Skip to main content
ႏုိင္ငံေရးပါတီ(၂၀)၏ထုတ္ျပန္ခ်က္အေပၚ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတိေပး
Ads Block

ႏုိင္ငံေရးပါတီ(၂၀)၏ထုတ္ျပန္ခ်က္အေပၚ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတိေပး

 

ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၂၀)အေနျဖင့္ လူတစ္ဦးခ်င္း (သို႔မဟုတ္)လူအမ်ားႏွင့္ပတ္သက္၍ သိကၡာႏွင့္ကိုယ္က်င့္တရားကိုထိခိုက္ေစႏိုင္ေသာ၊ မမွန္မကန္ ေရးသားေဖာ္ျပပါကအေရးယူမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတိေပးလိုက္သည္။ 

ႏုိင္ငံေရးပါတီ(၂၀)၏ထုတ္ျပန္ခ်က္အေပၚ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတိေပး


ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ႏိုင္ငံေရးပါတီ၂၀၏ပါတီတာဝန္ရွိသူအသီးသီးကလက္မွတ္ေရးထိုး၍ ႏုိဝင္ဘာလ ၂ ရက္က  ပူးတြဲသေဘာထားထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ႏွင့္စပ္လ်ဥ္း၍ မမွန္ကန္သည့္၊ အေထာက္အထားမရွိသည့္ သတင္းအခ်က္အလက္မ်ားကို ေရးသားေဖာ္ျပထားေၾကာင္းေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည့္အေပၚ ယခုကဲ့သို႔ သတိေပးလုိက္ျခင္းျဖစ္သည္။ 
ထို႔ေၾကာင့္ လူပုဂၢိဳလ္တစ္ဦးခ်င္းသို႔မဟုတ္လူအမ်ားႏွင့္ပတ္သက္၍ သိကၡာႏွင့္ကိုယ္က်င့္တရားကို ထိခိုက္ေစႏိုင္သည့္ ေရးသားေဖာ္ျပမႈ၊ မမွန္မကန္ေရးသားေဖာ္ျပမႈမ်ားထပ္မံေဆာင္႐ြက္ျခင္းမျပဳရန္ႏွင့္ အကယ္၍ယင္းသို႔ေဆာင္႐ြက္ေၾကာင္းေတြ႕ရွိပါက ဥပေဒႏွင့္အညီအေရးယူေဆာင္႐ြက္သြားမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။ 
ႏုိင္ငံေရးပါတီ ၂၀ ၏ထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွင္ကို ႏိုင္ငံေရးပါတီအမ်ားစု လက္ခံႏိုင္မည့္ပုဂၢိဳလ္မ်ားျဖင့္ ျပန္လည္ဖြဲ႔စည္းေပးရန္လည္း ေဖာ္ျပပါရွိသည္။ 
ႏိုင္ငံေရးပါတီမ်ားသည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ၆၊ပုဒ္မခြဲ (ဂ) ပါ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလးစားလိုက္နာေရးႏွင့္ပုဒ္မခြဲ(ဃ) ပါလူတစ္ဦးခ်င္း( သို႔မဟုတ္) လူအမ်ားႏွင့္ပတ္သက္၍ သိကၡာႏွင့္ကိုယ္က်င့္တရားကိုထိခိုက္ေစႏိုင္သည့္ေရးသားမႈမ်ိဳးမျပဳလုပ္ေရးကို ေစာင့္ထိန္းလိုက္နာမည္ျဖစ္ေၾကာင္း ပါတီမွတ္ပုံတင္စဥ္ကပင္ဝန္ခံခ်က္ေပးထားၿပီးျဖစ္ေၾကာင္း ေကာ္မရွင္၏ သတိေပးခ်က္တြင္ေဖာ္ျပထားသည္။
ယင္းဥပေဒပုဒ္မ- ၆ ပါဝန္ခံခ်က္တစ္ရပ္ရပ္ကိုေစာင့္ထိန္းလိုက္နာရန္ ပ်က္ကြက္သည့္ႏိုင္ငံေရးပါတီသည္ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ခြင့္ရွိမည္မဟုတ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၀)အနေဖြင့် လူတစ်ဦးချင်း (သို့မဟုတ်)လူအများနှင့်ပတ်သက်၍ သိက္ခာနှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သော၊ မမှန်မကန် ရေးသားဖော်ပြပါကအရေးယူမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်သည်။ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင်နိုင်ငံရေးပါတီ၂၀၏ပါတီတာဝန်ရှိသူအသီးသီးကလက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၂ ရက်က  ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်စပ်လျဉ်း၍ မမှန်ကန်သည့်၊ အထောက်အထားမရှိသည့် သတင်းအချက်အလက်များကို ရေးသားဖော်ပြထားကြောင်းတွေ့ရှိရကြောင်း ဖော်ပြထားသည့်အပေါ် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ 
ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်းသို့မဟုတ်လူအများနှင့်ပတ်သက်၍ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှု၊ မမှန်မကန်ရေးသားဖော်ပြမှုများထပ်မံဆောင်ရွက်ခြင်းမပြုရန်နှင့် အကယ်၍ယင်းသို့ဆောင်ရွက်ကြောင်းတွေ့ရှိပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 
နိုင်ငံရေးပါတီ ၂၀ ၏ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအများစု လက်ခံနိုင်မည့်ပုဂ္ဂိုလ်များဖြင့် ပြန်လည်ဖွဲ့စည်းပေးရန်လည်း ဖော်ပြပါရှိသည်။ 
နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၆၊ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေးနှင့်ပုဒ်မခွဲ(ဃ) ပါလူတစ်ဦးချင်း( သို့မဟုတ်) လူအများနှင့်ပတ်သက်၍ သိက္ခာနှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့်ရေးသားမှုမျိုးမပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ပါတီမှတ်ပုံတင်စဉ်ကပင်ဝန်ခံချက်ပေးထားပြီးဖြစ်ကြောင်း ကော်မရှင်၏ သတိပေးချက်တွင်ဖော်ပြထားသည်။
ယင်းဥပဒေပုဒ်မ- ၆ ပါဝန်ခံချက်တစ်ရပ်ရပ်ကိုစောင့်ထိန်းလိုက်နာရန် ပျက်ကွက်သည့်နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

-  ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။