Skip to main content
သိန္းတစ္ေထာင္ထီလက္မွတ္ကို ေရာင္းခ်သူက ထီထိုးသူထံမေပးဘဲရယူထားသျဖင့္ဟုဆိုကာ တရားစြဲဆိုမႈ ျဖစ္ပြား
Ads Block

သိန္းတစ္ေထာင္ထီလက္မွတ္ကို ေရာင္းခ်သူက ထီထိုးသူထံမေပးဘဲရယူထားသျဖင့္ဟုဆိုကာ တရားစြဲဆိုမႈ ျဖစ္ပြား


သိန္းတစ္ေထာင္ထီလက္မွတ္ကို ေရာင္းခ်သူက ထီထိုးသူထံမေပးဘဲရယူထားသျဖင့္ဟုဆိုကာ တရားစြဲဆိုမႈ စစ္ကိုင္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ၿပီးခဲ့သည့္ (၈) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္း ၁၅၀၀၀ ထီကို မႏၱေလးၿမိဳ႕မွ မဇင္ေမထြန္းဆိုသူသည္ သူငယ္ခ်င္းျဖစ္သူ ထီကိုယ္စားလွယ္ မစန္းအိခိုင္ထံ စက္တင္ဘာလ ၂၉ ရက္၌ အြန္လိုင္းမွတစ္ဆင့္ထိုးခဲ့ရာ ထီလက္မွတ္ကုန္ေနသျဖင့္ ယင္းသူငယ္ခ်င္းက ပင္ရင္းဆိုင္ျဖစ္သည့္ စစ္ကိုင္းၿမိဳ႕နယ္၊ ျမသိန္းတန္ေစတီ အနီးရွိ ေဒၚမို႔မို႔တင္ဆိုင္၏ထီဆိုင္သို႔ ဖုန္းျဖင့္ဆက္သြယ္မွာယူခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေအာက္တိုဘာလ ၁ ရက္၊ ထီထြက္ခ်ိန္၌ မဇင္ေမထြန္း ထိုးထားေသာ ထီလက္မွတ္မွ ကခ-၁၂၃၅၉၃ မွာ က်ပ္သိန္းတစ္ေထာင္ဆုေပါက္ခဲ့သည့္အတြက္ ေဒၚမို႔မို႔တင္ဆိုင္၏ထီဆိုင္ထံ ေပါက္မဲထီလက္မွတ္ေတာင္းခံခဲ့ရာ မေပးခဲ့သျဖင့္ ေအာက္တိုဘာလ ၇ ရက္တြင္ မဇင္ေမထြန္းက ေဒၚမို႔မို႔တင္ဆိုင္ႏွင့္ေဒၚမိမိတင္ဆိုင္တို႔ကို မင္းကြန္းနယ္ေျမရဲစခန္း၌ လိမ္လည္မႈပုဒ္မ-၄၂၀ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုဝင္ဘာလ ၁၃ ရက္၌ စစ္ကိုင္းခရိုင္တရားရုံး၌ တရားစြဲဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီကေလးမေလးက ကြ်န္ေတာ္နဲ႔မေတြ႔ခင္ကတည္းက မင္းကြန္းရဲစခန္းမွာ အမႈဖြင့္ၿပီးၿပီ။ ျပစ္မႈေၾကာင္းအရ ထီဆိုင္ပိုင္ရွင္ေတြကို လိမ္လည္မႈနဲ႔ အမႈဖြင့္ထားပါတယ္။ မေန႔ကေတာ့ ကြ်န္ေတာ္တို႔က ထီလက္မွတ္ပိုင္ရွင္အစစ္ဟာ မဇင္ေမထြန္းျဖစ္ေၾကာင္းနဲ႔ လိမ္လည္ထုတ္သြားတဲ့ ပိုက္ဆံသိန္းတစ္ေထာင္ရယ္၊ နစ္နာေၾကးသိန္းတစ္ေထာင္ရယ္ စုစုေပါင္းႏွစ္ေထာင္ရလိုမႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္” ဟု မဇင္ေမထြန္း၏ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ယင္းအမႈႏွင့္ပတ္သက္၍ လာမည့္ႏိုဝင္ဘာလ ၂၈ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version 


သိန်းတစ်ထောင်ထီလက်မှတ်ကို ရောင်းချသူက ထီထိုးသူထံမပေးဘဲရယူထားသဖြင့်ဟုဆိုကာ တရားစွဲဆိုမှု စစ်ကိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ပြီးခဲ့သည့် (၈) ကြိမ်မြောက် အောင်ဘာလေသိန်း ၁၅၀၀၀ ထီကို မန္တလေးမြို့မှ မဇင်မေထွန်းဆိုသူသည် သူငယ်ချင်းဖြစ်သူ ထီကိုယ်စားလှယ် မစန်းအိခိုင်ထံ စက်တင်ဘာလ ၂၉ ရက်၌ အွန်လိုင်းမှတစ်ဆင့်ထိုးခဲ့ရာ ထီလက်မှတ်ကုန်နေသဖြင့် ယင်းသူငယ်ချင်းက ပင်ရင်းဆိုင်ဖြစ်သည့် စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်စေတီ အနီးရှိ ဒေါ်မို့မို့တင်ဆိုင်၏ထီဆိုင်သို့ ဖုန်းဖြင့်ဆက်သွယ်မှာယူခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာလ ၁ ရက်၊ ထီထွက်ချိန်၌ မဇင်မေထွန်း ထိုးထားသော ထီလက်မှတ်မှ ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်းတစ်ထောင်ဆုပေါက်ခဲ့သည့်အတွက် ဒေါ်မို့မို့တင်ဆိုင်၏ထီဆိုင်ထံ ပေါက်မဲထီလက်မှတ်တောင်းခံခဲ့ရာ မပေးခဲ့သဖြင့် အောက်တိုဘာလ ၇ ရက်တွင် မဇင်မေထွန်းက ဒေါ်မို့မို့တင်ဆိုင်နှင့်ဒေါ်မိမိတင်ဆိုင်တို့ကို မင်းကွန်းနယ်မြေရဲစခန်း၌ လိမ်လည်မှုပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ ၁၃ ရက်၌ စစ်ကိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကလေးမလေးက ကျွန်တော်နဲ့မတွေ့ခင်ကတည်းက မင်းကွန်းရဲစခန်းမှာ အမှုဖွင့်ပြီးပြီ။ ပြစ်မှုကြောင်းအရ ထီဆိုင်ပိုင်ရှင်တွေကို လိမ်လည်မှုနဲ့ အမှုဖွင့်ထားပါတယ်။ မနေ့ကတော့ ကျွန်တော်တို့က ထီလက်မှတ်ပိုင်ရှင်အစစ်ဟာ မဇင်မေထွန်းဖြစ်ကြောင်းနဲ့ လိမ်လည်ထုတ်သွားတဲ့ ပိုက်ဆံသိန်းတစ်ထောင်ရယ်၊ နစ်နာကြေးသိန်းတစ်ထောင်ရယ် စုစုပေါင်းနှစ်ထောင်ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်” ဟု မဇင်မေထွန်း၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ လာမည့်နိုဝင်ဘာလ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။