Skip to main content
မီးခိုးျမဴမ်ား သိပ္သည္းစြာက်ဆင္း၍ နယူးေဒလီတြင္ စာသင္ေက်ာင္းမ်ားပိတ္ထားရ
Ads Block

မီးခိုးျမဴမ်ား သိပ္သည္းစြာက်ဆင္း၍ နယူးေဒလီတြင္ စာသင္ေက်ာင္းမ်ားပိတ္ထားရ

 

ၾကာသပေတးေန႔ေစာေစာပိုင္း အိႏၵိယႏိုင္ငံနယူးေဒလီျမိဳ႔ေတာ္တြင္ မီးခိုးျမဴမ်ားသိပ္သည္းစြာက်ဆင္းျပီး ေလထုအရည္အေသြးမွာ အႏၱရာယ္မကင္းေသာအဆင့္သို႔ ေရာက္ရွိေနေၾကာင္း ျမိဳ႔ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေၾကညာသည္။ ကေလးငယ္ေထာင္ေပါင္းမ်ားစြာတြင္ က်န္းမာေရးဆိုင္ရာ စိန္ေခၚမွဳႏွင့္ ရင္ဆိုင္ေနရျပီး အေရးေပၚၾကံဳ ေတြ႔ရသည့္ အေျခအေနအလိုက္ စာသင္ေက်ာင္းမ်ား ပိတ္ထားရသည္ဟု ဘဂၤလားအေျခစိုက္ bdnews24 ဒစ္ဂ်စ္တယ္ မီဒီယာက ယေန႔ေရးသားသည္။
ပတ္၀န္းက်င္ညစ္ညမ္းမွဳအဆင့္ ဆိုးရြားေနေသာ္လည္း နယူးေဒလီျမိဳ႔ေနအမ်ားစုမွာ က်န္းမာေရးဆိုင္ရာအႏၱရာယ္ကို လစ္လ်ဴရွဳလွ်က္ရွိေၾကာင္း တက္ၾကြလွဳပ္ရွားသူမ်ားက ေ၀ဖန္သည္။ ၀န္ၾကီးခ်ဳပ္ မိုဒီကိုယ္တိုင္ Twitter တြင္ မၾကာခဏ စာေရးသားလႊင့္တင္ေနေသာ္လည္း ထိုအၾကပ္အတည္းကို ေထာက္ျပျခင္း လံုး၀မရွိဟု စြပ္စြဲၾကသည္။
ၾကာသပေတးေန႔ နယူးေဒလီ၏ ေလထုညစ္ညမ္းမွဳ အညႊန္းကိန္းမွာ အမွတ္ ၅၀၀ စံႏွုန္းတြင္ ၄၇၂ မွတ္အထိ ဆိုးရြားစြာ က်ဆင္းခဲ့ေၾကာင္း အစိုးရပတ္၀န္းက်င္ညစ္ညမ္းမွဳေစာင့္ၾကည့္ေရးအဖြဲ႔ SAFAR က ေၾကညာသည္။ သံုးရက္ဆက္တိုက္ ေလထုအရည္အေသြး အႏၱရာယ္အဆင့္ေရာက္ရွိေနေၾကာင္း ေတြ႔ရွိရျပီးေနာက္ သဘာ၀ ပတ္၀န္းက်င္ ညစ္ညမ္းမွဳကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးအာဏာပိုင္အဖြဲ႔ ( EPCA ) က လြန္ခဲ့သည့္ ဗုဒၶဟူးေန႔မွစ၍ စာသင္ေက်ာင္းမ်ား ပိတ္ထားမိန္႔ထုတ္ျပန္ေပးရန္ တရားလႊတ္ေတာ္ခ်ဳပ္သို႔ စာခၽြန္ေပးပို႔သည္။
က်န္းမာေရးေဘးသင့္မွဳ အတိုင္းအတာမွာ ကေလးမ်ားအေပၚ ဆက္လက္တည္ရွိေနဆဲျဖစ္ျပီး ေနာက္ ၂ ရက္အတြင္း နယူးေဒလီႏွင့္ ျပည္နယ္အတြင္း အနီးတစ္၀ွိဳက္တြင္ ဆက္လက္ပိတ္ပစ္ရမည့္ ေက်ာင္းမ်ားစြာ က်န္ရွိ ေနေသး ေၾကာင္း EPCA က ေျပာဆိုသည္။

- Htay Oung ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကြာသပတေးနေ့စောစောပိုင်း အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်တွင် မီးခိုးမြူများသိပ်သည်းစွာကျဆင်းပြီး လေထုအရည်အသွေးမှာ အန္တရာယ်မကင်းသောအဆင့်သို့ ရောက်ရှိနေကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။ ကလေးငယ်ထောင်ပေါင်းများစွာတွင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး အရေးပေါ်ကြုံ တွေ့ရသည့် အခြေအနေအလိုက် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ် မီဒီယာက ယနေ့ရေးသားသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုအဆင့် ဆိုးရွားနေသော်လည်း နယူးဒေလီမြို့နေအများစုမှာ ကျန်းမာရေးဆိုင်ရာအန္တရာယ်ကို လစ်လျူရှုလျှက်ရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။ ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် Twitter တွင် မကြာခဏ စာရေးသားလွှင့်တင်နေသော်လည်း ထိုအကြပ်အတည်းကို ထောက်ပြခြင်း လုံးဝမရှိဟု စွပ်စွဲကြသည်။
ကြာသပတေးနေ့ နယူးဒေလီ၏ လေထုညစ်ညမ်းမှု အညွှန်းကိန်းမှာ အမှတ် ၅၀၀ စံနှုန်းတွင် ၄၇၂ မှတ်အထိ ဆိုးရွားစွာ ကျဆင်းခဲ့ကြောင်း အစိုးရပတ်ဝန်းကျင်ညစ်ညမ်းမှုစောင့်ကြည့်ရေးအဖွဲ့ SAFAR က ကြေညာသည်။ သုံးရက်ဆက်တိုက် လေထုအရည်အသွေး အန္တရာယ်အဆင့်ရောက်ရှိနေကြောင်း တွေ့ရှိရပြီးနောက် သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ ( EPCA ) က လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစ၍ စာသင်ကျောင်းများ ပိတ်ထားမိန့်ထုတ်ပြန်ပေးရန် တရားလွှတ်တော်ချုပ်သို့ စာချွန်ပေးပို့သည်။
ကျန်းမာရေးဘေးသင့်မှု အတိုင်းအတာမှာ ကလေးများအပေါ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး နောက် ၂ ရက်အတွင်း နယူးဒေလီနှင့် ပြည်နယ်အတွင်း အနီးတစ်ဝှိုက်တွင် ဆက်လက်ပိတ်ပစ်ရမည့် ကျောင်းများစွာ ကျန်ရှိ နေသေး ကြောင်း EPCA က ပြောဆိုသည်။

- Htay Oung ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။