Skip to main content
ေဘာလံုးအားကစားတိုးတက္ေရး အေျခခံပညာေက်ာင္းမ်ားတြင္ ၿပိဳင္ပြဲမ်ားက်င္းပရန္လိုအပ္
Ads Block

ေဘာလံုးအားကစားတိုးတက္ေရး အေျခခံပညာေက်ာင္းမ်ားတြင္ ၿပိဳင္ပြဲမ်ားက်င္းပရန္လိုအပ္

 

ျမန္မာ့ေဘာလံုးအားကစားတိုးတက္ရန္ ေဘာလံုးအဖြဲ႕ခ်ဳပ္တစ္ခုတည္အင္အားျဖင့္မလံုေလာက္ဘဲ အေျခခံပညာေက်ာင္းမ်ားတြင္လည္း ၿပိဳင္ပြဲမ်ားက်င္းပကာမ်ိဳးဆက္သစ္ကစားသမားေမြးထုတ္ရန္ လိုအပ္ေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာလိုက္သည္။

ေဘာလံုးအားကစားတိုးတက္ေရး အေျခခံပညာေက်ာင္းမ်ားတြင္ ၿပိဳင္ပြဲမ်ားက်င္းပရန္လိုအပ္


ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ ျမက္ခင္းတုကြင္းတြင္ ႏုိ၀င္ဘာလ(၁၃)ရက္ကက်င္းပသည့္ အေမရိကန္သံရုံးႏွင့္ ပူးေပါင္းျပဳလုပ္သည္ Community Champions Football Clinic ဖြင့္ပြဲအခမ္းအနားအၿပီးမီဒီယာမ်ား၏ ေမးျမန္းမႈကို အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို႔ေဘာလံုးတိုးတက္ဖို႔ဆိုတာကနည္းစနစ္ေကာင္းရမယ္။ အေျခခံေတြေကာင္းရမယ္။ လုပ္ေတာ့လုပ္ေနၾကတယ္။ စနစ္တက်ေလးနဲ႕လုပ္ေဆာင္ဖို႔ကလည္းလိုအပ္ပါမယ္။ အဲဒါက အဖြဲ႕ခ်ဳပ္တစ္ခုတည္းလုပ္လို႔မရပါဘူး။ အေျခခံပညာေက်ာင္းေတြမွာလည္းၿပိဳင္ပြဲေတြလုပ္ၿပီး မ်ိဳးဆက္သစ္ကစားသမားေတြကိုေမြးထုတ္ဖို႔လိုပါတယ္။ ဒီလိုေတြလုပ္ဖို႔ကိုလည္း ကၽြန္ေတာ္ ႏုိင္ငံေတာ္အႀကီးအကဲေတြနဲ႕ေတြ႕ရင္အၿမဲတမ္းတင္ျပပါတယ္။ ေတာင္းဆိုပါတယ္။”ဟု ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ေျပာသည္။
လက္ရွိတြင္ ျမန္မာတစ္ႏုိင္ငံလံုးအတိ္ုင္းအတာျဖင့္ အေျခခံပညာေက်ာင္းေပါင္း (၄)ေသာင္းေက်ာ္ရွိၿပီး အားကစားၿပိဳင္ပြဲမ်ားက်င္းပေပးမႈတို႔ ရွိေနေၾကာင္း သိရသည္။
ယင္းကိစၥရပ္ႏွင့္ပတ္သက္ၿပီးပညာေရးဌာနဘက္သို႕ အကုန္သိသတင္းဌာနဘက္မွ အႀကိမ္ႀကိမ္ဆက္သြယ္ေသာ္လည္းဖုန္းလက္ခံေျဖၾကားျခင္းမရွိခဲ့ေပ။
လက္ရွိတြင္ ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အေနျဖင့္ မ်ိဳးဆက္သစ္ကစားသမားမ်ားေမြးထုတ္မႈမ်ားအျဖစ္ ယူ-၁၂ၿပိဳင္ပြဲ၊ ယူ-၁၄ၿပိဳင္ပြဲမ်ားကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးၿပိဳင္ပြဲမ်ားအျဖစ္ ၂၀၁၆ ခုႏွစ္က စတင္က်င္းပေပးေနသည္။
ယင္းၿပိဳင္ပြဲမ်ားမွ ေျခစြမ္းေကာင္းေသာကစားသမားမ်ားကိုေရြးခ်ယ္ကာ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား ေဘာလံုးအကယ္ဒမီတြင္ ေလ့က်င့္သင္ၾကားေပးေနေၾကာင္း သိရသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာ့ဘောလုံးအားကစားတိုးတက်ရန် ဘောလုံးအဖွဲ့ချုပ်တစ်ခုတည်အင်အားဖြင့်မလုံလောက်ဘဲ အခြေခံပညာကျောင်းများတွင်လည်း ပြိုင်ပွဲများကျင်းပကာမျိုးဆက်သစ်ကစားသမားမွေးထုတ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောလိုက်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြက်ခင်းတုကွင်းတွင် နိုဝင်ဘာလ(၁၃)ရက်ကကျင်းပသည့် အမေရိကန်သံရုံးနှင့် ပူးပေါင်းပြုလုပ်သည် Community Champions Football Clinic ဖွင့်ပွဲအခမ်းအနားအပြီးမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဘောလုံးတိုးတက်ဖို့ဆိုတာကနည်းစနစ်ကောင်းရမယ်။ အခြေခံတွေကောင်းရမယ်။ လုပ်တော့လုပ်နေကြတယ်။ စနစ်တကျလေးနဲ့လုပ်ဆောင်ဖို့ကလည်းလိုအပ်ပါမယ်။ အဲဒါက အဖွဲ့ချုပ်တစ်ခုတည်းလုပ်လို့မရပါဘူး။ အခြေခံပညာကျောင်းတွေမှာလည်းပြိုင်ပွဲတွေလုပ်ပြီး မျိုးဆက်သစ်ကစားသမားတွေကိုမွေးထုတ်ဖို့လိုပါတယ်။ ဒီလိုတွေလုပ်ဖို့ကိုလည်း ကျွန်တော် နိုင်ငံတော်အကြီးအကဲတွေနဲ့တွေ့ရင်အမြဲတမ်းတင်ပြပါတယ်။ တောင်းဆိုပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း (၄)သောင်းကျော်ရှိပြီး အားကစားပြိုင်ပွဲများကျင်းပပေးမှုတို့ ရှိနေကြောင်း သိရသည်။
ယင်းကိစ္စရပ်နှင့်ပတ်သက်ပြီးပညာရေးဌာနဘက်သို့ အကုန်သိသတင်းဌာနဘက်မှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မျိုးဆက်သစ်ကစားသမားများမွေးထုတ်မှုများအဖြစ် ယူ-၁၂ပြိုင်ပွဲ၊ ယူ-၁၄ပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများအဖြစ် ၂၀၁၆ ခုနှစ်က စတင်ကျင်းပပေးနေသည်။
ယင်းပြိုင်ပွဲများမှ ခြေစွမ်းကောင်းသောကစားသမားများကိုရွေးချယ်ကာ ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံးအကယ်ဒမီတွင် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။