Skip to main content
နမ့္ဖတ္ကာႏွင့္ကြတ္ခုိင္ၾကား၌ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ယာဥ္ေၾကာပိတ္ဆုိ႔ေန
Ads Block

နမ့္ဖတ္ကာႏွင့္ကြတ္ခုိင္ၾကား၌ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ယာဥ္ေၾကာပိတ္ဆုိ႔ေန

 

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိနမ့္ဖတ္ကာႏွင့္ ကြတ္ခုိင္ၿမိဳ႕နယ္အၾကားတြင္ တပ္မေတာ္ႏွင့္ လက္နက္ကုိင္ အဖြဲ႔အစည္းတုိ႔ထိေတြ႔မႈမ်ားေၾကာင့္ ယာဥ္ေၾကာပိတ္ဆုိ႔ေနေၾကာင္း ကြတ္ခုိင္အေျခစုိက္ လူမႈကူညီေရးအသင္းမွ သိရသည္။
အဆုိပါ ယာဥ္ေၾကာပိတ္ဆုိ႔မႈမ်ားႏွင့္ပတ္သက္ၿပီး ယေန႔(ႏုိ၀င္ဘာလ ၁၄ ရက္)၊ ေန႔လယ္ ၃ နာရီခြဲခန္႔၌ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းစဥ္ ယခုကဲ့သုိ႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဒီေန႔ေန႔လယ္ ၁၂ နာရီေက်ာ္ေလာက္မွာစပိတ္တယ္လုိ႔သိရတယ္။ နမ့္ဖတ္ကာနဲ႔ကြတ္ခုိင္ၾကားက ေက်ာက္ေတာင္ဘက္မွာပိတ္ေနတယ္လုိ႔သိရတယ္။ အခုခ်ိန္အထိေတာ့ ဟုိးနားတစ္ျဖတ္၊ ဒီနားတစ္ျဖတ္ ပိတ္ထားတုန္းပဲပုံမွန္သြားလုိ႔မရေသးဘူး။ ကြတ္ခုိင္ဘက္ကျဖစ္လုိက္၊ နမ့္ဖတ္ကာဘက္က ျဖစ္လုိက္ဆုိေတာ့ ဒီေန႔ပိတ္တာၾကာတယ္။ တခ်ိဳ႕လွည့္ျပန္တဲ့ကားေလးေတြ ရွိတယ္။ ပိတ္မိေနတဲ့ကားေတြလည္းရွိတဲ့အတြက္ အဲဒီအနားကေဒသခံလူမႈကူညီေရးအသင္းေတြက ထမင္းထုတ္ေတြလုိက္ေ၀ေပးခဲ့တယ္လုိ႔သိရတယ္”ဟု ကြတ္ခုိင္အေျခစုိက္ လူမႈကူညီေရးအသင္းမွ တာ၀န္ရွိသူ တစ္ဦးကေျပာသည္။
ထို႔အျပင္ ကြတ္ခိုင္ၿမိဳ႕နယ္၊ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ယေန႔(ႏိုဝင္ဘာလ ၁၄ ရက္)၊ နံနက္ပိုင္းက ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းႀကိဳကား ၁ စီးပစ္ခတ္ခံရ၍ ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ- ေဒသခံတစ္ဦး

Unicode Version 

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ့်ဖတ်ကာနှင့် ကွတ်ခိုင်မြို့နယ်အကြားတွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းတို့ထိတွေ့မှုများကြောင့် ယာဉ်ကြောပိတ်ဆို့နေကြောင်း ကွတ်ခိုင်အခြေစိုက် လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နေ့လယ် ၃ နာရီခွဲခန့်၌ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့နေ့လယ် ၁၂ နာရီကျော်လောက်မှာစပိတ်တယ်လို့သိရတယ်။ နမ့်ဖတ်ကာနဲ့ကွတ်ခိုင်ကြားက ကျောက်တောင်ဘက်မှာပိတ်နေတယ်လို့သိရတယ်။ အခုချိန်အထိတော့ ဟိုးနားတစ်ဖြတ်၊ ဒီနားတစ်ဖြတ် ပိတ်ထားတုန်းပဲပုံမှန်သွားလို့မရသေးဘူး။ ကွတ်ခိုင်ဘက်ကဖြစ်လိုက်၊ နမ့်ဖတ်ကာဘက်က ဖြစ်လိုက်ဆိုတော့ ဒီနေ့ပိတ်တာကြာတယ်။ တချို့လှည့်ပြန်တဲ့ကားလေးတွေ ရှိတယ်။ ပိတ်မိနေတဲ့ကားတွေလည်းရှိတဲ့အတွက် အဲဒီအနားကဒေသခံလူမှုကူညီရေးအသင်းတွေက ထမင်းထုတ်တွေလိုက်ဝေပေးခဲ့တယ်လို့သိရတယ်”ဟု ကွတ်ခိုင်အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နံနက်ပိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းကြိုကား ၁ စီးပစ်ခတ်ခံရ၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- ဒေသခံတစ်ဦး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။