Skip to main content
တရုတ္က ၂၀၂၀ အဂၤါၿဂိဳဟ္ မစ္ရွင္အတြက္ ၿဂိဳဟ္ဆင္းယာဥ္ စမ္းသပ္မႈ ၿပီးေျမာက္ 
Ads Block

တရုတ္က ၂၀၂၀ အဂၤါၿဂိဳဟ္ မစ္ရွင္အတြက္ ၿဂိဳဟ္ဆင္းယာဥ္ စမ္းသပ္မႈ ၿပီးေျမာက္ 

 

၂၀၂၀ ျပည့္ႏွစ္မွာ ၿဂိဳဟ္နီးႀကီးသုိ ့ ေစလႊတ္မယ့္ ေပက်င္းရဲ႕ ပထမဆုံး အာကာသ မစ္ရွင္အတြက္ တရုတ္ႏုိင္ငံက ၾကာသာပေတးေန ့မွာ မားစ္ စူးစမ္းေလ့လာေရးယာဥ္ စမ္းသပ္မႈ ၿပီးေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ 
၂၀၂၂ ခုႏွစ္မွာ အာကာသယာဥ္မွဴးေတြ ထားရွိမယ့္ အာကာသစခန္းတစ္ခု ထူေထာင္ေရး ေမွ်ာ္မွန္းခ်က္နဲ႕အတူ တရုတ္စစ္တပ္က စီမံတဲ့ ယင္း အာကာသ ပရုိဂရမ္အတြက္ ေပက်င္းဟာ ေဒၚလာ ဘီလီယံမ်ားစြာ သုံးစြဲေနခဲ့တာျဖစ္ပါတယ္။ 
ၾကာသပေတးေန ့က ပ်ံသန္းျခင္းနဲ႕ အေႏွာင့္အယွက္ အတားအဆီး ေရွာင္ရွားျခင္းဆုိင္ရာ စမ္းသပ္မႈကုိ ႏုိင္ငံေျမာက္ပုိင္း ဟူေဘျပည္နယ္ ေဟြလုိင္မွာ ျပဳလုပ္ခဲ့ၿပီး မားစ္ၿဂိဳဟ္နဲ႕ သ႑ာန္တူ အေျခအေနေတြ ဖန္တီးထားတဲ့ အေဆာက္အအုံတစ္ခုမွာ စမ္းသပ္မႈလုပ္ခဲ့တာျဖစ္ပါတယ္။ 
ယခု စမ္းသပ္မႈဟာ တရုတ္ရဲ႕ မားစ္ဆင္းယာဥ္ စီမံကိန္းအတြက္ အေရးႀကီးတဲ့ အပုိင္း တစ္ခုျဖစ္ေၾကာင္း တရုတ္ အမ်ဳိးသား အာကာသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕(CNSA) ရဲ႕ ညႊန္ၾကားေရးမွဴး က်န္ေကက်င္းက ေျပာဆုိပါတယ္။ လက္ရွိမွာ လုပ္ေဆာင္ခ်က္အားလုံး ေခ်ာေမြ႕ေနေၾကာင္လည္း ထုတ္ျပန္ခ်က္မွာ ၄င္းက ေျပာဆုိခဲ့ပါတယ္။ 
တရုတ္ႏုိင္ငံဟာ လူလုိက္ပါတဲ့ လဆင္းယာဥ္ ေစလႊတ္ေရး ရည္ရြယ္ခ်က္ေတြနဲ႕အတူ အေမရိကန္ျပည္ေထာင္စုကုိ အမီလုိက္ကာ အာကာသ အင္အားႀကီးႏုိင္ငံတစ္ခုျဖစ္လာေရး တြန္းအားေပး ေဆာင္ရြက္လ်က္ရွိေနပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

Unicode Version 

 

၂၀၂၀ ပြည့်နှစ်မှာ ဂြိုဟ်နီးကြီးသို့ စေလွှတ်မယ့် ပေကျင်းရဲ့ ပထမဆုံး အာကာသ မစ်ရှင်အတွက် တရုတ်နိုင်ငံက ကြာသာပတေးနေ့မှာ မားစ် စူးစမ်းလေ့လာရေးယာဉ် စမ်းသပ်မှု ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ 
၂၀၂၂ ခုနှစ်မှာ အာကာသယာဉ်မှူးတွေ ထားရှိမယ့် အာကာသစခန်းတစ်ခု ထူထောင်ရေး မျှော်မှန်းချက်နဲ့အတူ တရုတ်စစ်တပ်က စီမံတဲ့ ယင်း အာကာသ ပရိုဂရမ်အတွက် ပေကျင်းဟာ ဒေါ်လာ ဘီလီယံများစွာ သုံးစွဲနေခဲ့တာဖြစ်ပါတယ်။ 
ကြာသပတေးနေ့က ပျံသန်းခြင်းနဲ့ အနှောင့်အယှက် အတားအဆီး ရှောင်ရှားခြင်းဆိုင်ရာ စမ်းသပ်မှုကို နိုင်ငံမြောက်ပိုင်း ဟူဘေပြည်နယ် ဟွေလိုင်မှာ ပြုလုပ်ခဲ့ပြီး မားစ်ဂြိုဟ်နဲ့ သဏ္ဍာန်တူ အခြေအနေတွေ ဖန်တီးထားတဲ့ အဆောက်အအုံတစ်ခုမှာ စမ်းသပ်မှုလုပ်ခဲ့တာဖြစ်ပါတယ်။ 
ယခု စမ်းသပ်မှုဟာ တရုတ်ရဲ့ မားစ်ဆင်းယာဉ် စီမံကိန်းအတွက် အရေးကြီးတဲ့ အပိုင်း တစ်ခုဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံအုပ်ချုပ်ရေးအဖွဲ့(CNSA) ရဲ့ ညွှန်ကြားရေးမှူး ကျန်ကေကျင်းက ပြောဆိုပါတယ်။ လက်ရှိမှာ လုပ်ဆောင်ချက်အားလုံး ချောမွေ့နေကြောင်လည်း ထုတ်ပြန်ချက်မှာ ၎င်းက ပြောဆိုခဲ့ပါတယ်။ 
တရုတ်နိုင်ငံဟာ လူလိုက်ပါတဲ့ လဆင်းယာဉ် စေလွှတ်ရေး ရည်ရွယ်ချက်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို အမီလိုက်ကာ အာကာသ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိနေပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။