Skip to main content
ျပည္သူ႔ေငြျဖင့္ေဆာက္လုပ္ထားေသာအေဆာက္အဦတြင္ ပါတီဆုိင္းဘုတ္ႏွင့္အလံတုိင္မ်ားစုိက္ထူျခင္းမွာ တရားဝင္မႈရွိ/မရွိသိရွိလုိဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေမးခြန္းထုတ္ 
Ads Block

ျပည္သူ႔ေငြျဖင့္ေဆာက္လုပ္ထားေသာအေဆာက္အဦတြင္ ပါတီဆုိင္းဘုတ္ႏွင့္အလံတုိင္မ်ားစုိက္ထူျခင္းမွာ တရားဝင္မႈရွိ/မရွိသိရွိလုိဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေမးခြန္းထုတ္ 

ေက်းလက္ျပည္သူမ်ားပိုင္ဆုိင္သည့္အေဆာက္အဦတြင္ ပါတီဆုိင္းဘုတ္ေထာင္ျခင္းႏွင့္ အလံေထာင္ထားျခင္းမွာ တရားဝင္မႈရွိ/မရွိသိရွိလုိေၾကာင္း လွည္းကူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းတန္က ေမးျမန္းလုိက္သည္။
ႏုိဝင္ဘာလ ၁၄ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး၊ စတုတၳေန႔အစီအစဥ္တြင္ ေမးျမန္းလိုက္ျခင္းျဖစ္သည္။

ျပည္သူ႔ေငြျဖင့္ေဆာက္လုပ္ထားေသာအေဆာက္အဦတြင္ ပါတီဆုိင္းဘုတ္ႏွင့္အလံတုိင္မ်ားစုိက္ထူျခင္းမွာ တရားဝင္မႈရွိ/မရွိသိရွိလုိဟု လႊတ္ေတာ္ကိုယ္စားလွယ္ ေမးခြန္းထုတ္ 


 “ေဖာင္ႀကီးေဒသေက်းလက္ဆက္သြယ္ေရးလုပ္ငန္းဟာ ၂၀၀၆ ခုႏွစ္မွာရပ္ဆုိင္းသြားပါတယ္။ ကြန္ပ်ဴတာနဲ႔ ဆက္စပ္ပစၥည္းေတြလည္းမရွိပါဘူး။ ITU ေထာက္ပ့ံေပးထားတဲ့ ကြန္ပ်ဴတာနဲ႔ ဆက္စပ္ပစၥည္းဆက္သြယ္ေရး ဝန္ႀကီးဌာနက သိမ္းထားပါသလား။ ေပ်ာက္ဆံုးသြားၿပီလား။ ဒီအျပင္ ေက်းရြာပိုင္ေျမေပၚမွာ ေက်းရြာျပည္သူလူထုေငြနဲ႔ေဆာက္လုပ္ထားတဲ့အေဆာက္အဦမွာ ပါတီဆုိင္းဘုတ္နဲ႔ အလံတုိင္မ်ား စုိက္ထူထားျခင္းက တရားဝင္မႈရွိ/မရွိသိရွိလုိပါတယ္” ဟု လွည္းကူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းတန္က ေျပာသည္။
အဆုိပါေဖာင္ႀကီးေဒသတြင္ ေက်းလက္ေနအမ်ားျပည္သူမ်ားကို တယ္လီဖုန္းဆက္သြယ္ေရး ဝန္ေဆာင္မႈ၊ အီေမးလ္၊အင္တာနက္၊ ကြန္ပ်ဴတာသင္တန္း၊ စာစီစာရုိက္၊ မိတၱဴ၊ ဓာတ္ပံုရုိက္ကူးျခင္းသင္တန္း၊ သင့္တင့္ေသာေစ်းႏႈန္းျဖင့္ဝန္ေဆာင္မႈေပးႏုိင္ရန္ ၿပီးခဲ့ေသာ ၂၀၀၄ ခုႏွစ္က ITU ကအေမရိကန္ေဒၚလာ ၂၇၄၀၀၀ ေက်ာ္တန္ဖုိးရွိ ကြန္ပ်ဴတာႏွင့္ဆက္စပ္ပစၥည္း ၁၈ မ်ိဳးေထာက္ပံ့ေပးျခင္းျဖစ္ကာ ၂ ႏွစ္အၾကာတြင္ ေက်းလက္ဆက္သြယ္ေရး ဌာန (Multipurpose Community Telecentre) ၏လုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့ရေၾကာင္း သိရသည္။
“ICT ဖြင့္လွစ္ေဆာင္ရြက္ခဲ့တဲ့ေဖာင္ႀကီးေဒသရွိအေဆာက္အဦသည္ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ ပိုိင္ဆုိင္ျခင္းမရွိပါဘူး။ ဝန္ႀကီးဌာနရဲ႕ ပံုေသပိုင္ပစၥည္းစာရင္းတြင္ ပါဝင္ျခင္းမရွိတဲ့အတြက္ ICT အေဆာက္အဦကို ျပည္သူလူထုထံျပန္လည္အပ္ႏွံႏုိင္ေရးက သက္ဆုိင္ရာအဖြဲ႔အစည္းမ်ားနဲ႔ ေက်းရြာျပည္သူလူထုကသာစီစဥ္ေဆာင္ရြက္ႏုိင္မွာျဖစ္ပါတယ္ ”ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးသာဦးက ေျပာသည္။
ICT ဖြင့္ပြဲအခမ္းအနားတြင္ အေဆာက္အဦပိုင္ဆုိင္မႈ စာရြက္စာတမ္းမ်ား၊ ITU ကေထာက္ပ့ံေသာပစၥည္းမ်ားကုိ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးအသင္းသို႔ တာဝန္ယူႀကီးၾကပ္ႏုိင္ရန္လႊဲေျပာင္းေပးခဲ့ၿပီး အဆုိပါအသင္းမွ ဝန္ထမ္း ၅ ဦးျဖင့္စတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ ကြန္ပ်ဴတာႏွင့္ဆက္စပ္ပစၥည္းမ်ားမွာပ်က္စီးေနၿပီး အသံုးမျပဳႏိုင္ေတာ့သျဖင့္ အဆုိပါအေဆာက္အဦတြင္ သိမ္းဆည္းထားေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ကျေးလက်ပြည်သူများပိုင်ဆိုင်သည့်အဆောက်အဦတွင် ပါတီဆိုင်းဘုတ်ထောင်ခြင်းနှင့် အလံထောင်ထားခြင်းမှာ တရားဝင်မှုရှိ/မရှိသိရှိလိုကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က မေးမြန်းလိုက်သည်။
နိုဝင်ဘာလ ၁၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့အစီအစဉ်တွင် မေးမြန်းလိုက်ခြင်းဖြစ်သည်။
 “ဖောင်ကြီးဒေသကျေးလက်ဆက်သွယ်ရေးလုပ်ငန်းဟာ ၂၀၀၆ ခုနှစ်မှာရပ်ဆိုင်းသွားပါတယ်။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေလည်းမရှိပါဘူး။ ITU ထောက်ပံ့ပေးထားတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းဆက်သွယ်ရေး ဝန်ကြီးဌာနက သိမ်းထားပါသလား။ ပျောက်ဆုံးသွားပြီလား။ ဒီအပြင် ကျေးရွာပိုင်မြေပေါ်မှာ ကျေးရွာပြည်သူလူထုငွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦမှာ ပါတီဆိုင်းဘုတ်နဲ့ အလံတိုင်များ စိုက်ထူထားခြင်းက တရားဝင်မှုရှိ/မရှိသိရှိလိုပါတယ်” ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ပြောသည်။
အဆိုပါဖောင်ကြီးဒေသတွင် ကျေးလက်နေအများပြည်သူများကို တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု၊ အီမေးလ်၊အင်တာနက်၊ ကွန်ပျူတာသင်တန်း၊ စာစီစာရိုက်၊ မိတ္တူ၊ ဓာတ်ပုံရိုက်ကူးခြင်းသင်တန်း၊ သင့်တင့်သောဈေးနှုန်းဖြင့်ဝန်ဆောင်မှုပေးနိုင်ရန် ပြီးခဲ့သော ၂၀၀၄ ခုနှစ်က ITU ကအမေရိကန်ဒေါ်လာ ၂၇၄၀၀၀ ကျော်တန်ဖိုးရှိ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ၁၈ မျိုးထောက်ပံ့ပေးခြင်းဖြစ်ကာ ၂ နှစ်အကြာတွင် ကျေးလက်ဆက်သွယ်ရေး ဌာန (Multipurpose Community Telecentre) ၏လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
“ICT ဖွင့်လှစ်ဆောင်ရွက်ခဲ့တဲ့ဖောင်ကြီးဒေသရှိအဆောက်အဦသည် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပိုင်ဆိုင်ခြင်းမရှိပါဘူး။ ဝန်ကြီးဌာနရဲ့ ပုံသေပိုင်ပစ္စည်းစာရင်းတွင် ပါဝင်ခြင်းမရှိတဲ့အတွက် ICT အဆောက်အဦကို ပြည်သူလူထုထံပြန်လည်အပ်နှံနိုင်ရေးက သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ကျေးရွာပြည်သူလူထုကသာစီစဉ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးသာဦးက ပြောသည်။
ICT ဖွင့်ပွဲအခမ်းအနားတွင် အဆောက်အဦပိုင်ဆိုင်မှု စာရွက်စာတမ်းများ၊ ITU ကထောက်ပံ့သောပစ္စည်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသို့ တာဝန်ယူကြီးကြပ်နိုင်ရန်လွှဲပြောင်းပေးခဲ့ပြီး အဆိုပါအသင်းမှ ဝန်ထမ်း ၅ ဦးဖြင့်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများမှာပျက်စီးနေပြီး အသုံးမပြုနိုင်တော့သဖြင့် အဆိုပါအဆောက်အဦတွင် သိမ်းဆည်းထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။