Skip to main content
ဗင္းနစ္ၿမိဳ႕ ေရႀကီးမႈ အေရးေပၚ အေျခအေန ေၾကညာ 
Ads Block

ဗင္းနစ္ၿမိဳ႕ ေရႀကီးမႈ အေရးေပၚ အေျခအေန ေၾကညာ 

ခရစ္ယာန္ဘုရားေက်ာင္းေတြ၊ ေစ်းဆုိင္ေတြ၊ လူေနအိမ္ေတြ ေရျမဳပ္ကုန္ကာ ယူနက္စကုိ စာရင္း၀င္ ၿမိဳ႕ကုိ ပ်က္စီးဆုံးရႈံးမႈတန္ဖုိး ယူရုိသန္းခ်ီသြားေစခဲ့တဲ့ ထူးကဲဒီေရတက္မႈျဖစ္ေပၚၿပီးေနာက္ အီတလီအစုိးရက ၾကာသပေတးေန ့မွာ ဗင္းနစ္ၿမိဳ႕အတြက္ အေရးေပၚအေျခအေန ေၾကညာလုိက္ပါတယ္။ 

ဗင္းနစ္ၿမိဳ႕ ေရႀကီးမႈ အေရးေပၚ အေျခအေန ေၾကညာ 


အေရးေပၚအေျခအေန ထုတ္ျပန္ခ်က္ကုိ ၀န္ႀကီးခ်ဳပ္ ဂူဆက္ပီ ကြန္တီက ေထာက္ခံအတည္ျပဳေပးခဲ့ၿပီး အဂၤါေန ့က စတင္ခဲ့တဲ့ ေရလႊမ္းမုိးမႈေၾကာင့္ အတိဒုကၡေရာက္ေနတဲ့ၿမိဳ႕မွာ အေရးႀကီးဆုံး ေျဖရွင္းေဆာင္ရြက္ ေပးရမယ့္ ကိစၥေတြအတြက္ ရန္ပုံေငြ ယူရုိ သန္း ၂၀ (ကန္ေဒၚလာ ၂၂ သန္း) ခ်က္ခ်င္းထုတ္ေပးဖုိ ့ ညႊန္ၾကား ခဲ့ပါတယ္။ 
အေရးေပၚ အေျခအေန ထုတ္ျပန္ထားတယ္ဆုိေသာ္ျငား ကမာၻလွည့္ခရီးသြားေတြကေတာ့ ေရလႊမ္းေနတဲ့  စိန္႕မာ့ခ္ ရင္ျပင္ တ၀ုိက္ နီယြန္ပလပ္စတစ္ ဘြတ္ဖိနပ္ေတြ သြားလာလႈပ္ရွားေနၾကၿပီး ဆဲလ္ဖီ တဖ်တ္ဖ်တ္ရုိက္မပ်က္ရွိေနၾကကာ ဒီေရေတြျမင့္တက္ေစခဲ့တဲ့ ရာသီဥတုဆုိး၀ါးမႈေၾကာင့္ လုပ္ငန္းေဆာင္တာ ေတြ ရပ္ဆုိင္းေနတဲ့ အခ်ိန္ကာလတစ္ခုကုိ အက်ဳိးရွိရွိ အသုံးခ်ေနခဲ့ပါတယ္။ 

ဗင္းနစ္ၿမိဳ႕ ေရႀကီးမႈ အေရးေပၚ အေျခအေန ေၾကညာ 


ၾကာသပေတးေန ့ အေစာပုိင္းက တူးေျမာင္းၿမိဳ႕ေတာ္ တ၀န္းမွာ ေရတက္လာတဲ့ သတိေပးဥၾသသံေတြ ထုတ္လႊင့္ခဲ့ေပမယ့္ ႏွစ္ ၅၀ အတြင္း အျမင့္ဆုံးေရတက္မႈျဖစ္ခဲ့တဲ့ အဂၤါေန ့က ဒီေရထက္စာရင္ ေရအမွတ္ နိမ့္က်ေနခဲ့ၿပီျဖစ္ပါတယ္။ 
ယခု ေရလႊမ္းမုိးမႈဟာ မိမိတုိ ့ႏုိင္ငံရဲ႕ ႏွလုံးသည္းပြတ္ေနရာအတြက္ ထုိးႏွက္မႈတစ္ခုျဖစ္ေၾကာင္း ကြန္တီက ေျပာဆုိခဲ့ၿပီး ဗင္းနစ္ၿမိဳ႕ေတာ္၀န္နဲ႕ အေရးေပၚဌာနေတြဟာလည္း ဒီေရတက္မႈဒဏ္ခံခဲ့ရတဲ့ လုပ္ငန္းဌာနေတြနဲ႕ ေဒသေတြတ၀န္း စပိဒ္ဘုတ္ေတြစီးကာ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၾကပါတယ္။ ၿမိဳ႕မွာရွိတဲ့ ျပတုိက္မ်ားစြာ ၾကာသပေတးေန ့အထိ ပိတ္ထားရဆဲျဖစ္ပါတယ္။ ေရေတြ၀င္ေရာက္ေနခဲ့တဲ့ St Mark’s Basilica တုိ ့လုိ ဗင္းနစ္ရဲ႕ ယဥ္ေက်းမႈဆုိင္ရာ အဖုိးတန္ေနရာေတြရဲ႕ ပ်က္ဆီးထိခုိက္မႈ ပမာဏကုိ အာဏာပုိင္ေတြ စစ္ေဆး သုံးသပ္ေနခဲ့ပါတယ္။ 
အဂၤါေန ့က တက္ေရပမာဏဟာ ၿမိဳ႕ရဲ႕ ၈၀ ရာခုိင္ႏႈန္းေလာက္ကုိ ေရလႊမ္းေစခဲ့တာျဖစ္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ ယင္းသုိ ့ စံခ်ိန္တင္ ေရတက္ပုံမ်ဳိး ၁၉၂၃ ခုႏွစ္ေနာက္ပုိင္း တစ္ႀကိမ္သာ ျဖစ္ခဲ့ဖူးၿပီး ၁၉၆၆ ခုႏွစ္က ေရအျမင့္ ၁.၉၄ မီတာ (၆ ေပေက်ာ္) အထိ တက္ခဲ့ဖူးတာျဖစ္ပါတယ္။ 
ဗင္းနစ္ၿမိဳ႕ေတာ္၀န္ အပါအ၀င္ တာ၀န္ရွိသူမ်ားစြာက ေရလႊမ္းမုိးမႈျဖစ္ရတာဟာ ကမာၻလုံးဆုိင္ရာ ပူေႏြးမႈျဖစ္စဥ္ေၾကာင့္ ျဖစ္ရေၾကာင္း အျပစ္ဆုိခဲ့ၿပီး သဘာ၀ေဘးဒဏ္ေတြ ခံရမႈမ်ားတဲ့ အီတလီႏုိင္ငံအေနနဲ႕ ပုိမုိဆုိး၀ါးျပင္းထန္လာတဲ့ ရာသီဥတုေတြရဲ႕ အႏၱရာယ္ကုိ ရင္ဆုိင္ႏုိင္ဖုိ ့ ႏုိးၾကားသတိရွိရေတာ့မွာျဖစ္တယ္လုိ ့ သတိေပးခဲ့ၾကပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version 

 

ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဈေးဆိုင်တွေ၊ လူနေအိမ်တွေ ရေမြုပ်ကုန်ကာ ယူနက်စကို စာရင်းဝင် မြို့ကို ပျက်စီးဆုံးရှုံးမှုတန်ဖိုး ယူရိုသန်းချီသွားစေခဲ့တဲ့ ထူးကဲဒီရေတက်မှုဖြစ်ပေါ်ပြီးနောက် အီတလီအစိုးရက ကြာသပတေးနေ့မှာ ဗင်းနစ်မြို့အတွက် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ 
အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက ထောက်ခံအတည်ပြုပေးခဲ့ပြီး အင်္ဂါနေ့က စတင်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် အတိဒုက္ခရောက်နေတဲ့မြို့မှာ အရေးကြီးဆုံး ဖြေရှင်းဆောင်ရွက် ပေးရမယ့် ကိစ္စတွေအတွက် ရန်ပုံငွေ ယူရို သန်း ၂၀ (ကန်ဒေါ်လာ ၂၂ သန်း) ချက်ချင်းထုတ်ပေးဖို့ ညွှန်ကြား ခဲ့ပါတယ်။ 
အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတယ်ဆိုသော်ငြား ကမ္ဘာလှည့်ခရီးသွားတွေကတော့ ရေလွှမ်းနေတဲ့  စိန့်မာ့ခ် ရင်ပြင် တဝိုက် နီယွန်ပလပ်စတစ် ဘွတ်ဖိနပ်တွေ သွားလာလှုပ်ရှားနေကြပြီး ဆဲလ်ဖီ တဖျတ်ဖျတ်ရိုက်မပျက်ရှိနေကြကာ ဒီရေတွေမြင့်တက်စေခဲ့တဲ့ ရာသီဥတုဆိုးဝါးမှုကြောင့် လုပ်ငန်းဆောင်တာ တွေ ရပ်ဆိုင်းနေတဲ့ အချိန်ကာလတစ်ခုကို အကျိုးရှိရှိ အသုံးချနေခဲ့ပါတယ်။ 
ကြာသပတေးနေ့ အစောပိုင်းက တူးမြောင်းမြို့တော် တဝန်းမှာ ရေတက်လာတဲ့ သတိပေးဥသြသံတွေ ထုတ်လွှင့်ခဲ့ပေမယ့် နှစ် ၅၀ အတွင်း အမြင့်ဆုံးရေတက်မှုဖြစ်ခဲ့တဲ့ အင်္ဂါနေ့က ဒီရေထက်စာရင် ရေအမှတ် နိမ့်ကျနေခဲ့ပြီဖြစ်ပါတယ်။ 
ယခု ရေလွှမ်းမိုးမှုဟာ မိမိတို့နိုင်ငံရဲ့ နှလုံးသည်းပွတ်နေရာအတွက် ထိုးနှက်မှုတစ်ခုဖြစ်ကြောင်း ကွန်တီက ပြောဆိုခဲ့ပြီး ဗင်းနစ်မြို့တော်ဝန်နဲ့ အရေးပေါ်ဌာနတွေဟာလည်း ဒီရေတက်မှုဒဏ်ခံခဲ့ရတဲ့ လုပ်ငန်းဌာနတွေနဲ့ ဒေသတွေတဝန်း စပိဒ်ဘုတ်တွေစီးကာ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ မြို့မှာရှိတဲ့ ပြတိုက်များစွာ ကြာသပတေးနေ့အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။ ရေတွေဝင်ရောက်နေခဲ့တဲ့ St Mark’s Basilica တို့လို ဗင်းနစ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်နေရာတွေရဲ့ ပျက်ဆီးထိခိုက်မှု ပမာဏကို အာဏာပိုင်တွေ စစ်ဆေး သုံးသပ်နေခဲ့ပါတယ်။ 
အင်္ဂါနေ့က တက်ရေပမာဏဟာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ရေလွှမ်းစေခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ယင်းသို့ စံချိန်တင် ရေတက်ပုံမျိုး ၁၉၂၃ ခုနှစ်နောက်ပိုင်း တစ်ကြိမ်သာ ဖြစ်ခဲ့ဖူးပြီး ၁၉၆၆ ခုနှစ်က ရေအမြင့် ၁.၉၄ မီတာ (၆ ပေကျော်) အထိ တက်ခဲ့ဖူးတာဖြစ်ပါတယ်။ 
ဗင်းနစ်မြို့တော်ဝန် အပါအဝင် တာဝန်ရှိသူများစွာက ရေလွှမ်းမိုးမှုဖြစ်ရတာဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဖြစ်စဉ်ကြောင့် ဖြစ်ရကြောင်း အပြစ်ဆိုခဲ့ပြီး သဘာဝဘေးဒဏ်တွေ ခံရမှုများတဲ့ အီတလီနိုင်ငံအနေနဲ့ ပိုမိုဆိုးဝါးပြင်းထန်လာတဲ့ ရာသီဥတုတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ နိုးကြားသတိရှိရတော့မှာဖြစ်တယ်လို့ သတိပေးခဲ့ကြပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။