Skip to main content
Ads Block

ကမ္ဘာ့အကောင်းဆုံး ချန်ပီယံဖြစ်ချင်တယ်ဆိုတဲ့ အောင်လအန်ဆန်း (ရုပ်သံ)

 

Unicode version

“One Championship မှာဆိုရင် အကောင်းဆုံး ချန်ပီယံတစ်ယောက် ဖြစ်ချင်တယ်။ ကမ္ဘာမှာ အကောင်းဆုံး၊ အမြင့်ဆုံး မစ်ဒယ်လ်ဝိတ် ချန်ပီယံတစ်ယောက် ဖြစ်ချင်တယ်။ အဲဒီဟာအတွက် ရှေ့မှာ အလုပ်များများ ရှိပါသေးတယ်” လို့ MMA Fighter အောင်လအန်ဆန်းက နိုဝင်ဘာ ၁၄ရက် နံနက်က ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ 
အဲဒီနောက်မှာတော့ အောင်လအန်ဆန်းဟာ ပြည်ခရိုင်၊ ပေါင်းတည်မြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။