ အဲဒါတွေနဲ့လည်းအရေးယူရမှာပေါ့။ ဒါပေမဲ့ တစ်ချို့ယာဉ်မောင်းတွေ ဖောက်ဖျက်ကျူးလွန်တဲ့ပြစ်ဒဏ်တွေကမော်တော်ယာဉ်ဥပဒေမှာ ပြဋ္ဌာန်းထားမှုမရှိတာတွေဖြစ်နေတယ်ပေါ့။”ဟု Power 11 ကုမ္ပဏီ CEO ကိုတရုတ်လေးကပြောသည်။
ယခုနှစ်အတွင်းယာဉ်တိုက်မှုဆိုးရွာစွာဖြစ်ခဲ့သော YBS 55 ယာဉ်လိုင်းကိုလည်း လုံးဝပိတ်သိမ်းသည်အထိ YRTA မှ အရေးယူခဲ့သည်။
ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းပေါင်း ၁၀၀၊ ယာဉ်အစီးရေ ၆၀၀၀ ခန့်ဖြင့် နေ့စဉ်ပြေးဆွဲပေးနေသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။