Skip to main content
ၿငိမ္းခ်မ္းေရးအမွန္တကယ္လိုခ်င္သည့္စိတ္ရွိမည္ဆိုပါက မရစရာအေၾကာင္းမရွိဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေျပာ
Ads Block

ၿငိမ္းခ်မ္းေရးအမွန္တကယ္လိုခ်င္သည့္စိတ္ရွိမည္ဆိုပါက မရစရာအေၾကာင္းမရွိဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေျပာ

 

ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုခ်င္သည့္စိတ္ရွိမည္ဆိုပါက ၿငိမ္းခ်မ္းေရးမရစရာအေၾကာင္းမရွိဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာလိုက္သည္။
ေနျပည္ေတာ္ရွိသဂၤဟဟိုတယ္၌ ႏုိ၀င္ဘာလ ၁၄ ရက္ကက်င္းပေသာ ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္းေမတၱာ) အဖြဲ႕၏ တတိယအႀကိမ္ အႀကံျပဳေဆြးေႏြးဝိုင္းယခုကဲ့သုိ႔ေျပာခဲ့ျခင္း ျဖစ္သည္။
“ယေန႔ မိမိတို႔ႏိုင္ငံ၏ အဓိကလိုအပ္ခ်က္ျဖစ္ေသာ ျပည္တြင္းၿငိမ္းခ်မ္းေရး ႏွင့္ စည္းလုံးညီၫြတ္ေရးအတြက္ လက္ေတြ႕က်က်အေကာင္အထည္ေဖာ္ႏိုင္ရန္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ယေန႔ကာလတြင္ မိမိတို႔ႏိုင္ငံသည္ ျပည္သူမ်ား၏ ဆႏၵအတိုင္းဒီမိုကေရစီလမ္းေၾကာင္းကိုေလွ်ာက္လွမ္းေနျခင္းျဖစ္၍ မိမိတို႔၏ လိုလားခ်က္ မ်ားကိုလက္နက္ကိုင္ၿပီးေတာင္းဆိုေန၍ျဖစ္ပါတယ္။ လက္နက္မ်ားကိုေဘးခ်ၿပီး ေဆြးေႏြးမႈမ်ားႏွင့္ ၿငိမ္းခ်မ္းေရးရေအာင္ေဆာင္႐ြက္ၾကရမည္ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုခ်င္သည့္ စိတ္ရွိမည္ဆိုရင္ ၿငိမ္းခ်မ္းေရးမရစရာအေၾကာင္းမရွိဘူးဟုလည္း ေျပာလိုပါတယ္”ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ထို႔အျပင္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးရျခင္းမရွိေသးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္လည္း ၿငိမ္းခ်မ္းေရး၏ ဆန႔္က်င္ဘက္ဥပေဒျပင္ပလုပ္ရပ္မ်ား၊ အၾကမ္းဖက္လုပ္ရပ္မ်ားကို စြန႔္လႊတ္ကာ ျပည္သူ႔မ်က္ႏွာကိုသာေထာက္ထားၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းမွန္ေပၚေလွ်ာက္လွမ္းၾကရန္လည္း ထည့္သြင္းေျပာၾကားခဲ့သည္။ 
လက္ရွိတြင္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ၊ သေဘာတူစာခ်ဳပ္ NCA ကုိ ကရင္ အမ်ဳိးသားအစည္းအရုံး(KNU)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာေက်ာင္းသားမ်ားဒီမုိကရက္တစ္တပ္ဦး(ABSDF)၊ ပအုိင္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႔ ခ်ဳပ္(PNLO)၊ ရခုိင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)၊ ဒီမုိကေရစီအက်ဳိးျပဳတပ္မေတာ္(DKBA)၊ ခ်င္းအမ်ဳိးသားတပ္ဦး(CNF)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNLA/PC)၊ မြန္ျပည္သစ္ပါတီ(NMSP)၊ လားဟူဒီမုိကရက္တစ္အစည္းအရုံး(LDU)အဖြဲ႔ စသည့္တုိ႔အမွ လက္မွတ္ေရးထုိးထားေၾကာင္းသိရသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည့်စိတ်ရှိမည်ဆိုပါက ငြိမ်းချမ်းရေးမရစရာအကြောင်းမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။
နေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ နိုဝင်ဘာလ ၁၄ ရက်ကကျင်းပသော မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။
“ယနေ့ မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ကာလတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏ ဆန္ဒအတိုင်းဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေခြင်းဖြစ်၍ မိမိတို့၏ လိုလားချက် များကိုလက်နက်ကိုင်ပြီးတောင်းဆိုနေ၍ဖြစ်ပါတယ်။ လက်နက်များကိုဘေးချပြီး ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည့် စိတ်ရှိမည်ဆိုရင် ငြိမ်းချမ်းရေးမရစရာအကြောင်းမရှိဘူးဟုလည်း ပြောလိုပါတယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် NCA စာချုပ် လက်မှတ်ရေးထိုးရခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်ဥပဒေပြင်ပလုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်ကာ ပြည်သူ့မျက်နှာကိုသာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းကြရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။ 
လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ၊ သဘောတူစာချုပ် NCA ကို ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)အဖွဲ့ စသည့်တို့အမှ လက်မှတ်ရေးထိုးထားကြောင်းသိရသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။