Skip to main content
ဂ်ပန္ တင္ပုိ႕မယ့္ အေျပးစက္ဖရိန္ေတြထဲ ၀ွက္ထည့္ထားတဲ့ မက္သာဖီတမင္းေတြ ထုိင္းရဲ ေတြ႕ရွိ 
Ads Block

ဂ်ပန္ တင္ပုိ႕မယ့္ အေျပးစက္ဖရိန္ေတြထဲ ၀ွက္ထည့္ထားတဲ့ မက္သာဖီတမင္းေတြ ထုိင္းရဲ ေတြ႕ရွိ 

 

ဂ်ပန္ႏုိင္ငံကုိ တင္ပုိ ့မယ့္ အေျပးစက္ သံဖရိန္ေတြထဲ ၀ွက္ထည့္ထားတဲ့ မက္သာဖီတမင္းအခဲ ၁၇၆ ကီလုိဂရမ္ကုိ ထုိင္း မူးယစ္ရဲတပ္ဖြဲ႕က ရွာေဖြသိမ္းဆည္းရမိခဲ့ပါတယ္။ 

ဂ်ပန္ တင္ပုိ႕မယ့္ အေျပးစက္ဖရိန္ေတြထဲ ၀ွက္ထည့္ထားတဲ့ မက္သာဖီတမင္းေတြ ထုိင္းရဲ ေတြ႕ရွိ 


ထုိင္းႏုိင္ငံကေန ထုပ္ပုိး၊ တင္ပုိ ့လုိက္တဲ့ ေလ့က်င့္ေရး ပစၥည္းကိရိယာေတြထဲ မူးယစ္ေဆး၀ါးေတြ ၀ွက္ထည့္လာတဲ့ အလားတူ ျဖစ္စဥ္တစ္ခုကုိ ၿပီးခဲ့တဲ့လမွာ ၾသစေၾတးလ်ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားခဲ့ေၾကာင္း၊ ဒါေၾကာင့္ အခုလုိပုံစံနဲ႕ မူးယစ္ေဆး၀ါးေတြ တင္ပုိ ့ေနတဲ့ အျခားျဖစ္စဥ္ေတြ ရွိေနႏုိင္တယ္လုိ ့ မိမိတုိ ့ယုံၾကည္ယူဆကာ ရွာေဖြစစ္ေဆးမႈေတြ လုပ္ခဲ့တာျဖစ္ေၾကာင္း မူးယစ္ေဆး၀ါး ႏွိမ္နင္းေရးဗ်ဴယုိ အႀကီးအကဲ ရဲမွဴးခ်ဳပ္ ယင္ယြတ္ သက္ခ်မ္ေနာင္က ၾကာသာပေတးေန ့မွာ ေျပာဆုိခဲ့ပါတယ္။ 
ဘန္ေကာက္ၿမိဳ႕ရွိ သု၀ဏၰဘူမိေလဆိပ္ တာ၀န္က်ရဲတပ္ဖြဲ႕၀င္ေတြဟာ အဂၤါေန႕က ဂ်ပန္ႏုိင္ငံကုိ ေလေၾကာင္းကေန တင္ပုိ ့မယ့္ ေလ့က်င့္ေရး ပစၥည္းကိရိယာထဲ ၀ွက္ထည့္လာတဲ့ မက္ ၃၆ ကီကုိဂရမ္ကုိ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ယင္းေနာက္ တပ္ဖြဲ႕၀င္ေတြဟာ ယင္းပစၥည္းေတြ ေရာက္ရွိလာရာ ဂုိေဒါင္တစ္ခုကုိ ေျခရာခံလုိက္ခဲ့ၾကေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ 
ဂုိေဒါင္ကုိ စီးနင္းရွာေဖြခဲ့ရာမွာ အလားတူ အေျပးစက္ ဖရိန္ေတြထဲကေန ေနာက္ထပ္ မက္သာဖီတမင္း ၁၄၀ ကီလုိဂရမ္ ရဲက ထပ္မံေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ စီနင္းမႈအၿပီး သံသယရွိသူတစ္ဦးကုိ ဖမ္းဆီးခဲ့ေၾကာင္း သုိ ့ေပမယ့္ အခုျဖစ္စဥ္မွာ ပါ၀င္ပတ္သက္သူေတြ ထပ္ရွိႏုိင္ေသးတယ္လုိ ့ ရဲက ယူဆထားေၾကာင္း ယင္ယြတ္က ေျပာပါတယ္။ 
ထုိင္းႏုိင္ငံဟာ ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္မွာ ထုတ္လုပ္တဲ့ မက္သာဖီတမင္းအခဲေတြ အဓိကေမွာင္ခုိကုန္ကူးရာ လမ္းေၾကာင္းတစ္ခုျဖစ္ေနတယ္လုိ ့ သတင္းမွာ ေဖာ္ျပပါတယ္။ ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္းရုိင္ျပည္နယ္နဲ႕နယ္စပ္ ေနရာမွာ မူးယစ္ေဆး၀ါးေတြ အဓိကထုတ္လုပ္တာျဖစ္ၿပီး ယင္း ဧရိယာကုိ ေရႊႀတိဂံေဒသလုိ ့လည္း လူသိမ်ားၾကပါတယ္။ 
ေရႊႀတိဂံေဒသရဲ႕ မက္သာဖီတမင္းေစ်းကြက္ဟာ အထိတ္တလန္ ့ျဖစ္ေစေလာက္တဲ့ ႏႈန္းနဲ႕ က်ယ္ျပန္ ့ေနတယ္လုိ ့ဆုိပါတယ္။ 
ကုလသမဂၢရဲ႕ ခန္ ့မွန္းမႈအရ အာရွ-ပစိဖိတ္ေဒသတစ္ခုတည္းရဲ႕ မက္သာဖီတမင္း ကုန္သြယ္မႈ တန္ဖုိးဟာ ၂၀၁၈ ခုႏွစ္မွာ ေဒၚလာ ၆၁.၄ ဘီလီယံေလာက္ရွိခဲ့တယ္လုိ ့ ဆုိပါတယ္။ ဒါဟာ အေစာပုိင္း ငါးႏွစ္တာကာလက ေဒၚလာ ၁၅ ဘီလီယံဖုိးေလာက္သာ ကုန္သြယ္မႈရွိခဲ့ရာမွ သိသိသာသာ ျမင့္တက္လာခဲ့တာျဖစ္တယ္လုိ ့ သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Chiangrai Times

Unicode Version 

 

ဂျပန်နိုင်ငံကို တင်ပို့မယ့် အပြေးစက် သံဖရိန်တွေထဲ ဝှက်ထည့်ထားတဲ့ မက်သာဖီတမင်းအခဲ ၁၇၆ ကီလိုဂရမ်ကို ထိုင်း မူးယစ်ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ 
ထိုင်းနိုင်ငံကနေ ထုပ်ပိုး၊ တင်ပို့လိုက်တဲ့ လေ့ကျင့်ရေး ပစ္စည်းကိရိယာတွေထဲ မူးယစ်ဆေးဝါးတွေ ဝှက်ထည့်လာတဲ့ အလားတူ ဖြစ်စဉ်တစ်ခုကို ပြီးခဲ့တဲ့လမှာ သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားခဲ့ကြောင်း၊ ဒါကြောင့် အခုလိုပုံစံနဲ့ မူးယစ်ဆေးဝါးတွေ တင်ပို့နေတဲ့ အခြားဖြစ်စဉ်တွေ ရှိနေနိုင်တယ်လို့ မိမိတို့ယုံကြည်ယူဆကာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူယို အကြီးအကဲ ရဲမှူးချုပ် ယင်ယွတ် သက်ချမ်နောင်က ကြာသာပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။ 
ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့က ဂျပန်နိုင်ငံကို လေကြောင်းကနေ တင်ပို့မယ့် လေ့ကျင့်ရေး ပစ္စည်းကိရိယာထဲ ဝှက်ထည့်လာတဲ့ မက် ၃၆ ကီကိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းနောက် တပ်ဖွဲ့ဝင်တွေဟာ ယင်းပစ္စည်းတွေ ရောက်ရှိလာရာ ဂိုဒေါင်တစ်ခုကို ခြေရာခံလိုက်ခဲ့ကြကြောင်း ၎င်းက ပြောဆိုပါတယ်။ 
ဂိုဒေါင်ကို စီးနင်းရှာဖွေခဲ့ရာမှာ အလားတူ အပြေးစက် ဖရိန်တွေထဲကနေ နောက်ထပ် မက်သာဖီတမင်း ၁၄၀ ကီလိုဂရမ် ရဲက ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ စီနင်းမှုအပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သို့ပေမယ့် အခုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ ထပ်ရှိနိုင်သေးတယ်လို့ ရဲက ယူဆထားကြောင်း ယင်ယွတ်က ပြောပါတယ်။ 
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ထုတ်လုပ်တဲ့ မက်သာဖီတမင်းအခဲတွေ အဓိကမှောင်ခိုကုန်ကူးရာ လမ်းကြောင်းတစ်ခုဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်နဲ့နယ်စပ် နေရာမှာ မူးယစ်ဆေးဝါးတွေ အဓိကထုတ်လုပ်တာဖြစ်ပြီး ယင်း ဧရိယာကို ရွှေတြိဂံဒေသလို့လည်း လူသိများကြပါတယ်။ 
ရွှေတြိဂံဒေသရဲ့ မက်သာဖီတမင်းဈေးကွက်ဟာ အထိတ်တလန့်ဖြစ်စေလောက်တဲ့ နှုန်းနဲ့ ကျယ်ပြန့်နေတယ်လို့ဆိုပါတယ်။ 
ကုလသမဂ္ဂရဲ့ ခန့်မှန်းမှုအရ အာရှ-ပစိဖိတ်ဒေသတစ်ခုတည်းရဲ့ မက်သာဖီတမင်း ကုန်သွယ်မှု တန်ဖိုးဟာ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၆၁.၄ ဘီလီယံလောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အစောပိုင်း ငါးနှစ်တာကာလက ဒေါ်လာ ၁၅ ဘီလီယံဖိုးလောက်သာ ကုန်သွယ်မှုရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) |  Ref : Chiangrai Times

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။