Skip to main content
AA စစ္ဦးစီးခ်ဳပ္ထြန္းျမတ္နိုင္၏ ညီမႏွင့္ေယာက္ဖတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲတင္
Ads Block

AA စစ္ဦးစီးခ်ဳပ္ထြန္းျမတ္နိုင္၏ ညီမႏွင့္ေယာက္ဖတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲတင္

 

AA စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္၏ ညီမႏွင့္ ေယာက္ဖျဖစ္သူတို႔ကို မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲတင္လိုက္ေၾကာင္း သိရသည္။
၄င္းတို႔ ၂ ဦးကို ယေန႔(ႏိုဝင္ဘာလ ၁၅ ရက္)က မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္ ႐ုံးထုတ္ခ့ဲၿပီးေနာက္ ယခုက့ဲသို႔ တရားစြဲတင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ေအာက္တိုဘာလ ၁၉ ရက္၊ ေန႔လယ္ပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ညီမျဖစ္သူ မမိုးႏွင္းျဖဴႏွင့္ ေယာက္ဖျဖစ္သူ ဦးေက်ာ္ႏိုင္တို႔ကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။
မမိုးႏွင္းျဖဴသည္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွျပန္လာသည့္ ခင္ပြန္းျဖစ္သူဦးေက်ာ္ႏိုင္အား သြားေရာက္ႀကိဳစဥ္ ၎တို႔ ၂ ဦးကိုဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းတို႔ ၂ ဦးကို ဖမ္းဆီးရျခင္းမွာ ၿပီးခ့ဲသည့္စက္တင္ဘာလ ၁၀ ရက္က မႏၱေလးတြင္ျဖစ္ပြားခဲ့ေသာ ေဖာက္ခြဲပစၥည္းမ်ားဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ ေအာက္တိုဘာလ ၂၅ ရက္က ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ သမၼတ႐ုံးေျပာေရးဆိုခြင့္႐ွိသူ ဦးေဇာ္ေဌးက ေျပာဆိုထားသည္။
လက္႐ွိတြင္ မမိုးႏွင္းျဖဴႏွင့္ ဦးေက်ာ္ႏိုင္တို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၂ (က)(ခ)(ဂ)တို႔ျဖင့္ ဖမ္းဆီးအမႈဖြင့္ထားမႈအနက္ ပုဒ္မ-၅၂(က)ျဖင့္သာ တရားစြဲတင္လိုက္ၿပီး ႐ုံးခ်ိန္းအား လာမည့္ႏိုဝင္ဘာလ ၂၉ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားေၾကာင္း သိရသည္။
ထို႔အျပင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ညီျဖစ္သူ ရခိုင္လူမႈေရးအသင္း(စကၤာပူ)မွ ကိုေအာင္ျမတ္ေက်ာ္အပါအဝင္ ၈ ဦးကိုလည္း ရန္ကုန္အေနာက္ပိုင္းခရိုင္တရားရုံး၌ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဖမ္းဆီးတရားစြဲဆိုထားေၾကာင္း သိရသည္။
 

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖဖြစ်သူတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးကို ယနေ့(နိုဝင်ဘာလ ၁၅ ရက်)က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် ယခုကဲ့သို့ တရားစွဲတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ဦးကျော်နိုင်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မမိုးနှင်းဖြူသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှပြန်လာသည့် ခင်ပွန်းဖြစ်သူဦးကျော်နိုင်အား သွားရောက်ကြိုစဉ် ၎င်းတို့ ၂ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့ ၂ ဦးကို ဖမ်းဆီးရခြင်းမှာ ပြီးခဲ့သည့်စက်တင်ဘာလ ၁၀ ရက်က မန္တလေးတွင်ဖြစ်ပွားခဲ့သော ဖောက်ခွဲပစ္စည်းများဖမ်းဆီးရမိမှုနှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်ကြောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ အောက်တိုဘာလ ၂၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။
လက်ရှိတွင် မမိုးနှင်းဖြူနှင့် ဦးကျော်နိုင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ (က)(ခ)(ဂ)တို့ဖြင့် ဖမ်းဆီးအမှုဖွင့်ထားမှုအနက် ပုဒ်မ-၅၂(က)ဖြင့်သာ တရားစွဲတင်လိုက်ပြီး ရုံးချိန်းအား လာမည့်နိုဝင်ဘာလ ၂၉ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
ထို့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူ ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)မှ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကိုလည်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။
 

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။