Skip to main content
လန္ဒန္ေရာက္ေနတဲ့ ေဟာင္ေကာင္တရားေရး၀န္ႀကီးကုိ လူတစ္စုက ၀ုိင္း၀န္းတုိက္ခုိက္ 
Ads Block

လန္ဒန္ေရာက္ေနတဲ့ ေဟာင္ေကာင္တရားေရး၀န္ႀကီးကုိ လူတစ္စုက ၀ုိင္း၀န္းတုိက္ခုိက္ 

 

ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕ကုိ ေရာက္ေနတဲ့ ေဟာင္ေကာင္ တရားေရး၀န္ႀကီးကုိ ဆုိးသြမ္းလူတစ္စုက ၀ုိင္း၀န္းတုိက္ခုိက္ခဲ့မႈအေပၚ တရုတ္နဲ႕ ေဟာင္ေကာင္အစုိးရေတြက ေသာၾကာေန ့မွာ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။  ဒါဟာ လမ်ားစြာၾကာေနၿပီျဖစ္ၿပီး အၾကမ္းဖက္မႈေတြလည္း မၾကာမၾကာျဖစ္ေနတဲ့ ေဟာင္ေကာင္ဆႏၵျပမႈေတြ အတြင္း အစုိးရဆန္ ့က်င္ေရးသမားေတြနဲ႕ အစုိးရ၀န္ႀကီးတစ္ဦးတုိ ့အၾကား ပထမဆုံးအႀကိမ္ တုိက္ရုိက္ ထိေတြ႕လာခဲ့ျခင္းျဖစ္ပါတယ္။ 
လန္ဒန္မွာေရာက္ေနတဲ့ တရားေရး၀န္ႀကီး တာရီဆာခ်န္းအား လူသတ္သမား၊ ရွက္ဖြယ္ေကာင္းသူလုိ ့ ေအာ္ဟစ္ကာ ဆႏၵျပအုပ္စုတစ္စုက ပစ္မွတ္ထားတုိက္ခုိက္ခဲ့တာျဖစ္ပါတယ္။ ခ်န္းဟာ ျပင္းထန္တဲ့ ခႏၶာကုိယ္ ဒဏ္ရာဒဏ္ခ်က္ရခဲ့ေၾကာင္း ေဟာင္ေကာင္အစုိးရက ထုတ္ျပန္ခ်က္တစ္ခုမွာေဖာ္ျပခဲ့ၿပီး အေသးစိတ္ကုိေတာ့ မေျပာဆုိခဲ့ပါဘူး။ 
 ၿဗိတိန္ရွိ တရုတ္သံရုံးက ထုတ္ျပန္ရာမွာေတာ့ ခ်န္းဟာ ေျမျပင္ကုိ တြန္းလွဲခံရၿပီး ေခါင္းမွာ ဒဏ္ရာျပင္းစြာရခဲ့တယ္လုိ ့ ဆုိခဲ့ပါတယ္။ တရုတ္ဆန္႕က်င္ေရးနဲ႕ ဒီမုိကေရစီေထာက္ခံ တက္ၾကြလႈပ္ရွားသူ ဒါဇင္မ်ားစြာက ခ်န္းကုိ ၀ုိင္းပိတ္ကာ တုိက္ခုိက္ခဲ့တာျဖစ္ေၾကာင္း တရုတ္သံရုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ခဲ့ပါတယ္။ ယခုျဖစ္ရပ္ကုိၾကည့္ျခင္းအားျဖင့္ အၾကမ္းဖက္၊ ဥပေဒမဲ့ ဒုစရုိက္သမားေတြဟာ သူတုိ ့ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကုိ ယခုအခါမွာ ျပည္ပအထိ လုပ္ေဆာင္လာၾကၿပီဆုိတာ ေတြ႕ရေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
ယခုျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး တရုတ္က ၿဗိတိန္အစုိးရထံ တရား၀င္ကန္ ့ကြက္လႊာပုိ ့ခဲ့ၿပီး ယခုျဖစ္ရပ္မွာ က်ဴးလြန္ပါ၀င္ခဲ့သူေတြကုိ ဥပေဒနဲ႕အညီ အေရးယူေဆာင္ရြက္ဖုိ ့ ၿဗိတိသွ်အာဏာပုိင္ေတြကုိ တုိက္တြန္း ခဲ့ပါတယ္။ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္ကလည္း ယခုတုိက္ခုိက္မႈအတြက္ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ 
တရုတ္အခ်ဳပ္အခ်ာပုိင္ ေဟာင္ေကာင္မွာ ယခုလအေစာပုိင္းက ဆႏၵျပမႈေတြအတြင္း ေက်ာင္းသား တစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ပုိင္း ဆူပူအၾကမ္းဖက္မႈေတြ အရွိန္ျမင့္လာေနစဥ္ အခုျဖစ္ရပ္ ေပၚေပါက္လာခဲ့တာပါ။ 
ဒါ့အျပင္ မ်က္ႏွာဖုံးစြပ္ ဆူပူေသာင္းက်န္းသူေတြ ပစ္လုိက္တဲ့ အုတ္ခဲတစ္လုံး ေခါင္းထိမွန္ခံခဲ့ရတဲ့ အသက္ ၇၀ ဆယ္အရြယ္ စည္ပင္လုပ္သားႀကီးတစ္ဦးဟာ ၾကာသာပေတးေန ့မွာ ေသဆုံးသြားခဲ့ေၾကာင္း အာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

 

Unicode Version 

 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်နေတဲ့ ဟောင်ကောင် တရားရေးဝန်ကြီးကို ဆိုးသွမ်းလူတစ်စုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုအပေါ် တရုတ်နဲ့ ဟောင်ကောင်အစိုးရတွေက သောကြာနေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။  ဒါဟာ လများစွာကြာနေပြီဖြစ်ပြီး အကြမ်းဖက်မှုတွေလည်း မကြာမကြာဖြစ်နေတဲ့ ဟောင်ကောင်ဆန္ဒပြမှုတွေ အတွင်း အစိုးရဆန့်ကျင်ရေးသမားတွေနဲ့ အစိုးရဝန်ကြီးတစ်ဦးတို့အကြား ပထမဆုံးအကြိမ် တိုက်ရိုက် ထိတွေ့လာခဲ့ခြင်းဖြစ်ပါတယ်။ 
လန်ဒန်မှာရောက်နေတဲ့ တရားရေးဝန်ကြီး တာရီဆာချန်းအား လူသတ်သမား၊ ရှက်ဖွယ်ကောင်းသူလို့ အော်ဟစ်ကာ ဆန္ဒပြအုပ်စုတစ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ချန်းဟာ ပြင်းထန်တဲ့ ခန္ဓာကိုယ် ဒဏ်ရာဒဏ်ချက်ရခဲ့ကြောင်း ဟောင်ကောင်အစိုးရက ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြခဲ့ပြီး အသေးစိတ်ကိုတော့ မပြောဆိုခဲ့ပါဘူး။ 
 ဗြိတိန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ရာမှာတော့ ချန်းဟာ မြေပြင်ကို တွန်းလှဲခံရပြီး ခေါင်းမှာ ဒဏ်ရာပြင်းစွာရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တရုတ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီထောက်ခံ တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာက ချန်းကို ဝိုင်းပိတ်ကာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ခဲ့ပါတယ်။ ယခုဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်၊ ဥပဒေမဲ့ ဒုစရိုက်သမားတွေဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ယခုအခါမှာ ပြည်ပအထိ လုပ်ဆောင်လာကြပြီဆိုတာ တွေ့ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်က ဗြိတိန်အစိုးရထံ တရားဝင်ကန့်ကွက်လွှာပို့ခဲ့ပြီး ယခုဖြစ်ရပ်မှာ ကျူးလွန်ပါဝင်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ ဗြိတိသျှအာဏာပိုင်တွေကို တိုက်တွန်း ခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ကလည်း ယခုတိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 
တရုတ်အချုပ်အချာပိုင် ဟောင်ကောင်မှာ ယခုလအစောပိုင်းက ဆန္ဒပြမှုတွေအတွင်း ကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ဆူပူအကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေစဉ် အခုဖြစ်ရပ် ပေါ်ပေါက်လာခဲ့တာပါ။ 
ဒါ့အပြင် မျက်နှာဖုံးစွပ် ဆူပူသောင်းကျန်းသူတွေ ပစ်လိုက်တဲ့ အုတ်ခဲတစ်လုံး ခေါင်းထိမှန်ခံခဲ့ရတဲ့ အသက် ၇၀ ဆယ်အရွယ် စည်ပင်လုပ်သားကြီးတစ်ဦးဟာ ကြာသာပတေးနေ့မှာ သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။